ဖေဖေါ်ဝါရီလ (၇)ရက်နေ့က ချယ်ရ(စ်) ကားလမ်းမဆုံရာတွင် ကိုယ်တုံးလုံးချွတ်၍ ခုန်ပေါက်နေသော လူမည်းအမျိုးသမီး တစ်ဦးကို ရဲက အင်္ကျီဖမ်းဝတ်ပေးခဲ့ရသည်။ ထို့နောက်ရဲက အမျိုးသမီးကို ဆေးစစ်ကြည့် ရာ ဝမ်းဗိုက်ထဲတွင် သယ်ဆောင်လာ သော ဆေး ၆၅တောင့်အနက်မှ တစ်တောင့် ပေါက်ထွက်သွားဖြင့် ဆေးပေါက်ကာ ဂယောင်ချောက်ခြား ဖြစ်နေကြောင်း သိရှိရသည်။
အဆိုပါ အသက်(၂၂)နှစ်အရွယ် လူမဲအမျိုးသမီးကို Kebangsaan တက္ကသိုလ် ဆေးပညာဌာနသို့ ပို့ဆောင်ကာ ဆေးစစ်ခဲ့သည် ဟု ကွာလာလမ်ပူဒုရဲချုပ် ဒါတွတ် ဇူလ်ကီဖီအက်ဗ်ဒူလာ က ဆိုသည်။ ပေါက်ထွက်သွားသော ဆေးတောင့်မှာ ရှားဘု ဖြစ်သည်ဟု ယူဆရပြီး ဆေးများသွေးကြောထဲသို့ စိမ့်ဝင်သွားခဲ့သည်ဟု ဆိုသည်။
လူမဲအမျိုးသမီးသည် နေ့လည် ၂နာရီခန့်အချိန် လမ်းမအလည်ခေါင်ပေါ်တွင် ခုန်ပေါက်လျှောက်ပြေး နေသဖြင့် ရဲက အဝတ်အစားဝတ်ပေးရန် ကြိုးစားရာ အချီးနှီးဖြစ်ခဲ့ကြောင်း သိရသည်။
ယခုအခါ လူမဲအမျိုးသမီးကို စစ်ဆေးရန် ဖေဖေါ်ဝါရီ ၂၈ရက်နေ့အထိ ရမန်ယူထားပြီး ရဲက မူးယစ်ဆေးဝါး မှုများကို ဆက်လက်စစ်ဆေးဖေါ်ထုတ်ရန် ကြိုးစားလျှက်ရှိသည်။
0 comments