(နယူးယောက်) မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ကင်တားနားက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရ လိုက်နာသင့်တဲ့ အချက်လေးချက်ကို ပြောဆိုလိုက်ပါတယ်။ ဥပေဒတွေပြင်ဆင်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့နဲ့ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်ကို တည်ဆောက်ဖို့တို့ ဖြစ်ပါတယ်။
(မယ်ဟောင်ဆောင်) ပြင်သစ်လူ့အခွင့်အရေးဝန်ကြီး မစ္စယာမာယဒီဟာ မယ်ဟောင်ဆောင်၊ နန်းဆွယ်ရှိ ကရင်နီဒုက္ခသည်များထံ လာရောက်လည်ပတ် ကြည့်ရှုပါတယ်။
မတ်လ - ၁၆
(ဂျကာတာ) ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ အင်ဒိုနီးရှားက သမ္မတ ယူဒိုယိုနိုနဲ့ တွေ့ဆုံပါတယ်။
(လန်ဒန်) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောက္ခမ ဗီလန်ကော့တ်ဟာ လန်ဒန်မှာ ကွယ်လွန်သွားပါတယ်။
(ရန်ကုန်) တောင်ဒဂုံမြို့နယ်မှ NLD အဖွဲ့ဝင်ဟောင်း လေဖြတ်နေတဲ့ ဦးကြည်လွင်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးသွားပါတယ်။
မတ်လ - ၁၇
(မြောက်ကိုရီးယား) မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ်နားမှာ အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး သတင်းထောက် အမျိုးသမီး ၂ ဦးကို မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ပါတယ်။ အမေရိကန်က ဒီကိစ္စကို လိုက်လံဆောင်ရွက်နေပါတယ်။
မတ်လ - ၁၈
(စင်္ကာပူ) စင်္ကာပူက သစ်ခွတစ်မျိုးကို အလည်အပတ်ရောက်နေတဲ့ မြန်မာဝန်ကြီးချုပ်သိန်းစိန်နာမည် မှည့်ခေါ်မယ် ဆိုတဲ့အတွက် စင်္ကာပူ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကန့်ကွက်လိုက်ပါတယ်။ စင်္ကာပူကတော့ ဒါမျိုးက လုပ်နေကျလို့ ဆိုပါတယ်။
စင်္ကာပူဝန်ကြီးချုပ်က မြန်မာစစ်အစိုးရကို အတိုက်အခံတွေနဲ့သင့်မြတ်ဖို့ အနောက်နိုင်ငံတွေနဲ့ ရင်းနှီးဖို့ တိုက်တွန်းလိုက်ပါတယ်။
(ဘန်ကောက်) ဘန်ကောက် အလုပ်သင် ကုမ္ပဏီတစ်ခုမှာ သင်တန်းတက်နေတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက် စစ်ဆေး ဖမ်းဆီးလိုက်ပါတယ်။
(ရန်ကုန်) မြန်မာ နေရှင်နယ်လိ(ဂ်) ဘောလုံးပွဲတွေ မေလမှာ စတင်မယ်လို့ မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။
မတ်လ -၁၉
(နေပြည်တော်) မြန်မာစစ်အစိုးရက စစ်သားတွေကို လစာတိုးပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မတ်လ -၂၀
(ရန်ကုန်) နှစ်ရှည် အကျဉ်းကျခံနေရတဲ့ လူရွှင်တော် ဇာဂနာရဲ့ မိခင် စာရေးဆရာမဒေါ်ကြည်ဦးဟာ ရန်ကုန်က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။၂၁ မတ်
(ရန်ကုန်) နာဂစ်မုန်တိုင်းတုန်းက သမီးလှကျွန်းမှာ သောင်တင်ခဲ့တဲ့ ဂျပန်သင်္ဘောတစ်စင်းကို ပိုင်ရှင်က စွန့်လွှတ်တဲ့အတွက် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက ရရှိသွားပါတယ်။
