You Are Here: Home» social , socialism » အိုဘားမားနှင့် တွေ့ခဲ့ရတဲ့နစ်ခ်ဂျိုနက်စ်

နစ်ခ်ဂျိုနက်စ်သည် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် တွေ့ဆုံခွင့်ရခဲ့ခြင်းကြောင့် အလွန်စိတ်လှုပ်ရှား ပျော်ရွှင်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ နစ်ခ်သည် ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်သို့ ဇွန်လ(၂၃)ရက်နေ့က သွားရောက်လည်ပတ်စဉ် သမ္မတကြီးနှင့် တွေ့ဆုံခွင့် ရခဲ့ခြင်းဖြစ်သည်။ ဂျိုနက်စ်ညီအစ်ကိုများအဖွဲ့ (Jonas Brothers)မှ အသက်(၁၆)နှစ်အရွယ် အဖွဲ့ဝင်သည် ထိုနေ့မတိုင်မီ တစ်ရက်ကလည်း အိုဘားမား၏ သမီးနှစ်ဦးဖြစ်သော ဆာရှာ၊ မာလီယာတို့နှင့် တွေ့ဆုံခွင့် ရခဲ့သည်။ ၎င်းသည် ယခုတစ်ကြိမ်တွင် သမ္မတကြီး မိသားစုနှင့် ပထမဆုံး နီးနီးကပ်ကပ် ဆုံခွင့်ရခြင်းဖြစ်ကြောင်း နစ်ခ်က ၀န်ခံခဲ့သည်။ နစ်ခ်အနေနှင့် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ခွင့် ရရှိပြီးနောက် လုံခြုံရေးအရ အထပ်ထပ် စစ်ဆေးခံခဲ့ရကြောင်းလည်း ပြောပြခဲ့သည်။ အိမ်ဖြူတော်၏ ပြုလုပ်မြဲအစီအစဉ်အရ ကလေးငယ်လေးများအား သမ္မတက အချိန်ပေး တွေ့ဆုံမှုတွင် လာရောက်ပူးပေါင်းပါရန် နစ်ခ်အား ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ကလေးများသည် နစ်ခ်ကိုတွေ့ရှိချိန်တွင် “နစ်ခ်ဂျိုနက်စ်ကိုတွေ့ပြီ။ ဟိုမှာ၊ ဟိုမှာ”ဟုဆိုကာ ၎င်းထံပြေးသွားကြောင်း အိမ်ဖြူတော်မှ ၀န်ထမ်းတစ်ဦးကဆိုသည်။ “တကယ်ကောင်းတဲ့ အတွေ့အကြုံပါပဲ။ အိမ်ဖြူတော်ရဲ့ ခမ်းနားတဲ့ အပြင်အဆင်တွေကိုလည်း တွေ့ခဲ့ရတယ်။ ကျွန်တော့်ကို အရမ်းအားပေးတဲ့ ကလေးတွေနဲ့လည်း တွေ့ခဲ့ရတယ်။ ပျော်ဖို့ကောင်းတယ်”ဟု နစ်ခ်က Peopleမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ “သမ္မတကြီးက ကျွန်တော့်ဆီလာပြီး တွေ့ရတာ ၀မ်းသာတဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း သူနဲ့တွေ့ရတာ ဂုဏ်ယူတဲ့အကြောင်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်ပါတယ်။ အဲဒီအချိန်တုန်းက ဘေးမှာ ကလေးတွေ အယောက်(၁၀၀)လောက် ရှိတယ်ဗျ”ဟုလည်း နစ်ခ်ကဆိုသည်။ အိမ်ဖြူတော်သို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် နစ်ခ်နှင့်အတူ အခြားဂျိုနက်စ်အဖွဲ့ဝင်နှစ်ဦး လိုက်ပါခဲ့ခြင်း မရှိဟု သိရသည်။ ဇွန်လ(၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် နစ်ခ်သည် နာမည်ကျော် ကက်ပီတိုလ် အဆောက်အအုံကြီးသို့လည်း လည်ပတ်ခွင့်ရခဲ့ကြောင်း Peopleမဂ္ဂဇင်းက ဖော်ပြထားသည်။

Source : Planet
Tags: social , socialism

0 comments

Leave a Reply