You Are Here: Home» economy , feature , oddnews , w-eco » “ကိုကာကိုလာ”ဖေါ်စပ်နည်း လျှို့ဝှက်ချက် ပေါ်ထွက်လာပြီလား


     ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဖျော်ရည် ဖြစ်တဲ့ ”ကိုကာကိုလာ” ဘယ်လိုဖေါ်စပ်ထားသလဲ ဆိုတာ လူတိုင်းက သိချင်ကြပါတယ်။ ကိုကာကိုလာ ဖေါ်စပ်နည်းကိုသိလို့ ခိုးပြီး ရောင်းဖို့ ကြိုးစား သူ များလည်း အမှုအခင်းဖြစ်၊ အလုပ်ပြုတ်တဲ့ အဖြစ် အထိ ရောက်ဘူးပါတယ်။ ခုတော့ အဲဒီလျို့ဝှက် ချက်ကြီး ပေါ်ပေါက်လာပြီလို့ ဆိုရတော့ မလား မသိပါ။
     ”အမေရိကန်လူမှုဘဝ” (This American Life) လို့ အမည်ပေးထားတဲ့ ရေဒီယိုလိုင်းတစ်ခုက သူတို့အနေနဲ့ ၁၉၇၉ ခုနှစ်ထုတ် သတင်းစာထဲက ကိုကာကိုလာထုတ်လုပ်နည်း ဖေါ်မြူလာပါတဲ့ ဆောင်းပါးကို တွေ့ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
ရေဒီယိုရဲ့ အဆိုအရ ”ကိုကာကိုလာ”ကို ဆေးဝါးကျွမ်းကျင်သူ John Pemberton ဆိုသူက ၁၈၈၆မှာ တည်ထွင်ခဲ့ပြီး Merchandise 7X လို့ အမည်ပေးခဲ့ပါသတဲ့။ နောက်တစ်နှစ်ခန့်အကြာ ၁၈၈ရခုနှစ်မှာ  စီးပွားရေးသမား Asa Griggs Candler ဆိုသူက John Pemberton ဖေါ်စပ်ထားတဲ့ ချောင်းဆေး ပျောက်ဆေး၊ သွေးသန့်စင်ဆေး အပါအဝင် ကိုကာကိုလာထုတ်လုပ်နည်းကိုပါ ဒေါ်လာ ၂၃၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။
     ကိုကာကိုလာ ဖေါ်စပ်နည်းကို ဝယ်ယူသွားသူ စီးပွားရေးသမား Asa Griggs Candler က  7X လို့ ခေါ်တဲ့ ကိုကာကိုလာ စပ်နည်းကို အက်တလန်တာဘဏ်မှာ ကိုယ်ပိုင် သေတ္တာနဲ့ အပ်နှံသိမ်းဆည်း ခဲ့ပါတယ်။ ”ကိုကာကိုလာ” ဖျော်စပ်နည်းကို သိသူဟာ ကုမ္ဗဏီတစ်ခုလုံးမှာ ဝန်ထမ်းနှစ်ယောက် တည်း ရှိပြီး သူတို့နှစ်ယောက်ကို ခရီးအတူ သွားခွင့်မပြုဘူးလို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ မတော်တဆ တစ်ခုခုဖြစ်ပြီး သေဆုံးသွားခဲ့ရင် နောက်ထပ်လူစားထိုးဘို့ မလွယ်လို့ပါ။
ကုမ္ဗဏီပိုင်ရှင် ဟာ ကိုကာကိုလာ ဖျော်စပ်နည်း ပေါက်ကြားသွားမှာ စိုးလွန်းလို့  လာသမျှစာတွေ၊ ငွေချေရမဲ့ဘောက်ချာတွေအားလုံးကို ကိုယ်တိုင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဘောက်ချာတွေမှာ ဝယ်ထားတဲ့ ပစ္စည်းစာရင်းတွေ ပါဝင်တဲ့အတွက် ကုမ္ဗဏီဝန်ထမ်းတွေ ခန့်မှန်းသိရှိသွားမှာကို ကာကွယ်တဲ့ သဘောပါ။
     အခုထွက်ပေါ်လာတဲ့ ကိုကာကိုလာဖျော်စပ်နည်းဟာ Pemberton ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်သူ
R. R. Evans ဆိုသူက သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ ကိုကာကိုလာ ထဲမှာ ပါဝင်တဲ့ ပစ္စည်းများကို ချရေးပြီး အက်တလန်တာက ထုတ်တဲ့ ဂျာနယ်ထဲမှာ ၁၉၇၉ ဖေဖေါ်ဝါရီ ထုတ်ထဲမှာ ဖေါ်ပြခဲ့တာပါ။ ကိုကာကိုလာ ကုမ္ဗဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Kerry Tressler ကတော့ “This American Life အပါအဝင် ကြားလူတော်တော်များများ က ကျွန်မတို့ ကုမ္ဗဏီရဲ့ လျို့ဝှက်ချက်ကို ဖေါ်ထုတ်ဘို့ ကြိုးစားနေကြတာပါ။ ကြိုးစားချင်လည်း ကြိုးစားကြည့်ကြပေါ့။ ဒါပေမဲ့ အောင်မြင်မှာ မဟုတ်ဘူး” လို့ ဆိုလိုက်ပါတယ်။
ကိုကာကိုလာ ညွှန်ကြားရေးမှူး Philip Mooney ကတော့ ထွက်ပေါ်လာတဲ့ ကိုကာကိုလာဖေါ်စပ်နည်းဟာ လက်ရှိထုတ်နေတဲ့ ဖေါ်စပ်နည်း မတိုင်မီက စပ်ခဲ့ဘူးတဲ့ ဖေါ်မြူလာ ဖြစ်တယ်။ အဲဒီဖေါ်စပ်နည်းကို သုံးပြီး တခါမှ ဈေးကွက်ထဲမှာ မရောင်းဖူးဘူး လို့ ဆိုလိုက်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ”ကိုကာကိုလာ” ကို စမ်းသပ်ဖေါ်စပ်ကြည့်လိုသူများ အတွက် ဂျာနယ်မှာ ပါတဲ့ ဖေါ်နည်းကို ဖေါ်ပြလိုက်ပါတယ်။ ဝယ်ရမဲ့ ပစ္စည်းတွေကလည်း ပြည်ပထုတ်ကုန် တွေက များနေတဲ့အတွက် မြန်မာဘာသာကို တိုက်ရိုက်မပြန်ဆိုပဲ ထည့်ရမဲ့ အတိုင်းအထွာလောက်ကိုပဲ ဘာသာပြန် ထည့်ပေးလိုက်ပါတယ်။