(တွံတေး) တွံတေးမြို့နယ်ထဲက ဇီးဖြူကုန်းရွာသား ၂၀ ခန့်ဟာ လူမှုကယ်ဆယ်ရေးအကုအညီတွေမှာ မတရားမှုတွေ ရှိတာကြောင့် တွံ့တေးမြို့က ကြက်ခြေနီရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။
မတ်လ -၂၂
(ဘန်ကောက်) ခွန်ဆာနဲ့ ပတ်သက်ဖူးတဲ့ မူးယစ်ဆေး ရောင်းဝယ်သူ သုံးဦးကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်နဲ့ ဘန်ကောက်တို့မှာ ဖမ်းဆီးလိုက်ပါတယ်။
မတ်လ -၂၃
(ရန်ကုန်) မြန်မာနိုင်ငံရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လက်နက်ကိုင်နေဆဲ တိုင်းရင်းသားများ အရေးမှာ ထိုင်းရဲ့ အကူအညီလိုအပ်တယ်လို့ ပြောကြောင်း ထုတ်ဖော်ပြေားကြားပါတယ်။
(ရန်ကုန်) နာဂစ် ဘေးဒုက္ခသည်များ ကူညီသူ သုံးဦးကို ထောင်ဒဏ်သုံးနှစ်စီ ချလိုက်ပါတယ်။ မတရားအသင်းဖွဲ့စည်းမှုကို ကူညီလို့လို့ ပုဒ်မတပ်ထားပါတယ်။
(ဘန်ကောက်) ခေတ်ပြိုင် ပုံနှိပ်ဂျာနယ် ထုတ်ဝေမှုကို နားထားမယ်လို့ ခေတ်ပြိုင်က ကြေညာပါတယ်။ အွန်လိုင်း သတင်းတွေတော့ ဆက်တင်နေမယ်လို့ ဆိုပါတယ်။
(အိန္ဒိယ) ဒေါ်လာ ၂၀၀၀ လောက်ပဲ ကျသင့်မယ့် ဈေးအသက်သာဆုံး တာတာနာနိုကားကို အိန္ဒိယရှိ တာတာ လုပ်ငန်းစုက ထုတ်လုပ်လိုက်ပါတယ်။
မတ်လ -၂၄
(ဝါရှင်တန်) ကုလသမဂ္ဂလက်အောက်ရှိ တရားလက်လွတ် ဖမ်းဆီးမှုများဆိုင်ရာ လုပ်ငန်းအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထားတာဟာ ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်နေတာလို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။
မတ်လ -၂၅
(ရန်ကုန်) အင်တာနက် ရေအောက်ဆက်သွယ်ရေးလမ်းကြောင်းကို ပြင်မှာ ဖြစ်တဲ့အတွင် အင်တာနက်လိုင်းတွေ တစ်ပတ်လောက် ပြတ်တောက်မယ်လို့ မြန်မာတယ်လီပို့က အင်တာနက်သုံးစွဲသူတွေကို ဝက်ဘ်ပေ့ခ်ျကတဆင့် အကြောင်းကြားပါတယ်။ ပြည်တွင်းအင်တာနက် သုံးစွဲသူတွေကတော့ သူတို့လုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြောင်း ပြောကြပါတယ်။
(ယူနန်) စစ်အစိုးရအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ပထမဆုံး ထူးထူးခြားခြားဝေဖန်တာကို ယူနန် ရုပ်သံလှိုင်းက ထုတ်လွှင့်သွားပါတယ်။
(ရန်ကုန်) အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှရေးရာ ညွှန်မှူး စတီဖင် ဘလိတ်ခ်က မြန်မာအစိုးရ အရာရှိတွေ၊ အတိုက်အခံပါတီတွေနဲ့ တွေ့ဆုံပါတယ်။ မြန်မာ-အမေရိကန် ဆက်ဆံရေးစာမျက်နှာသစ်လို့ လေ့လာသူတွေက ယူဆနေပါတယ်။
(ရန်ကုန်) စစ်ခေါင်းဆောင် ဦးသန်းရွှေကို ကမ္ဘာ့အဆိုးဆုံး အာဏာရှင် အဆင့် ၄ အဖြစ် Parade မဂ္ဂဇင်းက သတ်မှတ်ဖော်ပြလိုက်ပါတယ်။ ယမန်နှစ်က နံပတ် ၃ ချိတ်ပါတယ်။
