You Are Here: Home» astrology , social » အများကြားမှာ ရေပန်းစားတဲ့ ကရကဌ်ရာသီဖွား

ကရကဌ်ရာသီဖွား (ကင်ဆာ) ဇွန်လ ၂၃ မှ ဇုူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ နှင့် မွေးချိန်အလိုက် ကရကဌ်ဂြိုလ်ရရှိသူများ

ထင်ရှားကြော်ကြား မြန်မာ ကရကဌ်ရာသီဖွားများ၊  ။ ဦးတေဇ (Htoo Trading)၊ ကျော်ဟိန်း၊ ကိုဝေထွန်း (နဝရတ်)၊ ဗိုလ်ချုပ်ရွှေမန်း၊ Lady Diana, Tom Hanks, Nelson Mandela, George W Bush, Dalai lama, Julian Assange (Wikileaks founder)

စိတ်ဓါတ်ရေးရာနှင့် လူနေမှုဘဝ

ငယ်ရွယ်စဉ် ကလေးဘဝက အကြောင်းများနှင့် မိခင်ဖြစ်သူနှင့် သက်ဆိုင်သောအကြောင်းများက ဘဝတလျှောက်လုံးကို လွှမ်းမိုးထားသည်။ ကရကဌ်ရာသီဖွားများကို အစွဲအလန်းကြီးမားသူ၊ စိတ်အလွန် လှုပ်ရှားထိခိုက်လွယ်သူများအဖြစ် တွေ့ ရလေ့ရှိသည်။ တချိန်နှင့်တချိန် မတူ၊ ဝမ်းနည်း၊ ဝမ်းသာ၊ ဒေါသထွက်၊ စိတ်ပြေလွယ်၊ စိတ်ညစ်လွယ်၊  အပြောင်းအလွဲမြန်ဆန်လွန်းသဖြင့် နားအလည်ရခက်လှသည်။ ဒေါသဖြစ်လျင် ကြမ်းတမ်းသယောင် ယူဆရသော်လည်း တဖက်သားကို လွန်စွာသနားညှာတာတတ်သူများ အကူအညီပေးချင်သူများအဖြစ်  တွေ့ ရလေ့ ရှိသည်။  ဆင်းရဲသား၊ အညတရများ၏ ဘက်မှ ရပ်တည်လိုသူ လူမှုရေးနှင့် နိုင်ငံရေးဝါသနာပါသော လူစွမ်းကောင်းများလည်း ဖြစ်သည်။
ရိုးရာထုံးတမ်းစဉ်လာများကို လိုက်နာကာ ပေါင်းသင်းဆက်ဆံရေးကောင်းသူ၊ မိတ်ဆွေပေါများသူ၊ ကောင်းမွန်စွာ ဝတ်စားဆင်ယင်တတ်သူများဖြစ်သည်။ အဖိုးတန်ပစ္စည်းကောင်းများြ့ကိုက်နှစ်သက်တတ်သည်။ အမျိုးသားရော အမျိုးသမီးများပါ မျက်နှာဝိုင်းပြီး၊ ကိုယ်နေခပ်ဖိုင့်ဖိုင့်ရှိတတ်သည်။


