မိန်းမဖြစ်သူကို အသေရိုက်သတ်မည်ဟု ခြိမ်းခြောက်သော ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးက တရားရုံးတွင် အပြစ်ရှိကြောင်း ဖြောင့်ချက်ပေးပြီးနောက် ထောင်ဒါဏ် ၅လကျခံစေရန် တရားသူကြီးက အမိန့်ချမှတ်လိုက်သည်။
Taman Sri Putri, Skudai တွင် နေထိုင်သူ တီဆာဒီဗာရန် (၂၆နှစ်) သည် ဇနီးဖြစ်သူအား သေသည်အထိ ရိုက်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ရာဇဝတ်မှုမြောက်သော ခြိမ်းခြောက်မှု ဥပဒေအခန်း (၅၀၆) တရားစွဲဆိုခဲ့သည်။ အဆိုပါပုဒ်မသည် ထောင်ဒါဏ်၂နှစ်၊ ဒါဏ်ငွေ သိုမဟုတ် ထောင်ဒါဏ်နှင့် ငွေဒါဏ်နှစ်မျိုးစလုံး ချမှတ်နိုင်သည်ဟု သိရသည်။
0 comments