You Are Here: Home» health , k-health » အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေး
Analgesics = အကိုက်အခဲပျောက်ဆေး
( eg, paracetamol, diclofenac, celecoxib, ibuprofen, mefenamic acid, etc )
Antibiotics = ပိုးသတ်ဆေး
(eg, amoxicillin, cloxacillin, ampicillin, cefexime, cephalexin, azithromycin, norfloxacin, ciprofloxacin, levofloxacin, etc )
Analgesics (အကိုက်အခဲပျောက်ဆေးတွေဟာ အဖျားကျစေတယ် ။ ကိုက်ခဲတာ နာတာတွေကို သက်သာစေတယ် ။ အယောင်ကျစေတယ် ။ ဒီ action တွေကြောင့် တော်တော်လေးကို အသုံးများပါတယ် ။ ရောဂါ ဖြစ်ပြီဆိုတာနဲ့ နာတာက စတတ်တဲ့ အတွက် အရင်ဆုံး symptomatic relief အတွက် သက်သာအောင် Analgesics ကိုပေးတတ်ပါတယ် ။
နောက်ပြီး Analgesics တွေဟာ OTC ဆေးတွေဖြစ်တဲ့ အတွက် ဆေးဆိုင်မှာ ကိုယ့်ဘာကိုယ် ၀ယ်သောက်နိုင်ပါတယ် ။
အဲ့ဒီမှာ Analgesics ရဲ့ common side effect တခုကတော့ အစာအိမ်ကိုထိခိုက်တာပါပဲ ။ ဒါကြောင့် အစာနဲ့တွဲ သောက်ရပါတယ် ။ Digene, Kremil S, Air x တို့လို အစာကြေဆေးတွေ ၊ Raniditine , Cimeditine, Omeprazole, Lansoprazole တို့လို အစာအိမ်ဆေးတွေနဲ့ တွဲသောက်ပေးရပါတယ် ။
အဲ့ဒီလိုနဲ့ ဆေးတိုင်းကို အစာနဲ့တွဲသောက်ရမယ် လိုပုံသေသတ်မှတ်လိုက်ကြပါတယ် ။
တကယ်တော့ အဲ့လိုမဟုတ်ပါဘူး ။
တချို့ဆေးတွေက အစာနဲ့တွဲသောက်သင့်တယ် ။
တချို့ဆေးတွေက အစာနဲ့ဝေးဝေးသောက်မှ ကောင်းတယ် ။
တချို့ဆေးတွေကတော့ ဘယ်လိုသောက်သောက်ပြသနာမရှိပါဘူး ။
ဥပမာ - အများဆုံးသောက်ရတဲ့နောက်ဆေးတမျိုးကတော့ Antibiotics (ပိုးသတ်ဆေးတွေ) ပဲဖြစ်ပါတယ် ။ Antibiotics တော်တော်များများဟာ အစာနဲ့တွဲ မသောက်သင့်ပါဘူး ။ အစာနဲ့တွဲသောက်ခဲ့ရင် absorption ကျသွားပါတယ် ။ လွယ်လွယ်ပြောရရင် body ထဲကိုရောက်သင့်သလောက်မရောက်တော့ဘူး ။ potency (အာနိသင်) လဲလျော့သွားတာပေါ့ ။
နောက်တခုက Antibiotics တွေကို course ပြည့်အောင် သောက်ဖို့ အရမ်းကို အရေးကြီးပါတယ် ။
ရှင်းပြပါမယ် ။ လူတယောက်ဝမ်းသွားရင် Norfloxacin 400 mg တနေ့ ၂ကြိမ် ၇ ရက်သောက်ရမယ် ။ ၂ ရက်လောက်သောက်ပြီးရင် ၀မ်းက ရပ်သွားတယ် ။ ဝေဒနာလဲ ပျောက်သွားတယ် ။ ဖြစ်တတ်တာက ပျောက်သွားပြီဆိုပြီး ဆေးကို ဆက်မသောက်ပဲရပ်လိုက်ကြတာ များပါတယ် ။
အဲ့ဒီလို လုံးဝ မလုပ်သင့်ပါဘူး ။ ဝေဒနာ ပျောက်သွားပေမဲ့ အထဲက ပိုးကမသေသေးပါဘူး ။ ၇ ရက်ပြည့်အောင် ဆက်သောက်မှ သေသွားမှာပါ ။ ဒါဆို နောက်တခါ ထပ်ဖြစ်ဖို့ လဲ နည်းသွားပြီ ။
မဟုတ်ရင် တခုခုလေးစားမိတာနဲ့ ၀မ်းက ပြန်သွားပြီး အမြဲ အဲ့လိုပဲ ဖြစ်နေတော့မှာ ။ နောက်တခါ ထပ်ဖြစ်လို့ Norfloxacin ကိုပဲပြန်သောက်ရင်လဲ ပိုးကဆေးကို ယဉ်သွားပြီးဆေးမတိုးတော့တာမျိုးအထိကို ဖြစ်နိုင်ပါတယ် ။
အဲ့ဒါကြောင့် Antibiotics တွေကိုသောက်မယ်ဆိုရင် အစာနဲ့ဝေးဝေး သောက်ပါ ။ နောက်တခု - Dosage (သောက်သုံးရန်အကြိမ် ပမာဏ) ပြည့်အောင်သောက်ပါလို့။
0 comments