You Are Here: Home» literature , poem » သူ့မှာတမ်း (ဆရာမင်းသုဝဏ်)



« သူ့မှာတမ်း »


သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့၊ ထတုန်းတည်း...။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့ လိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ...။

အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့ လိုသနည်း။
မွေးသမိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ...။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း။
ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ...။

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းဝယ်
နေလုံးကွယ်လေပြီတကား.......



မင်းသုဝဏ်

လမ်းသစ်ဂျာနယ်မှ ဦးစီးကျင်းပခဲ့သော (၂၀၀၉) ခုနှစ် မလေးရှားနိုင်ငံ မြန်မာစာပေဟောပြောပွဲတွင် ဆရာချစ်ဦးညိုဟောပြောမှုမှထုတ်နှုတ်ဖော်ပြချက်


တေးရေး/တေးဆို ဆရာမမြနဒီ၏ "သူ့မှာတမ်း"တေးသီချင်း



သီချင်းစာသားအား မြန်မာနိုင်ငံဆင်ဆာအဖွဲ့မှ မျိုးချစ်ပြောက်ကျားအား လက်မခံသဖြင့် မျိုးချစ်စစ်သားဟုပြင်ဆင်လိုက်ရခြင်းကြောင့် အနှစ်သာရပေါ့သွားခြင်းကို နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။

ပန်းချီ - HeavenGhost(MDA)
Tags: literature , poem

0 comments

Leave a Reply