You Are Here: Home» health , k-health » အမှန်တရား၏နောက်ကွယ်မှ DIY မျက်နှာထိုးဆေး


အမျိုးသမီးများ ၎င်းတို့၏ အိုမင်းရင့်ရော်ခြင်း (ဇရာ) ကို ငွေဖြင့် ကြိုးစားတိုက်ထုတ်ရန် အန္တရာယ်များပြီး စွန့်စားရသော မျက်နှာဆေးထိုးခြင်းဖြင့် ထိုးဆေးများကို ၀ယ်ယူသုံးစွဲနေခြင်းသည် ကြောက်လန့်စရာဖြစ်ပါသည်။
ယခုအခါ DIY မျက်နှာထိုးဆေးများ ပွားများရာ ဦးတည်မှုနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံအလှကုန်ပစ္စည်းစက်ရုံ၏ စည်းမျဉ်းအမိန့်ကို အစိုးရမှ ကောင်းမွန်သောစည်းမျဉ်းအမိန့်ဖြစ်စေရန် ဆန္ဒရှိနေပြီး ၀ယ်ယူသုံးစွဲသူများမှလည်း သူတို့ကိုယ်သူတို့ အကြံဥာဏ်သစ်များဖြင့် ၀ယ်ယူသုံးစွဲ ဆေးသွင်းသွားမည်ဖြစ်သည်။
၎င်းပစ္စည်းအား အင်တာနက်ပေါ်တွင် Google Search ဖြင့် အလွယ်တကူ လျှင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်ပြီး ၀ယ်ယူသုံးစွဲနိုင်ရန် £ 50 ၀န်းကျင်ခန့်ဖြင့် ရောင်းချနေပြီး အသေးစိပ်အချက်အလက်နှင့် အကြံဥာဏ်များ ပေးနေသည်ကို အင်တာနက်ဝဘ်ဆိုက်များပေါ်တွင် တွေ့ရသည်။
၎င်းဆိုက်များသည် ဂုဏ်ပြုဆုပေးခြင်းများဖြင့် ၀ယ်ယူသုံးစွဲသူများကို ပျော်ရွှင်စေခြင်းကြောင့် သုံးစွဲသူများမှ ၎င်းပစ္စည်းသည် ချက်ချင်းအကျိုးထူးရလဒ် ရရှိပြီး သူတို့ နောက်ထပ် အသေအချာ ၀ယ်ယူလိမ့်မည်ဟု ပြောကြားခဲ့သည်။
၎င်းဆေးသည် မျက်နှာပြင်ကို ထုံကျင်စေရန် ခရင်မ် Cream ၊ ဆေးထိုးအပ်နှင့် hyaluronic acid (သို့မဟုတ်) fibrous ပရိုတိမ်းပါဝင်တဲ့  collagen ကဲ့သို့သော မျက်နှာကို ဖောင်းမို့စေသည့် ဖန်ပုလင်းငယ်တို့ပါဝင်သည်။ ၎င်းသည် ပါးရေတွန့်ခြင်း၊ နှမ်းခမ်းနှင့် ပါးများ ချောင်ကျခြင်းတို့ကို ဖြည့်ရန် အသုံးပြုသည်။


Source : Dailynewspaper
Tags: health , k-health

0 comments

Leave a Reply