ဒါဟာ ဒစ်စနေး ကုမ္ပဏီက သူ့ရဲ့ ရုပ်ပုံလွှာ မူပိုင်ခွင့်ကို ၀ယ်ယူလိုက်ပြီဆိုတဲ့ မနေ့က ကြေငြာချက်ကို မကျေနပ်လို့ ဆန့်ကျင်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါမှမဟုတ် ပြင်သစ်နိုင်ငံက ပင့်ကူလူသားလို့ နံမည်ကျော်ကြားတဲ့ ကရိယာလွတ် အဆောက်အဦးများကိုတွယ်တက်သူ Alain Robert က အထပ် 88 ထပ်ပါ မလေးရှားနိုင်ငံရဲ့ နာမည်ကြီး အဆောက်အဦး 1,482 ပေ ရှိတဲ့ Petronas Twin Towers ကို ကြိုးလုံးဝမပါဘဲနဲ့ တွယ်တက်ခဲ့တဲ့ သဲထိပ်ရင်ဖို စွန့်စားမှု စတန့်တခုလည်း ဖြစ်နိုင်ပါတယ်။
Alain Robert ဟာ 1.9.2009 ရက်နေ့ အာရုံမကျင်းခင်မှာ လုံခြုံရေးတွေအလစ်ကို ကျော်ဖြတ်ဝင်ရောက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ အထိမ်းအမှတ် အဆောက်အဦး Petronas Twin Towers ရဲ့ တာဝါ အမှတ်(၂) ထိပ်ကို တွယ်တက်ခဲ့ပါတယ်။ ဒီ အဆောက်အဦး ဟာလည်း 2004 ခုနှစ်အထိ ကမ္ဘာ့အမြင့် ဆုံး အဆောက်အဦးအဖြစ် မှတ်တမ်းတင်ခြင်း ခံထားခဲ့ရပါတယ်။ ပြီးတော့ ဒီတွယ်တက်မှုဟာ ဒုတိယအကြိမ်မြောက် ကြိုးပမ်းအားထုတ်မှု ဖြစ်ပြီး Alain Robert ဟာ 2007 ခုနှစ်တုန်းက ဒီလိုတွယ်တက်နေစဉ် အထပ် 60 ပေါ် အရောက်မှာ အဖမ်းခံခဲ့ရပါတယ်။
အသက် 47 နှစ်အရွယ် ရှိနေပြီတဲ့ Alain ဟာ Empire State အဆောက်အအုံ၊ the Sears မျော်စင် နဲ့ Taipei 101 တို့ အပါအ၀င် ကမ္ဘာကျော် မိုးမျော် အဆောက်အအုံ 80 ကျော်ကို ကရိယာမဲ့ တွယ်တက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါအပြင် ယခင်က သြစတေးလျရဲ့ Sydney Opera House ကို လည်း တက်ခဲ့ပါသေး တယ်။ ငါးပေ ၊ ငါး လက်မသာ ရှိတဲ့ အရပ်နဲ့ ပေါ့ပါးတဲ့ ခန္တာကိုယ်က သူ့ကို တွယ်တက်ရာမှာ လွယ်ကူစေပါတယ်။ သူဟာ ရံဖန်ရံခါ တက်နေစဉ် ချွေးတွေကို စုပ်ယူဖို့ အတွက် မြေဖြူမှုန့် တစ်ထုတ်ကို အသုံးပြုလေ့ရှိ့ပါတယ်။
သူဟာ 1982 ခုနှစ်တုန်းက 15 မီတာ အမြင့်ကနေ ခေါင်းစိုက်ပြီး ပြုတ်ကျလို့ ငါး ရက်ကြာ မေ့မျောပြီး အရိုးတွေလည်း ထပ်ခါထပ်ခါ ကျိုးပဲ့ခဲ့တာ အပါအ၀င် မတော်တဆမှု နှစ်ခုကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်။ ကလေးသုံးယောက်အဖေ အိမ်ထောင်သည် Alain ဟာ အန္တရာယ်ရှိတဲ့ သူ့ရဲ့ သက်စွန့်စံဖျား လုပ်ငန်း တွေကို ကြိုးပမ်းအားထုတ်ဖို့အတွက် အစိုးရဆီက ရှားရှားပါးပါး ခွင့်ပြုချက်ရထားတာပါ၊ ပြီးတော့ သူဟာ သူတက်ပြီးလို့ အဆုံးထိရောက်သွားပြီးနောက် အမြဲလိုလို အဖမ်းခံရတာများပါတယ်။
ဒစ်စနေးကုမ္ပဏီက မနေ့က သူတို့ဟာ အံချီးဖွယ်ရာ ဟာသဇာတ်ကောင်များ အားလုံးအတွက် မူပိုင်ခွင့်ကို အမေရိကန် ဒေါ်လာ 4 သန်း အကုန်အကျခံ ၀ယ်ယူ ပြီး ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယင်း လုပ်ဆောင်ချက်သည် Iron Man, the Incredible Hulk နှင့် Spider-Man တို့ကဲ့သို့သော ဇာတ်ကောင်များကို Mickey Mouse နှင့် Toy Story တို့၏ မိသားစုဝင်များ အဖြစ် ဆောင်ကျဉ်းသွားလိမ့်မည် ဖြစ်သည်။
Alian သည် ယခုအချိန်တွင် ဖမ်းဆီးရာမှ လွတ်မြောက်လာပြီ ဖြစ်ပြီး မလေးရှားရုံးတော်က သူ့အား RM -2000 ($-564) ဒဏ်ငွေကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။
Source : Daily Mail
0 comments