”နိုင်ငံခြားသူတွေကို လက်ထပ်သူအများစုဟာ ရာဘာခြံအလုပ်သမားတို့၊ ငါးဖမ်းသမားတို့ စသည်ဖြင့် ဆင်းရဲသားတွေ ဖြစ်ပြီး အသက်လတ်ပိုင်း အမျိုးသားအများစု ပါဝင်ပါတယ်။ သူတို့တွေက လက်ထပ် စာချုပ်တွေသုံး၊ အယောင်ဆောင်လက်ထပ်ပြီး ဒီအမျိုးသမီးတွေကို မလေးရှားမှာ နေထိုင်ခွင့် တစ်နှစ်ရအောင်လုပ်ပေးကြတယ်” ဟု လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက်က ဆိုသည်။
”ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အလုပ်လုပ်တဲ့ မိန်းမတွေကို ဖမ်းမိပြီဆိုရင် ဒီမိန်းမတွေက မလေးရှားကို လူမှုရေးဗီဇာနဲ့ လာနေတာပါလို့ ပြောတော့တာပဲ” ဟု ပယ်ရပ်ပြည်နယ်မြောက်ပိုင်းမှလူဝင်မှုကြီးကြပ် ရေး ဌာန၏ ညွှန်ကြားရေးမှူး ”မိုဟာမက်ရှုခရီနာဝီ” က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။ ”လက်ထပ်ထားပါတယ်ဆိုတဲ့ ယောင်္ကျားတွေကို ခေါ်လိုက်ရင် အသက်သိတ်ကွာနေတာကို တွေ့ရ တယ်။ ပြီးတော့ ဒီလောက်ဆင်းရဲတဲ့လူတွေက နိုင်ငံခြားသူတွေကို လက်ထပ်ဘို့အတွက် အေးဂျင့်ကို ပေးရတဲ့ ငွေက နည်းတာမဟုတ်ဘူး။ သူတို့ ဒီငွေတွေ ဘယ်က ရလဲဆိုတာ မသင်္ကာရာက စပြီး ဒီကိစ္စ ပေါ်ပေါက်လာတာပဲ ဟု ”ရှုခရီနာဝီ” က ဆိုသည်။
အဆိုပါအမျိုးသမီးအများစုမှာ တရုတ်နှင့် ဗီယက်နမ်မှ ဖြစ်ကြပြီး ညကလပ်များတွင် အလုပ်လုပ် သည်ဟု အေအက်ဖ်ပီသတင်းစာက ရေးသားသော်လည်း ၎င်းတို့သည် တရားမဝင်လုပ်ငန်းများ ဖြစ်သည့် ပြည့်တန်ဆာလုပ်ငန်းများနှင့် ဆက်စပ်ခြင်း ရှိမရှိကိုမူ လူဝင်မှုကြီးကြပ်ရေးအရာရှိ က ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။
အယောင်ဆောင်လက်ထပ်ထားသော နိုင်ငံခြားသူများကို ဖမ်းမိလျှင် ပြည်နှင်ဒါဏ်ပေးမည် ဖြစ်ပြီး မလေးအမျိုးသားများကိုမူ လောလောဆယ်တွင် မည်သို့မျှ အရေးယူ၍ ရမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အမှုနှင့် ပါတ်သက်ပြီး ထုတ်ပြန်ထားသော ဥပဒေများမရှိ၍ဟုဆိုသည်။
ပင်လုံသစ္စာ
0 comments