You Are Here: Home» computer , technology » Gamer တို့ရဲ့ Blizzard




Undead တို့ရဲ့တကျော့ပြန်

Gameဂျိုးတို့ရဲ့ ပျော်ပွဲ

<<World of Warcraft : Cataclysm>>
December လ 7 ရက်နေ့မှာ Blizzard Entertainment ကနေပြီးတော့ World of Warcraft ရဲ့ တတိယ မျိုးဆက်လို့ခေါ်ရမယ့် Cataclysm ကို စတင်ဖြန့်ဝေခဲ့ပါတယ်။ World of Warcraft သမားတွေအတွက်ကတော့ သတင်းကောင်းဆိုလဲ မမှားပါဘူး။ Cataclysm အကြောင်းကို သိနေပြီဖြစ်တဲ့ သူတွေလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ဆော့ဖူးတဲ့သူမရှိသလောက်ရှားတဲ့အတွက် Updates တွေနဲ့ Changes တွေကို သိဖို့ ဟိုနေ့က Wikipedia နဲ့ WoWwiki မှာ ရှာဖတ်ကြည့်လိုက်မိပါတယ်။

World of Warcraft ဆိုတာ ဘာလဲ? World of Warcraft ကိုဘယ်လိုကစားရသလဲ? Warcraft နဲ့ဘာကွာသလဲ?

အဲ့ဒီမေးခွန်းတွေက World of Warcraft ဆိုတာကိုစိတ်ဝင်စားတဲ့သူတိုင်းမေးမိကြမှာအမှန်ပါပဲ။ ကျွန်တော်လဲ World of Warcraft ကို အရင်တုန်းကတော့ ဘာမှမသိခဲ့ပါဘူး။ စပြောရမယ်ဆိုရင် World of Warcraft ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူဆော့များတဲ့ DotA ရဲ့အခြေခံဖြစ်တဲ့ Warcraft III ဆိုတာကို အခြေခံထားတာလို့ပြောမယ်ဆိုလဲမမှားပါဘူး။ DotA ဆော့တဲ့သူတော်တော်များများကို ကျွန်တော်မြင်ဖူးတယ်။ DotA !!! DotA !!! နဲ့သာအော်နေကြတာ။ Warcraft III ရဲ့ဇာတ်လမ်းကြောင်းကို မသိတဲ့သူတွေမှ အများကြီး။ DotA ဆော့ရင် ပြောနေကြတယ်။ Drow Ranger, Windrunner နဲ့ တကယ်တော့ Warcraft III ရဲ့ဇာတ်လမ်းမှာ Windrunner ဆိုတာ Drow Ranger ကိုပြောတာပါပဲ။ Drow Ranger ရဲ့ နာမည်အရင်းက Lady Sylvanas, Windrunner ပါ။ Banshee Queen ပေါ့။ နောက်ပြီး Arthas, Avernus နဲ့ပြောနေကြတာ  Arthas နဲ့ Avernus နဲ့ တစ်ယောက်ထဲကို ၀င်ပြောရင် သူတို့က ရီချင်ကြသေးတယ်။ ဇာတ်လမ်းထဲမှာ Prince Arthas က Lich King ရဲ့ Frostmourne ဓားကိုရပြီးတော့ Death Knight တွေရဲ့ ဘုရင် Lich King ဘွဲ့ကိုရခဲ့တာပါပဲ။ ပြောနေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး။

ဂိမ်းဆော့ဖို့အတွက် Window နဲ့ လိုအပ်ချက်များ
Window
* Windows XP, Windows Vista or Windows 7 (32- & 64-bit supported)
* Intel Pentium 4 1.3 GHz or AMD Athlon XP 1500+
* 1GB or more of RAM
* NVIDIA GeForce FX or ATI Radeon 9500 video card or better
* 25 GB free hard drive space
* Broadband Internet connection

Mac OS X
* Mac OS X 10.5.8, 10.6.4, or newer:
* Intel Core Duo processor
* 2 GB RAM
* ATI or NVIDIA video card with 64 MB Video RAM or more
* 25 GB free hard drive space
* Broadband Internet connection

ဒါတွေကတော့ Cataclysm ဆော့မယ်ဆိုရင် အနည်းဆုံး လိုအပ်တဲ့ Computer System Requirement တွေပါ။ World of Warcraft က ရုပ်ထွက်ကောင်းရင် ကောင်းသလောက် ကစားသူကို ဆွဲဆောင်နိုင်တဲ့ Game မျိုးပါ။ ဒါပေမယ့် စက်က အရမ်းထစ်တာ စက်ရပ်သွားတတ်ရင်တော့ ကြာကြာဆော့လို့အဆင်ပြေမှာမဟုတ်ပါဘူး။

