You Are Here: Home» social , socialism » သမ္မတကတော် “မီရှဲလ်အိုဘားမား”က ရယ်မောခြင်းသည် လင်နှင့်မယားမြဲမြံနေ ရေးအတွက် အရေးကြီးသော ကော်တမျိုးဟုဆို


     ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် ကျရောက်  သော“ချစ်သူများနေ့”အတွက်  အမေရိကန် သမ္မတ ကတော် မီရှဲလ်အိုဘားမားက စုံတွဲများအား မိမိ၏ ချစ်သူနှင့် ရယ်မောဖွယ်ရာ စကားများ ပြောဆိုပါဟု အကြံပေးလိုက်သည်။ မီရှဲလ်က ”ခပ်ပျော်ပျော် နေခြင်း”မှာ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦး လုပ်လေ့ လုပ်ထ ရှိသောအရာ တစ်ခုဖြစ်ပြီး အတော် အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
      နိုင်ငံရေးရည်မှန်းချက် ကြီးမားလှတဲ့ ခင်ပွန်းသည် ”အိုဘားမား” ကြောင့် အီလီနွိုက် ပြည်နယ် အမတ်၊ နိုင်ငံတော်အမတ်၊ သမ္မတအထိ အဆင့်ဆင့်ကြိုးစားခဲ့ရာမှာ အိမ်ထောင်ရေး၊ အခက်အခဲ မျိုးစုံ ကြုံခဲ့ရပေမဲ့လည်း အိမ်ထောင်သက်တမ်း (၁၉)နှစ်တောင် ရောက်ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
     ”ကျွန်မအနေနဲ့ ရယ်စရာတွေကို အမြဲစဉ်းစားပါတယ်။ အိမ်မှာဆို ဘယ်သူကမှ ကိုယ့်ကိုယ်ကို သိတ် အလေးအနက် မထားကြပါဘူး။ ရယ်စရာပြောတာဟာ စုစည်းညီညွတ်မှုအတွက် အကောင်းဆုံး ပါ။ အထူးသဖြင့် လင်မယားနှစ်ဦးကြားမှာပေါ့။ အလုပ်တွေများပေမဲ့ နှစ်ယောက်ရှိတဲ့အချိန်မှာ ပျော်နိုင် အောင်၊ နှစ်ယောက်တည်း သီးသန့်ဖြစ်နိုင်အောင် အချိန်ယူပါတယ်။ တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်တာမျိုးကလည်း ကောင်းတာပေါ့။
     နောက်ပြီး ”အိုဘားမား” ဖက်က အချစ်ရေးမှာ ကြင်ကြင်နာနာ၊ ယုယုယယရှိတာကလည်း အတော် အထောက်အကူ ပြုပါတယ်။ သိပ်အလုပ်များလို့ လင်မယားနှစ်ယောက်အတွက် အရေးကြီးတဲ့နေ့တွေ၊ မွေးနေ့တွေကို မေ့သွားမယ် ထင်ပေမဲ့ ဘယ်တော့မှ မမေ့သလို အိမ်ဖြူတော်လို နေရာမျိုးမှာတောင် ချစ်တဲ့ ကြင်နာတဲ့ အရိပ်အယောင်တွေကို ပြသပါတယ်။ ဒါကြောင့်လည်း အချစ်ရေးဟာ ခိုင်မြဲနေတာ ပေါ့။” ဟု မီရှဲလ် ကဆိုသည်။ 
     ချစ်သူများနေ့အတွက် ခင်ပွန်းဖြစ်သူထံမှ လက်ဝတ်ရတနာ ပစ္စည်းများ လက်ခံရရှိသော်လည်း ချစ်သူများနေ့ကို ထွေထွေထူးထူး ကြီးကြီးကျယ်ကျယ် ဇာချဲ့လေ့ မရှိပါ ဟု မီရှဲလ်က အဆုံးသတ်သည်။
     မီရှဲလ်သည် ပြီးခဲ့သော ဇန္နဝါရီလ ၁၇ ရက်နေ့က အသက် ၄၇နှစ် ပြည့်ခဲ့ပြီး ခင်ပွန်းဖြစ်သူ အိုဘားမားမှာ သြဂုတ်လ ၄ရက်နေ့တွင် အသက် ၅၀ပြည့်မည်ဖြစ်သည်။

ပင်လုံသစ္စာ
Tags: social , socialism

0 comments

Leave a Reply