You Are Here: Home» news , worldnews » လူသေသော်လည်း ပြဿနာတွေ ချန်ထားခဲ့လေသူ မိုက်ကယ်

ပေါ့ပ်တေးဂီတရဲ့ဘုရင်အဖြစ် တင်စားခံရတဲ့ မိုက်ကယ်ဟာ မမျှော်လင့် မထင်မှတ်ပဲ ကွယ်လွန်သေဆုံးခဲ့ရလို့ အားလုံးက တသသ ဖြစ်နေရပေမယ့် ကန့်လန့်ကာနောက်ကွယ်က သူ့ရဲ့အိမ်ထောင်ရေး၊ အချစ်ရေး၊ မိသားစုအရေး ပြဿနာများကလည်း အားလုံးအတွက် သို့လောသို့လော တွေးတောစရာ ကိစ္စတွေအဖြစ် သောင်မတင် ရေမကျရှိနေဆဲဖြစ်ပါတယ်။ မိုက်ကယ် သေဆုံးချိန်က စလို့ အနောက်တိုင်း ရုပ်မြင်သံကြားနဲ့ ရေဒီယိုအစီအစဉ် တွေမှာ ဒီကိစ္စတွေဟာ ပြောလို့မဆုံးနိုင်တဲ့ ရေပန်းစားလှတဲ့အကြောင်း အရာတွေလည်း ဖြစ်ပါတယ်။ မိုက်ကယ်ဟာ အများယူဆထားသလို မိန်းမလျှာ တကယ်ပဲ ဖြစ်လေသလား။ ဒီကိစ္စသာ တကယ်မှန်ခဲ့ရင် တရားဝင် လက်ထပ်ယူခဲ့တဲ့ ဇနီးသည် ဒက်ဘီရိုဝီ ကရော ဘယ်လိုလဲ၊ မိုက်ကယ်ဟာ ရိုဝီနဲ့ အမှန်တကယ်ပဲ လင်မယားသဘာဝ အိပ်စက်ခဲ့လေသလား၊ ဒါမှမဟုတ် မိန်းမလျှာဖြစ်တယ်ဆိုတဲ့ အများထင်မြင်ယူဆနေတာတွေကို ခြေဖျက်ပစ်ဖို့ အတွက် ဟန်ဆောင်လက်ထပ်ခဲ့လေသလား။ ဒီလိုဆိုရင် မွေးထားတဲ့ကလေး တွေကရော ဘယ်လိုလဲ၊ မိုက်ကယ်နဲ့ရိုဝီဟာ မိခင်ဖခင်အရင်းတွေမှ ဟုတ်ရဲ့ လား။ ဒက်ဘီရိုဝီက ငွေရဖို့တစ်ခုတည်းအတွက် ကိုယ်ဝန်အငှားဆောင်ခဲ့လေ သလား စသည်ဖြင့် လားပေါင်းများစွာ စုံလှပါတယ်။

အခုတော့ ယခင်ကလေးသရုပ်ဆောင်ဖြစ်ခဲ့သူ မာခ်လက်စတာ၊ (မိုက်ကယ်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေများ ထဲက တစ်ဦး) က သူဟာ မိုက်ကယ်ကို ၁၉၉၆ ခုနှစ်မှာ မျိုးစေ့လှူဒါန်းခဲ့ကြောင်းနဲ့ မိုက်ကယ်ရဲ့သမီးဖြစ်သူ ပဲရစ်ဟာ သူ့သမီးဖြစ်နိုင်ကြောင်း၊ ပဲရစ်ဟာ သူ့ရဲ့တရားဝင် ကလေးဖြစ်သူ ၁၅ နှစ်ရွယ် Harriet နဲ့ ရုပ်ချင်းဆင်တူကြောင်း ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ မျိုးစေ့လှူဒါန်းခြင်းကို လန်ဒန်မြို့ Harley လမ်းမပေါ်မှာ ရှိတဲ့ဆေးခန်းတစ်ခုမှာ ၁၉၉၆ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာ ပြုလုပ်ခဲ့ကြောင်းနဲ့ ပဲရစ်ကို ၁၉၉၈ ခုနှစ် ဧပြီလတွင် မွေးဖွားကြောင်း၊ သူဟာ များမကြာမီ မိုက်ကယ်ရဲ့သားသမီး သုံးယောက်လုံးရဲ့ ဘာသာရေးခေါင်းကိုင်အဖေ ဖြစ်လာကြောင်း၊ မိုက်ကယ် ငြိုငြင်မည်စိုး၍ မည်သည့်အခါကမျှ မျိုးစေ့ လှူဒါန်းခြင်းကို ထုတ်ဖေါ် ပြောကြားရန် ဆန္ဒမရှိခဲ့ကြောင်း၊ သို့သော်လည်း မိုက်ကယ်သေဆုံးပြီးချိန်မှ စတင်ကာ မိုက်ကယ်၏သားသမီး သုံးယောက်လုံးကို ထိမ်းသိမ်းခွင့် ရရှိသွားသော မိုက်ကယ်၏ မိခင်ဖြစ်သူက မိမိနှင့် ကလေးများကို တွေ့ဆုံခွင့်မပြုတော့သည်မှာ လွန်စွာ ရက်စက်ရာရောက်သည်ဟု ယူဆသဖြင့် ယခုကဲ့သို့ ထုတ်ဖေါ်ပြောဆိုရန် ဆုံးဖြတ်လိုက်ရကြောင်း ဗြိတိန်နိုင်ငံ မနက်ပိုင်း ရုပ်မြင်သံကြား ဂျီအမ်တီဗွီမှာ ပြောဆိုခဲ့ပါတယ်။ မာခ့်လက်စတာရဲ့ ခုလို ထုတ်ဖေါ်ပြောဆိုချက်ကို မိုက်ကယ်ရဲ့ မိသားစုရှေ့နေ ဘရိုင်ယန်နဲ့ မိုက်ကယ်ရဲ့ ငယ်ပေါင်းကြီးဖေါ် သူငယ်ချင်းဖြစ်သူ မျက်လှည့်ပညာရှင် Uri Geller တို့ကလည်း မာ့ခ်ဟာ ရိုးဖြောင့်သူဖြစ်လို့ ခုကိစ္စဟာ ဖြစ်နိုင်ချေများစွာရှိကြောင်း ထောက်ခံ ပြောကြားခဲ့ပါတယ်။

Source: Google news, Yahoo news
Tags: news , worldnews

0 comments

Leave a Reply