ကရကဌ်ရာသီဖွားအမျိုးသမီးများ နှလုံးသားရေးရာ၊ လူနေမှုဘဝ

အနောက်တိုင်းဗေဒင်ဆွေးနွေးခန်းများတွင် ၄င်းတို့ အား မျက်နှာများသူများအဖြစ် သမုတ်ထားသည်ကို တွေ့ ရသည်။ သို့ သော်လည်း လွန်စွာသနားတတ်သူ၊ ချစ်ခင်ကြင်နာသူတတ်သူများအဖြစ် တွေ့ ရလေ့ ရှိသည်။ သားသမီးများကို ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ခြင်း၊ ခင်ပွန်းဖြစ်သူနောက် သွားလေရာတကောက်ကောက်လိုက်နေခြင်း ကြောင့် လွတ်လပ်စွာနေလိုသော ခင်ပွန်းနှင့် တွေ့ လျှင် အဆင်မပြေတတ်ကြ။ သုတို့ သည်လည်း အမျိုးသားများကဲ့သို့ပင် ငွေကြေးခိုင်မာတောင့် တင်းရန်  အမြဲတစေ ရုန်းကန်နေသည်ကို တွေ့ ရတတ်သည်။ ငွေကို ပျော်ရွင်မှုအတွက်သာ ရှာဖွေပြီး ကိုးကွယ်သော အစားထဲတွင် သူတို့ မပါတတ်။ ချစ်သူအမျူိးသားရှာဖွေလာသောငွေကို စည်းစံနစ်တကျသုံးစွဲပြီး တဖက်တလမ်းမှ ငွေဝင်အောင် နည်းမျိုးစုံနှင့် ကြံဆတတ်သည်။ စိတ်ဝင်စားဖွယ်ရာ ရုပ်ရည်မျိုးရှိတတ်ပြီး လွယ်လင့်တကူ ချစ်ကျွမ်းဝင်တတ်ကြသည်။ များသောအားဖြင့် သစ္စာရှိတတ်သော်လည်း အခြေအနေအကြောင်းတစုံတရာ ပေါ်ပေါက်လာပါက ဖေါက်ပြန်တတ်သည်။ (ဥပမာ။ လေဒီဒိုင်ယာနာ သည် ခင်ပွန်းဖြစ်သည်နှင့် ကင်မလာတို့ ၏ပြဿနာကြောင့် အမျိုးသား ၃ယောက်ခန့်နှင့် ဆက်တိုက်ကျူးလွန်ဖေါက်ပြားခဲ့သည်။)။


ကရကဌ်ရာသီဖွားအမျိုးသားများ၏ နှလုံးသားရေးရာ

စကားပြောနူးညံ့သူ၊ ယဉ်ကျေးသိမ်မွေ့ သူ၊ ရိုးရာထုံးတမ်းစဉ်လာများကို လိုက်နာစောင့်ရှောက်ကာ သိုက်သိုက်ဝန်းဝန်း နေထိုင်တတ်သူဖြစ်၍ ချစ်သူ၊ကြိုက်သူ၊ အထင်ကြီးသူ မိန်းကလေးများ ဝိုင်းဝိုင်းလည်နေတတ်သည်။ မိတ်ဆွေအမျိုးသမီးများနှင့် ထွေးရောယှက်တင် နေထိုင်တတ်သော်လည်း မိမိတို့ တကယ်ချစ်သူများကို အချိန်ကြာကြာစောင့်ကြည့်ကာ ချစ်ရေးဆိုရန် မဝံ့မရဲ ဖြစ်နေတတ်သည်။ ချစ်သူ၏ ငြင်းပယ်ခြင်း၊ စွံ့ ခွါခြင်းမှာ စဉ်းစားလက်ခံ၍ မရနိုင်သော အရာဖြစ်သည်။ ချစ်သူနှင့် တွေ့ သောအခါ အလွန်အချစ်ခံချင်သူများ၊ ကြင်နာယုယမှုကို လွန်စွာလိုလားသူများ၊ အဖြစ် တွေ့ ရတတ်သည်၊ သစ္စာဖေါက်သော ချစ်သူကို လုံးဝ ခွင့်မလွတ်တတ်။

လူတော်လူကောင်းဟု သတ်မှတ်ခံထားရ၍ ပါတ်ဝန်းကျင်က သင့်လျှော်သော အမျိုးသမီးများနှင့် အကြောင်းဖက်စေရန် မကြာခဏ ကမ်းလှမ်းခြင်းခံရသူများဖြစ်သော်လည်း ပေါင်းစပ်ရန် အဆင်မပြေနိုင်သော အမျိုးသမီးများနှင့် ချစ်ကျွမ်းဝင်တတ်သည်။ ပါတ်ဝန်းကျင်၏ ထင်မြင်ယူဆချက်မှာ သူတို့ ၏ဘဝအတွက် လွန်စွာ အရေးပါလှပေရာ၊ ပါတ်ဝန်းကျင်နှင့် နှလုံးသားဆန္ဒအကြား အကြီးအကျယ်လွန်ဆွဲရတတ်သည်။