"K"
 <<Lady Sylvanas Windrunner>>
Silvermoon ရဲ့ Ranger-General ဖြစ်ခဲ့ဖူးတဲ့ Sylvanas Windrunner က Death Knight, Arthas ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး Undeath ပုံသဏ္ဍာန်အဖြစ် အသက်ပြန်သွင်းခံခဲ့ရသူပါ။ သူမရဲ့ လွတ်လပ်ခွင့်ကိုပြန်လည်ရရှိပြီးတဲ့နောက်မှာ Sylvanas က Lich King နဲ့ Scourge ကိုဆန့်ကျင်ပြီးတော့ Horde တွေနဲ့ မဟာမိတ်ဖြစ်တဲ့ Frosaken လို့အမည်ရတဲ့ Undead အဖွဲ့အစည်းကိုတည်ထောင်သူဖြစ်လာခဲ့ပါတယ်။ Sylvanas က သူမ ကိုယ်ကိုယ် “the Dark Lady, Queen of the Forsaken” အဖြစ်သတ်မှတ်ခဲ့ပြီး Original Title ကတော့ “the Banshee Queen” ပါ။
Lady Sylvanas Windrunner <the Banshee Queen>
Forsaken ရဲ့ Leader တစ်ယောက်အနေနဲ့ Eastern Kingdoms မှာရှိတဲ့ Horde တွေအတွက် Sylvanas က Military genius တစ်ယောက်ဖြစ်ခဲ့ပါတယ်။ Alleria ရဲ့ညီမ နဲ့ Vereesa Windrunner ရဲ့အစ်မဖြစ်သလို သူမဟာ High Elf တွေရဲ့နိုင်ငံ Quel’Thalas ရဲ့ Ranger-General တစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ Quel’Thalas ကို Arthas ကျူးကျော်လာတုန်းကလည်း Sylvanas ဟာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပေမယ့်လည်း Silvermoon ကျရှုံးခဲ့ပါတယ်။ Arthas က သူမကို Undead minion အဖြစ်အသက်သွင်းခဲ့သော်လည်း နောက်ပိုင်း Lich King ရဲ့ Minions တွေကိုထိန်းချုပ်မှုလျော့ရဲလာတဲ့အခါမှာတော့ Sylvanas က တခြား Undead တွေနဲ့အတူတူ သူမရဲ့လွတ်လပ်ခွင့်ကိုရရှိပြီးတဲ့နောက်မှာ Lordaeron မှာကြီးစိုးနေတဲ့ Dreadlords တွေကိုသူမရဲ့စစ်အင်အားနဲ့တိုက်ခိုက်ခဲ့ပါတယ်။ နောက် Nathrezim နှစ်ယောက်ကိုသတ်ပြစ်ခဲ့သလို တတိယမြောက်ဖြစ်တဲ့ Varimathras ကိုတော့ သူမရဲ့လက်အောက်အခစားဝင်စေခဲ့ပါတယ်။ Sylvanas ကသူမရဲ့စစ်အင်အားကို undead the Forsaken အဖြစ်နာမည်ပြောင်းလဲခဲ့သလို သူမကိုယ်တိုင်ကိုယ်လည်း သူတို့ ဘုရင်မအဖြစ် ဖွင့်ဟပြောကြားခဲ့ပါတယ်။

သူမရဲ့ခေါင်းဆောင်မှုနောက်မှာ the Forsaken တွေက Scourge ကိုသာမက Scarlet Crusade ကိုပါ ဟန့်တားနိုင်ခဲ့ပါတယ်။ Sylvanas မှာ တိကျတဲ့ထူးခြားကျွမ်းကျင်တဲ့ ခေါင်းဆောင်မှု စစ်ဘက်ဆိုင်ရာနည်းဗျူဟာတွေအပြင် လေး တစ်လက်လဲရှိပါတယ်။ နောက်ပြီး သွေးစုပ်နိုင်တဲ့ Skeletons တွေကို ဖန်တီးနိုင်တဲ့ Mind Control လုပ်နိုင်တဲ့ Demon magic တွေကိုလည်းသူမက တတ်မြောက်ထားပါတယ်။ Sylvanas က Azeroth မှာ အတော်ဆုံး Archer ပါ။ သူမ မျက်စိရှေ့မှာတင် ပျံသန်းနေတဲ့ငှက်တစ်ကောင်ကိုတောင် ထိအောင်ပစ်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ သူမဟာ Dath’Remar Sunstrider ပိုင်ဆိုင်ခဲ့တဲ့ Sunstrider’s Longbow ကို ကိုင်ဆောင်ထားပါတယ်။ အဲ့ဒါလေးက Ranger-General အဖြစ် Sylvanas ရောက်ရှိတုန်းက ရရှိထားတာပါ။
 
"K"
ခေတ်သစ် WarCraft ပုံစံနဲ့ StarCraftII



Source : blizzard, K's Dream

0 comments

Leave a Reply