You Are Here: Home» edu-guide , education » အလုပ်အကိုင်ကောင်းရရှိစေရန် ပညာသင်စဉ်ကပင် ကြိုတင် ပြင်ဆင်ထားသင့်


နိုင် ငံ တ ကာ တွင် ပ ညာ သင် ကြား လျက် ရှိ သော ကျောင်း သား ကျောင်း သူ များ အ နေ ဖြင့် အ လုပ် အ ကိုင် ကောင်း ရ ရှိ ရန် အ တွက် ပ ညာ သင် စဉ်  ကြို တင် ပြင် ဆင် ထား သင့် ကြောင်း Synergy Education မှ တာ ဝန် ရှိ သူ တစ် ဦး က အ ကြံ ပြု ပြော ကြား သည်။

နိုင် ငံ ခြား မှာ အ လုပ် အ ကိုင် ကောင်း ကောင်း ရ ရှိ ဖို့ က ပ ညာ သင် ယူ စဉ် က တည်း က ကြို တင် ပြင် ဆင် ထား ဖို့ လို ပါ တယ်။ အ င်္ဂ လိပ် စာ လည်း ကောင်း ရ မယ်။ ကိုယ် တက် တဲ့ တ က္က သိုလ် က လည်း ခိုင် မာ တဲ့ အာ မ ခံ ချက် ရှိ တဲ့ တ က္က သိုလ် ဖြစ် ပြီး အ မှတ် ကောင်း ကောင်း နဲ့ ဘွဲ့ ရ ထား ဖို့ လို ပါ မယ်။ကျောင်း သား အ များ စု က ပ ညာ သင် စဉ် အ ချိန် ပိုင်း အ လုပ် ကို တွဲ လုပ် ချင် ကြ တယ်။ တ ကယ် ဖြစ် သင့် တာ က ကျောင်း နေ စဉ် မှာ ကိုယ် သင် ယူ တဲ့ ဘာ သာ ရပ် ကို ကျွမ်း ကျင် အောင်၊ တတ် မြောက် အောင် ကြိုး စား သင် ယူ သင့် ပါ တယ်။ အ မှတ် ကောင်း ကောင်း နဲ့ အောင် မြင် ပြီး ဘွဲ့ ရ ခဲ့ မယ် ဆို ရင် နိုင် ငံ တ ကာ မှာ က ကိုယ့် အ တွက် အ လုပ် အ ကိုင် ကောင်း တွေ အ ခွင့် အ လမ်း တွေ အ များ ကြီး ပါ ဟု Synergy Education မှ ဒေါ် နန်း မြ မာ လာ မောင် က ပြော သည်။

          နိုင်ငံတကာတွင် အလုပ်အကိုင် ကောင်းရရှိရန်မှာ  အင်္ဂလိပ်စကားပြောကောင်းမွန်ခြင်း၊ ခိုင်မာ သောတက္ကသိုလ်မှ  အမှတ်ကောင်းကောင်း  ဖြင့်ဘွဲ့ရရှိခဲ့ခြင်း၊ ပေါင်းသက်ဆက်ဆံ ရေးနှင့်  အထွေ ထွေ ဗဟိုသုတ ရှိခြင်း၊  CV  နှင့်CoverLetter  ရေးသားခြင်း၊ အင်တာဗျူးဖြေဆိုရာတွင် ဆောင်ရန်ရှာင်ရန်   တို့ ကို သိနားလည်ခြင်း အစရှိသည်တို့ကောင်းမွန်  ပြည့်စုံရန်လိုအပ် ပေသည်။ ထို့ကြောင့် နိုင်ငံတကာတွင်  အလုပ် အကိုင်ကောင်းရရှိ လိုသော ကျောင်းသားကျောင်းသူများအနေဖြင့် အထက်ပါအချက်များကို ကျောင်းနေစဉ်ကပင်ကြိုတင် လေ့လာပြင်ဆင်ထားသင့်ကြောင်းသိရသည်။

          အချိန်ပိုင်းအလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ ကျောင်းစာနဲ့ အချိန်ပိုင်းအလုပ် မျှတအောင်မထိန်း  တတ်ရင် အဓိကျတဲ့ ကျောင်းစာမှာထိခိုက်နိုင်ပါတယ်။ဒါကြောင့်  စာသင်ရင် အချိန်ပိုင်း  လုပ်တာမျိုး အား မပေးပါဘူး။  ပညာသင်ယူ စဉ်မှာ  ကျောင်းစာနဲ့  အရည်အချင်း တိုးတက်မှုကိုပဲအာရုံစိုက်စေချင်ပါတယ်။ အလုပ်က ဘွဲ့ရပြီးရင်  တစ်သက်လုံး လုပ်သွားရမှာပါ။ အဓိကနဲ့ သာမညတော့ ခွဲခြားသိစေချင်ပါတယ်ဟု  ၄င်းက ထပ်မံရှင်း ပြခဲ့သည်။

          နိုင်ငံတကာတွင်   ပညာသင်ကြားလျက်ရှိသောကျောင်းသား အများစု မှာ  ရင့်ကျက်မှုနည်းသော  ကြောင့် ပညာသင်  ယူနေစဉ် အချိန်ပိုင်းအလုပ်  လုပ်ရာမှကျောင်းစာထက် အလုပ်ဖက်သို့ စိတ်ပို ရောက်သွား တတ်သောကြောင့်  ကျောင်းတက်မမှန်မှုများ၊  အမှတ်ကျဆင်းမှု များဖြစ်ပွားကာ  စာမေးပွဲ  ကျခြင်း၊ ကျောင်းခေါ် ဆို   ချိန်မပြည့်  သဖြင့် ကျောင်းမှ  နုတ်ပယ်ခံရခြင်း၊   ကျောင်းသားဗီဇာ ရုပ်သိမ်ခြင်း များ အထိ   အကျိုးဆက်များ  ဆိုးရွားသွား နိုင်ကြောင်းသိရသည်။   ထိုကဲ့သို့ အကျိုးဆက်ဆိုးများ မဖြစ်ပွား စေရန် ကျောင်းသားကျောင်းသူများကိုယ်တိုင်ဆင်ခြင်ကြိုးစားသင့်သကဲ့သို့ မိဘများမှလည်းမိမိတို့ သားသမီး များကို ထိန်း ကျောင်းသင့်ရန်လိုအပ်မည်ဖြစ်သည်။   ထို့ပြင်   သားသမီးများ၏ အခြေအနေမှန်ကို  သိရှိရန် ၄င်းတို့ တက်ရောက်လျက်၇ှိသော တက္ကသိုလ်ရှိ နိုင်ငံတကာကျောင်းသား ရေးရာဌာနနှင့်  ဖြစ်စေ၊ သက်ဆိုင်ရာ ပညာရေးကုမ္ပဏီ  နှင့်ဖြစ်စေ အမြဲမပြတ် ဆက်သွယ်မေးမြန်းသင့်ကြောင်း သိရသည်။ 

Source : ဟင်းလေးအိုး

0 comments

Leave a Reply