You Are Here: Home» science , technology » စတီဗင်ဟော့ခ်ကင်း အမြင့်ဆုံး အမေရိကန် အရပ်သားဆုရ

ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဗင် ဟော့ခ်ကင်းသည် အိမ်ဖြူတော်၌ အမေရိကန်၏ အမြင့်ဆုံး အရပ်သား ဆုဖြစ်သည့် Presidential Medal of Freedom ဆုကို 12 Aug 2009 ရက်နေ့က လက်ခံရရှိခဲ့သည်။ အမေရိကန် သမ္မတ အိုဘားမားမှ ဂုဏ်ပြုရန် ရွေးချယ်ထားသည့် ပေါ်လွင်ထင်ရှားသည့် လူပုဂ္ဂိုလ် 16 ဦး ထဲ၌ ကိန်းဗရစ် တက္ကသိုလ်၏ သီအိုရီ ရူပဗေဒ ပညာရှင် စတီဗင် ဟော့ခ်ကင်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ရွေးချယ်ခံထားရသူ အားလုံးသည် သူတို့၏ လုပ်ငန်းများတွင် “ပြောင်းလဲခြင်း ကိုယ်စားလှယ်များအဖြစ်” သတ်မှတ်ခြင်းခံထားရသူများဖြစ်သည်။ ယင်း ရွေးချယ်ခံထားရသူများထဲတွင် တချိန်က ကုလသမဂ္ဂ လူ့အခွင့်ရေးဋ္ဌာန ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးသူ အိုင်းရစ် သမ္မတဟောင်း Mary Robinson၊ တောင်အာဖရိက အင်္ဂလီကန် ခရစ်ယန် ဂိုဏ်းချုပ် Desmond Tutu ၊ နံမည်ကြီး ရုပ်ရှင် သရုပ်ဆောင် Sidney Poitier ၊ တန်းနစ် အကျော်အမော် Jean King တို့ဖြစ်ကြသည်။

ဦးနှောက် ကင်ဆာအတွက် ကြိုးပမ်းအားထုတ်နေသော Senator Edward Kennedy လည်း အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ သို့သော် Senator Edward Kennedy သည် 11.8.2009 ရက်နေ့က ကွယ်လွန်သွားသော သူ၏ အမ Eunice အတွက် ၀မ်းနည်း ပူဆွေးနေသဖြင့် အခမ်းအနားသို့ မတက်ရောက်နိုင်သောကြောင့် သူ၏ ကိုယ်စား သူ့သမီး Kara က တက်ရောက်ခဲ့သည်။

ကွယ်လွန်ပြီးမှ ဆုချီးမြှင့်ခြင်း ခံရသူမှာ 1978 ခုနှစ်က လုပ်ကြံခံခဲ့ရသည့် မိန်းမလျှာ အခွင့်အရေးအတွက် လှုပ်ရှားသူ Harvey Milk ဖြစ်သည်။ “ Milk ” ရုပ်ရှင်ကားတွင် ဆန်ဖရန် စစ်စကို နိုင်ငံရေးသမားအဖြစ် သရုပ်ဆောင်ကွက် အတွက် အော်စကာဆုရရှိခဲ့သည့် သရုပ်ဆောင် Sean Penn သည်လည်း
ရွေးချယ်ခြင်းခံခဲ့ရသည်။

အသက် 67 နှစ်အရွယ် စတီဗင်ဟော့ခ်ကင်းသည် ကွမ်တမ်ဆွဲငင်အားနှင့် အနန္တစကြဝဋ္ဌာဗေဒ ပညာရပ်နယ်ပယ်တို့ဖြင့် လူသိများထင်ရှားခဲ့သည်။

Source : Daily Mail

0 comments

Leave a Reply