You Are Here: Home» news , worldnews » ဆိုမာလီပင်လယ်ဓါးပြများအား ဖမ်းဆီးနှိမ်နှင်းခဲ့

ဆိုမာလီပင်လယ်ဓါးပြများအသုံးပြုခဲ့တဲ့ AK-47 လက်နက်များဖြစ်ပါတယ်။ ၂၀၁၁၊ ဇန်နဝါရီ၊ ၂၁ ရက်တွင် တောင်ကိုရီးယားရေတပ်မှ အာရေဘီယန်းပင်လယ်တွင် ပင်လယ်ဓါးပြများကို ဖမ်းဆီးနှိမ်နှင်းခဲ့တာဖြစ်ပါတယ်။ ဓါတုပစ္စည်းများသယ်ဆောင်လာတဲ့ တောင်ကိုရီးယားသဘောင်္ကို ဆိုမာလီဓါးပြများ အနုကြမ်းစီးထားရာမှ သဘောင်္သားများကို တောင်ကိုရီးယားရေတပ်မှ ကယ်ဆယ်ခဲ့ခြင်းဖြစ်တယ်လို့ သမ္မတလီမြောင်ဘတ်က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးနှိမ်နင်းရာတွင် ပင်လယ်ဓါးပြငါးယောက်ကိုဖမ်းဆီးမိခဲ့ပြီး ရှစ်ယောက်မှာသေဆုံးသွားခဲ့ပါတယ်။ သင်္ဘောပေါ်ရှိ မြန်မာသဘောင်္သား ၁၁ ယောက်၊ ကိုရီးယားသင်္ဘောသား ၈ ယောက်နှင် အင်ဒိုနီးရှား သင်္ဘောသား ၂ ယောက်တို့ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
တောင်ကိုရီးယားရေတပ်မှ ဝင်ရောက်ကယ်ဆယ်နေပုံ

အနုကြမ်းစီးခံခဲ့ရတဲ့ ကိုရီးယားသင်္ဘောဖြစ်ပါတယ်


တောင်ကိုရီးယားရေတပ်မှ ပင်လယ်ဓါးပြများအား ပစ်ခတ်နှိမ်နင်းဖမ်းဆီးခဲ့စဉ်

Source:Reauters, AFP (Youtube )
Tags: news , worldnews

0 comments

Leave a Reply