ကွာလာလမ်ပူ။ ။ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က တရုတ်နှစ်သစ်ကူး ရက်များအတွင်း အနည်းဆုံး လူ (၁၀)ဦးကို နေရာ (၃) နေရာ တွင် သီးခြားအဖွဲ့များအဖြစ် ဖမ်းဆီးမိခဲ့ရာတွင် ရင်းဂစ်ငွေ ၁.၉သန်း တန်ကြေး ရှိ မူးယစ်ဆေးဝါးမျိုးစုံအပြင် အသားတင် ငွေသား ၁.၆၃ သန်းနှင့် လက်နက်ခဲယမ်း မီးကျောက် များကို လည်း သိမ်းဆည်းမိသည်။
ဖမ်းမိသော (၃) ဖွဲ့အနက် နိုက်ဂျီးရီးယန်း (၅)ဦးနှင့် မလေးအမျိုးသမီး တစ်ဦးပါဝင် သော ပထမဦးဆုံး အဖွဲ့ကို ”တာမန်းပူချွန်းဟာတမ” ရပ်ကွက်တွင် တရုတ်နှစ်သစ်ကူးနေ့ ၌ဖမ်းဆီးမိခဲ့သည်။ နိုက်ဂျီးရီးယန်း (၅) ဦးမှာ အသက် (၂၄) နှစ်မှ (၃၄) နှစ်အတွင်း ဖြစ်ကြပြီး မလေးရှားရှိ ကောလိပ်များ တွင် ပညာသင်ကြားနေ သူများ ဖြစ်သည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ၎င်းတို့ ပညာသင် ကြားနေသော ကျောင်းများ တွင် ဖြန့်ဖြူးသည်ဟု ယူဆရကြောင်း ရဲက ဆိုသည်။ ၎င်းတို့နှင့်အတူ မူးယစ် ဆေးဝါးများ အပြင် Proton Persona ကားတစ်စီး၊ တန်ကြေးဖေါ်ပြမထားသော လက်ဝတ်ရတနာများ၊ လက်ဆွဲကွန်ပြူတာ တစ်လုံး၊ နှင့် လက်ကိုင်ဖုန်း ၉လုံးတို့ကို သိမ်းဆီးရမိသည်။ ဖမ်းမိထားသူ ၆ဦးစလုံး မူးယစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိရသည်။
ထို့နောက် တရုတ်နှစ်ကူးနေ့တွင် တာမန်းချယ်ရ(စ်) ရှိ စုံတွဲတစ်တွဲကို မူးယစ်ဂုဏ်းတစ်ခုနှင့် ဆက်သွယ်သည်ဟု ယူဆပြီး ဖမ်းဆီးခဲ့ရာ ရင်းဂစ်ငွေ ၁.၆၃သန်း၊ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးပြား ၅၀၀ နှင့် syabu (၉၅)ဂရမ်တို့ကို သိမ်းဆည်းမိသည်။ ထိုသို့ မဖမ်းဆီးခင် စောစောပိုင်းက ၎င်းတို့မောင်းနှင်လာ သော တိုယိုတာကင်မရီကားကို ရဲက တားဆီးစစ်ဆေးရာ ကျည်ဆံအတောင့် (၂၀)ကို သိမ်းဆည်းမိခဲ့ သည်။ ရဲစစ်ဆေးမေးမြန်းမှုပထမဆင့်တွင် အဆိုပါစုံတွဲသည် ကွာလာလမ်ပူမြို့ တော်နှင့် အနီးအနားရှိ ဆင်ခြေဖုံးမြို့နယ်ကလေးများအတွင်း မူးယစ်ဆေး ဖြန့်ဖြူးနေသည်မှာ ၆လခန့် ရှိပြီဖြစ်ကြောင်း၊ ၄င်းတို့၏ အဓိက ပစ်မှတ်မှာ ချယ်ရ (စ်) ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးအမှုတွင် ဖမ်းဆီးမိသူများမှာ ဖေဖေါ်ဝါရီလ (၆)ရက်နေ့ က ဂျလန်ကလန်လာမာရှိ ကွန်ဒိုတစ်ခုတွင် ဖမ်းမိသော အသက် ၃၉နှစ်အရွယ် အမျိုးသားနှင့် တရုတ်နိုင်ငံသူ စုံတွဲတစ်တွဲ ဖြစ်သည်။

ပင်လုံသစ္စာ
0 comments