Fluid extract of Coca: 3 drams USP (အမေရိကန်စံနှုန်းအရ ၁ dram= ၃.၆၉၆ မီလီလီတာ)
Citric acid: ၃ အောင်စ
Caffeine: ၁အောင်စ
Sugar: 30 (အောင်စလား မသေချာပါ)
Water: ၂. ၅ ဂါလံ
Lime juice: 2 pints, 1 quart (  1 pint= 473.176473 milliliters)
Vanilla: ၁ အောင်စ
Caramel: ၁.၅ အောင်စ သို့မဟုတ် အရောင်လိုပါက ပိုထည့်နိုင်သည်
The secret 7X flavorး အမွှေးနံ့သာရည် ၂အောင်စ သို့  အရည် ၅ဂါလံအထိ သုံးနိုင်သည်
(မှတ်ချက်းး အဆိုပါ The secret 7X flavor ကို ဝယ်၍ ရမရ မသိပါ၊ ကိုယ့်ဖာသာ အခြားအရာများ
စမ်းသပ် ထည့်သွင်းဖေါ်စပ်နိုင်ပါသည်။ )
Alcohol: ၈ အောင်စ
Orange oil: အစက် ၂၀
Lemon oil: အစက် ၃၀
Nutmeg oil: ၁၀ စက်
Coriander: ၅ စက်
Neroli:  ၁၀ စက်
Cinnamon: ၁၀ စက်

ပင်လုံသစ္စာ

0 comments

Leave a Reply