ဒီသတင်းဟာ အခုလောလောဆယ် သတင်းများထဲမှာ လူစိတ်အ၀င်စားဆုံးသတင်းဖြစ်နေပြီး Yahoo သတင်းခေါင်းစဉ်အောက်မှာတွင် ထင်မြင်ချက် ၀င်ရောက်ပေးသူပေါင်းဟာ အခုဆိုရင် ၇၀၀ နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ Le Parisian သတင်းစာကို ကာရိုးဟု အမည်ရှိသူ အဆိုပါ မူစလင် အမျိုးသမီးက ပြောကြားရာတွင် ဒီဘူရ်ကီနီကို ၀ယ်လိုက်တာဟာ ရေလည်း ပျော်ပျော်ရွှင်ရွှင်ကူးနိုင်မှာ ဖြစ်သလို အစ္စလမ်ဥပဒေအရ ကိုယ့်ကိုယ်ကို လည်း သိပ်ပြီးဖေါ်ထုတ်စရာ မလိုဘူးဆိုတဲ့ အယူအဆကြောင့်ပါ လို့ ဆိုပါတယ်။
ဘာသာရေးနဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေဟာ ပြင်သစ်နိုင်ငံမှာ လူအများအထူးတလည် စိတ်ဝင်စားပြီး အငြင်းအခုန်များတဲ့ ကိစ္စတစ်ခုပါ။ သိပ်မကြာသေးခင်ကပဲ ပြင်သစ်နိုင်ငံမှာ ဘူးရ်ကာ လို့ ခေါ်တဲ့ မျက်လုံးကလွဲရင် တကိုယ်လုံးဖုံးလွှမ်းထားတဲ့ ဝတ်စုံနဲ့ ပွယောင်းယောင်း မူစလင်အမိုးသမီးဝတ်စုံများ အားလုံးကို လုံးဝ ၀တ်ခွင့် မပြုဖို့  ဥပဒေပြုလွှတ်တော်အမတ်များက အဆိုတင်သွင်းခဲ့ ကြပြီး ပြင်သစ်သမ္မတ Nicolas Sarkozy ကလည်း ထောက်ခံအတည်ပြုခဲ့ပါတယ်။
သုတို့ ရဲ့အကြောင်းပြချက်ကတော့ ဒီအဝတ်အစားတွေဟာ အမျိုးသမီးတွေကို့ ထောင်ချထားသလို ဖြစ်နေလို့ ပါတဲ့ ။ ကာရိုးလ် ကို ရေကူးကန်ထဲကို မ၀င်ဖို့ တားမြစ်ပြီးနောက် ကာရိုးလ် က နီးစပ်ရာ ရဲစခန်းထဲကို ၀င်ပြီး အမှုဖွင့် တိုင်ကြားသော်လည်း ရဲစခန်းက အကြောင်းပြချက် မခိုင်လုံဘူး ဆိုပြီး အမှုဖွင့်ပေးခြင်း မရှိခဲ့ ပါဘူး။ ကာရိုးလ် ကတော့ ဒီကိစ္စကို ငြိမ်ခံနေမှာ မဟုတ်ပဲ လူ့ အခွင့်အရေးဆန့် ကျင်သူများကို တွန်းလှန်တဲ့ အဖွဲ့ တွေနဲ့ ပေါင်းပြီး ဆန္ဒပြသွားဖို့  အစီအစဉ် ရှိကြောင်း ပြောကြားလိုက်ပါတယ်။
Source : Yahoo News, Google News
0 comments