You Are Here: Home» myanmarnews , news » ဂျွန်ဝီလျှံယက်တော အမေရိကန်အထက်လွှတ်တော်အမတ်နှင့် အတူ ပြည်တော်ပြန်လာမည်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ရေကူးဝင်ရောက်ခဲ့သူ ဂွှန်ဝီလျှံယက်တောအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော စစ်အာဏာရှင် အစိုးရက ၎င်းအား အမေရိကန်နိုင်ငံသို့  ပြန်လည်နေထိုင်ခွင့် ပေးလိုက်ပြီဖြစ်သည်။ ဤအဖြစ်အပျက်သည် အများက ကြိုတင်မျှော်လင့်ထားသည့်အတိုင်းဖြစ်၍ မည်သို့ မျှထူးဆန်းခြင်းမရှိခြေ။

ယက်တောအား ထောင်ဒဏ်ချမှတ်လိုက်သည့် သတင်းထွက်ပေါ်လာသည့်အခါ ၄င်း၏ဇနီးသည်က ယက်တောသည် ကျန်းမာရေးချို့ ယွင်းအားနည်းသူ ဖြစ်သောကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခံရမည့် ကိစ္စသည် မည်သို့ မျှ မဖြစ်နိုင်ကြောင်း၊ ပြန်လည်၍ လွတ်လာမည်ထင်ကြောင်း သတင်းဌာနများသို့ ပြောကြားခဲ့သလို မြန်မာနိုင်ငံရေးအသိုင်းအသိုင်းမှလည်း အမေရိကန်နိုင်ငံသားကို အကျဉ်းချမည့် ကိစ္စအား ယုံကြည်မှုမရှိကြောင်း၊ ယက်တော မကြာခင် ပြန်လည် လွတ်မြေက်လာမည်ဖြစ်ကြောင်း သတင်းထင်မြင်ချက်ရေးသားခွင့်ရသည့် ဧရာဝတီနှင့် အခြားသော အင်တာနက် ၀က်ဆိုဒ်များတွင် ၀င်ရောက်ရေးသား မှတ်ချက်ပေးခဲ့ကြသည်။

ယက်တောသည် မြန်မာနိုင်ငံသို့ ခေတ္တအလည်အပါတ်ရောက်ရှိနေသော အထက်လွှတ်တော်အမတ် ဂျွန်ဝက်ဘ်နှင့်အတူ ထိုင်းနိုင်ငံသို့ လိုက်ပါသွားမည်ဖြစ်ပြီး ထိုမှတဆင့် အမေရိကန်သို့ပြန်မည် ဖြစ်သည်။
မြန်မာနိုင်ငံရေးသတင်းများကို အစဉ်တစိုက်ရေးသားနေသူ ထိုင်းနိုင်ငံအခြေစိုက် လယ်ရီဂျာဂန်က အယ်လ်ဂျာဇီးရာသတင်းဌာနသို့ ပြောကြားရာတွင် အထက်အလွှတ်တော်အမတ်ရဲ့ မြန်မာနိုင်ငံအလည်အပါတ်ခရီးအကြောင်းကို ထဲထဲဝင်ဝင် ဖတ်လွန်းရင် အန္တာရယ်များလှပါတယ်၊ ကျွန်တော်တို့ အနေနဲ့ နားလည်ထားရမှာက အိုဘားမားရဲ့ အုပ်ချူပ်မှု အဖွဲ့ အစည်းအတွင်းမှာရော၊ မြန်မာအစိုးရ အတွင်းမှာပါ အရေးပါတဲ့ နိုင်ငံရေးမူဝါဒပြောင်းလဲသွားတယ် လို့ မဆိုနိုင်ပါဘူး၊ ဒါပေမဲ့လည်း ဒီအလည်အပါတ်ခရီးစဉ်ဟာ သိပ်ကို အရေးပါအရာရောက်တဲ့ ခရီးစဉ်ပါ၊ ဘာ့ကြောင့်လဲဆိုတော့ ကုလသမဂ္ဂ အထူးကိုယ်စားလည် အီဘရာဟင်ဂန်ဘာရီ တောင်မှ ဦးသန်းရွှေကို တွေ့ ခွင့်မရခဲ့ဘူး မဟုတ်လားဟုဆိုခဲ့သည်။

Thet Thet Tun
Sources: Mizzima, Google News
Tags: myanmarnews , news

0 comments

Leave a Reply