အမျိုးသားများ၏ အိမ်ထောင်ရေး

အနောက်တိုင်း ဗေဒင်က ကရကဌ်ရာသီဖွားများသည် ချမ်းသာကြွယ်ဝသူ၊ အဆင့်အတန်းမြင့်မားသူများကိုသာ လက်ထပ်လေ့ရှိသည်ဟု ဆိုသည်။ အမျိုးသားများသည် အသက်ကြီးမှ အိမ်ထောင်ကျတတ်ပြီး စောစောအိမ်ထောင်ကျခဲ့လျင် အိမ်ထောင်တဆက်တည်းနှင့် မမြဲတတ်ကြောင်း တွေ့ ရတတ်သည်။ ဤသို့ ဖြစ်ရသည်မှာ အသက်ကြီးပိုင်းသို့ ရောက်သောအခါ ရင့်ကျက်တည်ငြိမ်၍ စိတ်ဓါတ်ခိုင်မာသော အမျိုးသမီးများကိုသာ ချစ်တတ်လာသောကြောင့်ဟု ဆိုသည်။ သူတို့သည် ပညာတတ်အထက်တန်းလွှာမှ အမျိုးသမီးများ၊ ဆုံးဖြတ်ချက်ခိုင်မာကာ နားလည်မှုရှိသော အမျိုးသမီးများနှင့် ရေရှည်လက်တွဲနိုင်ကြောင်း တွေ့ ရသည်။ အများစုမှာ အိမ်ထောင်ဖက်အပေါ် သစ္စာရှိသူများ ဖြစ်ကြသည်။ ဤနေရာတွင် အိမ်ထောင်ဖက်အပေါ် သစ္စာရှိခြင်းဆိုသည်မှာ အပျော်အပါးရှိကောင်းရှိနိုင်သော်လည်း မိမိ၏မိသားစုနှင့် အသိုင်းအဝိုင်းကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အိမ်ထောင်တဆက်တည်းနှင့် မြဲရန် ကြိုးစားခြင်းကို ဆိုလိုသည်။

ကရကဌ်ရာသီဖွား အမျိုးသားများ၏ စီးပွားရေး

ငွေကြေးခိုင်မာတောင့်တင်းမှုသည် ကရကဌ်ရာသီဖွားများ၏ ဘဝပန်းတိုင်ဖြစ်သည်။ အနောက်တိုင်းဗေဒင်က ကရကဌ်ရာသီဖွာုးုတိ့ သည် စီးပွားရေးနှင့် စီမံခန့်ခွဲအုပ်ချုပ်မှုတွင် လွန်စွာကျွမ်းကျင်သည်ဟု ဆိုသည်။  အများစုမှာ အနုပညာသမားများဖြစ်ကြ၍ အနုပညာနှင့် ဆက်နွယ်သော လုပ်ငန်းများ၊ စာနယ်ဇင်းလုပ်ငန်း၊ လူမှုရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း၊ ပညာပေး ဆွေနွေးအကြံပြုခြင်းလုပ်ငန်းများမှာ သင့်တော်သော လုပ်ငန်းများဖြစ်သည်။

အားနည်းချက်။ ။ စိတ်အလွန် ထိခိုက်လွယ်၊ စိတ်ညစ်လွယ်၊ အပြောင်းအလွဲ လွန်စွာ မြန်ဆန်၊ နားလည်ရခက်သည်။
အားသာချက်၊ ။ စီးပွားရေးတွင်ကျွမ်းကျင်၊ ပေါင်းသင်းဆက်ဆံရေးကောင်း၊
သင့်လျှော်သော အိမ်ထောင်ဖက်၊ ၊ သစ္စာရှိသော အိမ်ထောင်ဖက်များကို ရွေးချယ်သင့်သည်။ ၄င်းတို့ မှာ ကန်ရာသီဖွား၊ မကာရရာသီဖွား၊ ပြိဿရာသီဖွားတို့ ဖြစ်သည်။


မှီငြမ်း။ ။ အနောက်တိုင်း ဗေဒင်ဆွေးနွေးခန်းများ၊ သတင်းများနှင့် ကိုယ်တိုင်အတွေ့ အကြုံများကို ပေါင်းစပ်ရေးသားသည်။
Tags: astrology , social

0 comments

Leave a Reply