ပန်းသီး ကွန်ပြူတာမှ လက်ရှိထုတ်လုပ်နေသော အိုင်းဖုန်းမှာ ရောင်းဈေး ဒေါ်လာ ငါးရာခန့် ဖြစ်နေ ရာ ပန်းသီးကုမ္ဗဏီမှ အိုင်းဖုန်းထက် ပိုမိုဈေးနှုန်း ချိုသာပြီး အရွယ်အစားလည်း သေးငယ်သော အိုင်း ဖုန်းအသစ်ကို ထုတ်နိုင်ရန် ကြိုးစားလျှက် ရှိသည်။ အသစ်ထုတ်မည့် အိုင်းဖုန်းအသေးစားတွင် သုံးစွဲသူ အတွက် ဖျော်ဖြေရေးကဏ္ဍများ ဖြစ်သော ဓါတ်ပုံ၊ ဗွီဒီယို စသည်တို့ကို ထည့်သွင်းနိုင်ရန် နည်းပညာ အပျော့စားများ စီစဉ်ဖန်တီးလျှက် ရှိကြောင်း ဖေဖေါ်ဝါရီလလယ်ပိုင်းက ရေးသားသော The Wall Street Journal သတင်းတပုဒ်တွင် ပါရှိသည်။
အိုင်းဖုန်းအသေးသည် လက်ရှိထုတ်နေသော ”အိုင်းဖုန်းဖိုး”၏ ထက်ဝက်ခန့် အရွယ်အစားသာ ရှိမည်ဖြစ်ပြီး ဈေးနှုန်းမှာလည်း ”အိုင်းဖုန်းဖိုး”၏ ထက်ဝက်ခန့် ဖြစ်မည်ဟု သိရသည်။ ပန်းသီး ကုမ္ဗဏီ၏ အကြီးအကဲ ဖြစ်သူ စတိဗ်ဂျော့မှာ ပြင်းထန်သော ကင်ဆာရောဂါကြောင့် အသက် ဆက်ရှင်ရန် မျှော်လင့်ချက်မရှိ တော့သလောက် ဖြစ်နေပြီး ဆေးခွင့်ယူထားသော်လည်း အသစ် ထွက်ပေါ်လာမည့် ပန်းသီး၏ ထုတ်ကုန် ပစ္စည်းအတွက် အတွင်းကျကျ ပါဝင်လုပ်ဆောင်လျှက် ရှိသည်ဟု ဆိုသည်။ အိုင်းဖုန်းအသေးကို လာမည့် သြဂုတ်လမတိုင်မီ ရောင်းချနိုင်မည်ဟု မျှော်လင့်ထားသည်။

ပင်လုံသစ္စာ
0 comments