သဘာဝဘေးအန္တရာယ်ကြုံတွေ့မှုများအတွင်း ပျောက်ဆုံးနေသူနှင့် သေဆုံးသူပေါင်း ၂၀,၀၀၀ ကျော်သွားခဲ့ပါပြီ။ ၁၀,၀၀၀ ဝန်းကျင်မှာ သေဆုံးသူများဖြစ်ကြပြီး။ ကျန်လူဦးရေ ၁၀,၀၀၀ကျော်မှာမူ ပျောက်ဆုံးနေလျက်ရှိပါတယ်။
အပြင်အထန်လှုပ်ခဲ့သော ငလျင်ဗဟိုမှာ မိုင်ပေါင်း ၉၅၀ အကွာအဝေးတွင်ရှိသော ဂျပန်နိုင်ငံမြောက်ပိုင်း ခရူးရှုကျွန်းရှိ ရှင်းမိုးဒါးကဲ့မီးတောင်မှလည်း (၁၃ရက်)တနင်္ဂနွေနေ့ မှာစတင်ပြီး မီးတောင်ပေါက်ကွဲမှုဖြစ်လာတဲ့အတွက် ရာဂဏန်းရှိဒေသခံပြည်သူများ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ မီးတောင်မှထွက်ပေါ်လာတဲ့ကြီးမားလှတဲ့ပေါက်ကွဲသံကို မိုင်းအတော်ဝေးဝေးကနေကြားရပါတယ်။ ပြာမှုန့်များဟာ ကောင်းကင်အထက်သို့ နှစ်မိုင်အကွာအဝေးထိလွှင့်တက်နေပြီး ချော်ရည်ချော်ခဲများလည်းထွက်ရှိလာပါတယ်။ သိပ္ပံပညာရှင်များကလည်း ငလျင်ဗဟိုချက်နှင့် အလွန်ကွာဝေးနေသောကြောင့် မီးတောင်ပေါက်ကွဲရခြင်းအကြောင်းကို အဖြေရှာမရနိုင်ဖြစ်နေကြပါတယ်။ လွန်ခဲ့သော ရက်သတ္တပတ်များက မီးတောင်အတွင်း ချော်ရည်ချော်ခဲများ စတင်ဖြစ်ပေါ်လာတယ်ဆိုတာကိုတော့ ဖော်ပြခဲ့ပါတယ်။ ငလျင်ဒဏ်ပြီး၊ ဆူနာမီ... ထို့နောက် နျူးကလီးယားဓါတ်ပေါင်းဖို အရည်ပျော်မည့်ပြဿနာ... ယခု မီးတောင်ပေါက်ကွဲလာသောကြောင့် ဂျပန်နိုင်ငံတွင်း အရူးမီးဝိုင်းနေပြီး၊ ဒုက္ခပင်လယ်ဝေနေတယ်လို့ မီဒီယာတွေမှာဖော်ပြနေကြပါတယ်။
"You Only Live Twice" ဆိုတဲ့ ဂျိမ်း(စ်)ဘွန်းဇာတ်ကားကြီးထဲက လျို့ဝှက်ဒုံးပျံစခန်းတည်ထားရာနေရာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရသော ရှင်းမိုးဒါးကဲ့ ဗီလိန်မီးတောင်ကြီးဟာ ၁၉၆၇ ခုနှစ်ကတည်းက နံမည်ဆိုးနဲ့ကျော်ကြားခဲ့တာပါ။
နောက်ဆက်တွဲဆိုးကျိုးတစ်ခုက ဂျပန်နိုင်ငံဗဟိုဘဏ်တွင်းမှ စီးပွားရေးကွက်တွင်း ၁၃၈.၈ ဘီလျံ ဆုံရှုံးနစ်နာမှုရှိနေပြီဖြစ်ကြောင်းနဲ့ လောင်စာဆီပြဿနာမှာလည်း ကြီးမားနေကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဓါတ်ပုံများကို ကလစ်နှိပ်၍ ပုံအကြီးချဲ့ကြည့်နိုင်ပါတယ်။
နံပါတ်(၃)နျူကလီးယားဓါတ်ပေါင်းဖိုပေါက်ကွဲမှု ဗီဒီယိုမှတ်တမ်း
Source : Sky News, UPI, AP, Getty Images, YouTube
0 comments