You Are Here: Home» malaysianews , news » မမြင်အပ်သော အရာကို လူရှေ့တွင် ကုတ်၍ ဒါဏ်ကြေးပေးရ



      ဂျိုဟိုးဘာရူး ။   ။ စက်ရုံအလုပ်သမားတစ်ဦးသည် အိမ်နီးချင်းတစ်ဦးရှေ့တွင် မမြင်အပ်သော အရာကို ကုတ်မိသဖြင် ဒါဏ်ကြေးငွေ ရင်းဂစ် ၁၅၀၀ ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်။
    အမှုမှာ ၂၀၀၉ခုနှစ် အောက်တိုဘာလ က စွတ်စွဲခံရသူ အာမက်နာဇင်းဟူစိန် (၂၃) နှစ် သည် မျက်နှာချင်းဆိုင် တိုက်ခန်းတွင် နေထိုင်သူ အမျိုးသမီး (၄၁နှစ်) အိမ်ရှေ့ ထွက်လာကာ အဝတ် လှမ်းချိန်တွင် မမြင်အပ်သောနေရာ ကို ကုတ်မိခဲ့သဖြင့် အဆိုပါ အမျိုးသမီးက အမှုလုပ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ တရားခံ”အာမက်” က ၎င်း၏ အိပ်ခန်းတံခါးကို အမြဲဖွင့်ထား လေ့ရှိကြောင်း၊  မိမိဖာသာ ယားယံ၍ ကုတ်မိပါကြောင်းနှင့် အဆိုပါအမျိုးသမီးကို လုံးဝ သတိမထားခဲ့မိပါကြောင်း လျှောက်ထားခဲ့ သော်လည်း စီရင်ချက်ချသောနေ့က ရုံးချိန်းသို့ ရောက်မလာခဲ့ပေ။


Tags: malaysianews , news

0 comments

Leave a Reply