ဗြိတိသျှမင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန် တို့သည် ဧပြီလ (၂၉)ရက် နေ့ တွင် လက်ထပ်ပြီးနောက် ပျားရည်ဆမ်းခရီးအဖြစ် တချိန်က အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ဘူးသော ”ကနေဒါနိုင်ငံ” ကို ရွေးချယ်ထားပြီး ဇွန်လကုန်မှ ဇူလိုင်လလယ်အထိ လည်ပါတ်ကြမည်ဖြစ် သည်။ အသစ်ကျပ်ချွတ် ဇနီးမောင်နှံသည် ကနေဒါနေ့ ဖြစ်သော ဇူလိုင်လ (၁)ရက်နေ့ကို ကနေဒါအစိုးရ အဖွဲ့ဝင်များနှင့်အတူ ဆင်နွှဲကြမည် ဖြစ်ပြီး ၎င်းတို့၏ ခရီးစဉ်တွင် အာတိတ်ဒေသလည်း ပါဝင်မည်ဟု ဆိုသည်။
မင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန် တို့သည် ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ (၁၆)ရက်နေ့က စေ့စပ်ကြောင်းလမ်း ခဲ့သည်။ ကနေဒါနိုင်ငံ၏ ဝန်ကြီးချုပ်က ”စတက်ဖန် ဟားပါး” က ဝီလျှံနှင့် ကိတ်မစ်ဒယ်လ်တန် တို့ စေ့စပ် ကြောင်းလမ်းပြီးနောက် ဇနီးမောင်နှံအနေဖြင့် ကနေဒါသို့ အလည်လာရောက်ပါရန် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖိတ်ခေါ်ခဲ့သည်။

ပင်လုံသစ္စာ
0 comments