(လငူး) ထိုင်းတောင်ပိုင်း ကျွန်းတစ်ခုအနီးမှာ ရွက်လှေစီး ဗြိတိသျှစုံတွဲအနက် အမျိုးသားဖြစ်သူကို သတ်ဖြတ် ပစ္စည်းလုယူတယ်လို့ မြန်မာ ငါးဖမ်းအလုပ်သမား လူငယ်သုံးဦး စွပ်စွဲခံရပါတယ်။
မတ်လ -၂၆
(ရန်ကုန်) တော်လှန်ရေးနေ့မတိုင်ခင်မှာ မြောက်ဥက္ကလာက တည်းခိုးခန်းတစ်ခုမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ တစ်ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ သတင်းတချို့က ဆိုပါတယ်။ အစိုးရသတင်းစာကတော့ တစုံတရာ ရေးသားခြင်း မရှိပါဘူး။
(ချင်းမိုင်) ကနေဒါအခြေစိုက် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်က အသရေဖျက်မှုနဲ့ ချင်းမိုင် အခြေစိုက် ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲမယ်လို့ ဆိုပါတယ်။ ဘိန်းကုန်ကူးမှုနဲ့ ငွေမည်းခဝါချမှုတွေမှာ ပတ်သက်လို့ သတင်းရေးသားချက်တွေကြောင့် တရားစွဲမှာ ဖြစ်ပါတယ်။
မတ်လ -၂၇
(တိုကျို) မြောက်ကိုရီးယားက ပစ်လွှတ်မယ့် ဒုံးပျံရဲ့ အစိတ်အပိုင်းတချို့ဟာ ဂျပန်ပိုင်နက်အပေါ်ကျရောက်နိုင်တာမို့ လိုအပ်ရင် ပစ်ချမှာဖြစ်တယ်လို့ ဂျပန်က ကြေညာလိုက်ပါတယ်။
(ဘန်ကောက်) သက်ဆင်ကို ထောက်ခံသူ အင်္ကျီအနီဝတ်တွေက လက်ရှိ အဖီဆစ် အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်ဆောင်ပါတယ်။ ပညာတတ်အသိုင်းအဝိုင်းနဲ့ ဘန်ကောက်မြို့ခံတွေရဲ့ အားပေးမှု သိပ်မရတာကြောင့် ဆန္ဒပြပွဲတွေ သက်ဆိုးမရှည်နိုင်ဘူးလို့ အကဲဖြတ်နေကြပါတယ်။
မတ်လ -၂၈
(မကွေး) တရားဟောပြောခွင့်တွေကို ပိတ်ပင်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ သံဃာ့အာဏာပိုင်အဖွဲ့သည် တောင်းဆိုဖို့ ရဟန်သံဃာတွေက ထောက်ခံချက် လက်မှတ်တွေ စုဆောင်းနေပါတယ်။
မတ်လ -၂၉
(ဘန်ကောက်) ဘန်ကောက်တွင် ကျင်းပသော Iron Cross ၏ ပထမဆုံး သီဆိုဖျော်ဖြေပွဲမှာ လာရောက်ကြည့်ရှုတဲ့ တရားမဝင် မြန်မာအလုပ်သမားတွေကို ထိုင်းအစိုးရက ရာနဲ့ချီပြီး ဖမ်းဆီးလိုက်ပါတယ်။ ပွဲစတင်ချိန် နောက်ကျခဲ့ရပြီး၊ စောစောသိမ်းဖို့လည်း တားမြစ်ခံရတယ်လို့ ပွဲကြည့်သူတွေက ပြောပါတယ်။
(ရန်ကုန်) အင်တာနက်နဲ့ ဘလော့ဂ်တွေမှာ ပျံ့နှံ့နေတဲ့ နိုင်ငံရေးသုံးသပ်ချက် စာတမ်းဟာ သူရေးတာ မဟုတ်ဘူလို့ စာရေးဆရာကျော်ဝင်းက ပြည်တွင်းဂျာနယ် တစ်စောင်ကနေ ထုတ်ဖော်ဖြေရှင်းလိုက်ပါတယ်။
(ဖုတ်ဖရ) မဲဆောက် တောင်ဘက် ဖုတ်ဖရမြို့နယ်ထဲက မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးငယ်တွေ အတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းကို ထိုင်းအာဏာပိုင်တွေက ဖျက်ဆီးလိုက်ပါတယ်။ စာသင်ကျောင်းဖျက်ဆီးခံရတာ ဒါ ပထမအကြိမ်လို့ ဆိုပါတယ်။
(ကွာလာလမ်ပူ) လူမျိုးရေးခွဲခြားမှုနဲ့ တရားစီရင်ရေးမှာ ပြစ်တင်ဝေဖန်မှုတွေ ခံနေရတဲ့ မလေးရှားဝန်ကြီးချုပ် အာမက် ဘာဒါဝီက သူရှေ့လမှ ရာထူးက နုတ်ထွက်မှာ ဖြစ်တယ်လို့ ကြေညာပါတယ်။
