You Are Here: Home» news , worldnews » ဂျပန်နိုင်ငံတွင်း ဆူနာမီသတင်း (ဗီဒီယို)

မတ်လ၊ ၁၁ရက် ၊ ၂၀၁၁ ။   ။ ဂျပန်နိုင်ငံတွင် ပြင်းထန်သောငလျင်လှုပ်သွားခဲ့ပြီး နူကလီးယား ဓါတ်အားပေးစက်ရုံတွင်း အအေးပေးစံနစ် ပြတ်တောက်သွားခြင်းကြောင့် အရေးပေါ်အခြေအနေသို့ရောက်ရှိနေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

ဖူကူရှီမာနူကလီးယားဓါတ်အားပေးစက်ရုံမှာ ၈.၉ ရစ်ချက်တာစကေး ပြင်အားရှိ ငလျင်လှုပ်မှုအတွင်း အအေးပေးစံနစ်ပြတ်တောက် သွားခဲ့တာပါ။ ဖူကူရှီမာနူကလီးယား ဓါတ်အားပေးစက်ရုံတွင် ကြိုတင်ကာကွယ်မှုများ တိုင်းထွာမှုများအရ နူကလီးယားဓါတုများ ယိုစိမ့်ခြင်း (ရောင်ခြည်ဖြာထွက်ခြင်း) မရှိသေးပါဘူးလို့ လုံခြုံရေးအရာရှိ ယူကီယို အန်ဒါနိုမှ ပြောကြားခဲ့ပါတယ်။ ကမ်းရိုးတန်းတလျှောက်ရှိ နူးကလီးယားဓါတ်ပေါင်းဖို အတော်များများဟာလည်း လည်ပတ်မှုစံနစ်အလိုအလျောက်ရပ်တန့်သွားခဲ့ပြီး ဓါတုပစ္စည်းများယိုစိမ့်မှုအတွက် မှတ်တမ်းမတွေ့ရှိခဲ့ပါဘူး။
ငလျင်လှုပ်နေချိန်အတွင်း ဂျပန်နိုင်ငံအရှေ့-မြောက်ပိုင်းရှိ နူကလီးယားစံနစ်လည်ပါတ်မှု အဆောက်အအုံတစ်ခုမှာ စတင်မီးလောင်ခဲ့ပြီး။ ထိုဓါတ်ပေါင်းဖိုမှ လုံခြုံရေးအတွက် တင်ပြခဲ့ပါတယ်။ "မီးခိုးတွေအဆောက်အဦးအတွင်းက ထွက်လာတာကိုမြင်တွေ့လိုက်ရတယ်... ဓါတ်ပေါင်းဖိုဘက် မဟုတ်ဘူး... ဆက်လက်စစ်ဆေးနေပါတယ်" လို့ တိုဟိုကု (လျှပ်စစ်စွမ်းအား) မှပြောကြားခဲ့ပါတယ်။ မီယာဂီ စီရင်စုနယ်တွင်းရှိ ဓါတ်အားပေးစက်ရုံမှဖြစ်ပါတယ်။
ခုထိတော့ ရေဒီယိုသတ္တိကြွပစ္စည်းများ ယိုစိမ့်မှုအတွက် တင်ပြလာမှုများမရှိသေးပါဘူး။
အီချီဟရမြို့၊ ချီဘ စီရင်စုနယ်ရှိ ကော်စမို လောင်စာဆီသန့်စင်စက်ရုံတွင်လည်း မီးလောင်မှုကြီးဖြစ်ပေါ်နေပြီး ထိန်းချုပ်ငြိမ်းသတ်နိုင်ခြင်း မရှိသေးပါဘူး၊ ပေတစ်ရာအမြင့်ရှိ မီးတောက်ကြီးဟာ မိုးထိတောက်လောင်နေသလားထင်မှတ်ရပါတယ်။ (တိုကျိုမြို့အနီးတွင်ဖြစ်သည်)။
တိုကျိုမြို့တွင်း အဆောက်အဦး (၄) သန်းကျော်ဟာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုအတွက် အစီရင်ခံစာတင်ပြလာကြောင်း သတင်းရရှိပါတယ်။ ဂျပန်နိုင်ငံရှိမြို့တွင်းဆင်ခြေဖုံးမှ သတင်းများဖြစ်ပါတယ်။ သတင်းဗီဒီယိုအချက်အလက်များကိုလည်းရှာဖွေတင်ပြထားပါတယ်။



Source : Press Association, Youtube, Reuters
Tags: news , worldnews

0 comments

Leave a Reply