လူငယ်တွေ ဟာ သိပ်ဖြစ်ချင်တဲ့ စိတ်ဟာကိုယ်ပိုင် အရင်းအနှီးမပါဘဲ အကျိုးရလာဒ်ကိုသာ မျှော်ကြည့်နေတဲ့ စိတ်မျိုးမဖြစ်သင့်ပါဘူး... ချမ်းသာချင်တယ်... ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်ချယ်တယ်. ပညာရှင်ကြီး ဖြစ်ချင်တယ်. စတဲ့ ရည်မှန်းချက်တွေ ၊ စိတ်ကူးတွေ ဟာ လူတိုင်းမှာ ရှိတတ်ကြပါတယ်...
တချို့ကတော့ ငယ်ငယ်ကတည်း က အကြံကြီးပါတယ် တချို့ကတော့ အတော်ကြီးလာတဲ့တိုင်အောင် ဘာလုပ်ချင်တယ်လို့ ရည်ရွယ်ချက်မရှိပဲ အဖေခိုင်းတာ လုပ်မယ်ဆိုပြီး ကိုယ်ပိုင် စိတ်ကူး မဲ့နေတတ်ကြပါတယ်... အကြောင်းအားလျော်စွာ စိတ်ကူးပြောင်းလဲ တတ်တဲ့ သဘောကတော့ ရှိပါတယ်...
ဒါပေမယ့် အကျိုးအမြတ်ကိုသာကြည့်ပြီး အလုပ်တန်ဖိုး အစစ်အမှန်ကို မကြည့်တတ်သူများဟာ အလုပ်ကို မစူးစမ်းရသေးခင် နောက်တစ်ခု ပြောင်းလုပ်ဖို့ စိတ်ကူးတတ်ပါတယ်... ဘာမှ မလုပ်ရသေးခင် ကတည်းက စိတ်ကူး ခဏခဏ ပြောင်းတတ်တဲ့ သူဟာ တကယ်တမ်း အလုပ်စတဲ့ အခါမှာ အခက်အခဲ အသေးအဖွဲကို တွေ့တာနဲ့ စိတ်ဓာတ်ကျသွားတတ်ပါတယ်...
ဒါကြောင့် စိတ်ကူးစပြီးယဉ်ကတည်းက အကျိုးအမြတ်တစ်ခုတည်းကို သာ မကြည့်ပါနဲ့ အလုပ်ရဲ့ အနှစ်သာရ အလုပ်ရဲ့ သဘောသဘာဝကိုပါ ကြည့်တတ်ကြဖို့လိုပါတယ်...
အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ရဲ့ အင်အား ကိုယ့်ရဲ့အချိန် စသည်တို့ကို လေလွင့်ပြုန်းတီးမှုမရှိအောင် ထိန်းပြီး လုပ်တတ်တဲ့သူများက အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ရည်ကိုယ်သွေး တက်လာတတ်ပါတယ်. . ဘဝရဲ့တန်ဖိုးကို အလုပ်ဖြစ်အောင်... စိတ်ကူးကောင်းထုတ်နိုင်ဖို့နဲ့ စိတ်ကူးကို အကောင်အထည် ဖော်ဖို့ အရေးကြီးပါတယ်...
အားလုံးကိုချစ်ခင်လေးစားလျှက်...
ဒေါက်တာ မတင်ဝင်း
0 comments