မတ်လ -၃၀
(လာဟိုး) ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရဲသင်တန်းကျောင်းတစ်ခုကို သေနတ်ကိုင် အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်ကြရာမှာ သေနတ်သမား ၄ ယောက်သေပြီး ၃ ယောက်ကို ဖမ်းဆီးရမိပါတယ်။ ရဲအရာရှိလောက် ၈ ယောက်သေပြီး လူ ၉၀ လောက် ဒဏ်ရာရပါတယ်။ စီးနင်းတိုက်ခိုက်မှုဟာ ၈ နာရီ ကြာမြင့်ခဲ့ပါတယ်။
(ဘင်္ဂလားဒေ့ရှ်) မြန်မာနဲ့ ဘင်္ဂလားဒေ့ရှိနယ်စပ်တလျောက် မြန်မာဘက်က သံဆူးကြိုးကာတာနဲ့ ပတ်သက်ပြီး ဒါကာမြို့မှာ ရှိတဲ့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှိက ခေါ်ယူမေးမြန်းပါတယ်။
(အိန္ဒိယ) အိန္ဒိယအခြေစိုက် ဒလိုင်းလားမားရဲ့ ကွန်ပြူတာထဲက အချက်အလက်တွေ ခိုးယူခံရတာကို ကနေဒါက စုံစမ်းပေးရင်း တရုတ်ဟာ နိုင်ငံပေါင်း ၁၀၀ ကျော်က ကွန်ပြူတာတွေကို အင်တာနက်ကတဆင့် ထိုးဖောက်ဝင်ရောက်တယ်လို့ စွပ်စွဲချက် ထွက်လာပါတယ်။
(ရန်ကုန်) ကရင်ခွဲထွက်အဖွဲ့တွေက ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသွားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။
(ဘန်ကောက်) ပြည်တွင်းဘောလုံးအသင်းတွေမှာ ငွေကြေးအရှုပ်အရှင်းတွေ ပေါ်ပေါက်နေပြီလို့ ခေတ်ပြိုင်သတင်းဌာနက ဖော်ထုတ်ရေးသားပါတယ်။
(ထိုင်း-မြန်မာနယ်စပ်) ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဟာ ၁၁ ကြိမ်း ပါတီ ကွန်ဂရက် ကျင်းပခဲ့ပါတယ်။ ၆ ရက်တာကျင်းပ ပြီးစီး အောင်မြင်ခဲ့ပါတယ်။
အခု ၁၁ ကြိမ်မြောက် ကေအဲန်ပီပီ ပါတီ ကွန်ဂရက် ရွေးကောက်ပွဲမှာ ပြောင်းမှု အချို့ ရှိခဲ့ပါတယ်။ ပါတီ ဗဟိုကော်မီတီဝင်တချို့ အပြောင်းအလဲရှိပြီး အရံပါတီ ဗဟိုကော်မီတီဝင် အားလုံးမှာ အောက်ခြေ လူသစ်တွေက တက်ရောက်နေရာယူပြီး ပညာတတ်လူငယ်အချို့ ပါဝင်ပါတယ်၊
ပါတီ ဥက္ကဌ ခူထဲဘူးဖဲ
ဒု ဥက္ကဌ ယိုရှိယာ
အတွင်းရေးမှူး ၁ ခူဦးရယ်
အတွင်းရေးမှူး ၂ အောင်ဆန်းမြင့်
မတ်လ -၃၁
(ရန်ကုန်၊ စင်္ကာပူ) ယခုလ အစောပိုင်းတွင် ကျန်းမာရေး ထိခိုက်နိုင်တဲ့ ဆိုးဆေးပါဝင်မှုကြောင့် လက်ဖက် ၃၄ မျိုးကို တားမြစ်ပြီးနောက်၊ ယခု နောက်ထပ် ၅၇ မျိုးကို ထပ်မံတားမြစ်လိုက်ရာ တားမြစ်ထားသည့် လက်ဖက် အမျိုးအစား ၁၀၀ ရှိသွားပြီဖြစ်ပါတယ်။ စင်္ကာပူသို့ တင်သွင်းနေတဲ့ လက်ဖက် အမျိုး ၂၀ ကိုလည်း စင်္ကာပူ အစိုးရက တားမြစ်လိုက်ပါတယ်။ မေးစရာရှိတာက စင်္ကာပူက ပိတ်ပင်လိုက်တဲ့ လက်ဖက်အမျိုးအစားတွေထဲမှာ မြန်မာပြည်က မပိတ်ပင်တဲ့ လက်ဖက်တွေ ပါနေတာပဲ ဖြစ်ပါတယ်။
(ရန်ကုန်) စားနပ်ရိက္ခာဖူလုံရေးအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့ရာမှာ မြန်မာနိုင်ငံက ယူရိုငွေ ၂၄ သန်းကျော် ရရှိမှာ ဖြစ်ပါတယ်။
ခက်ထန် - စုစည်းတင်ပြသည်
Source : ကန္တာရဝတီတိုင်း(မ်း)
0 comments