တူနီရှန်းအမျိုးသမီးတစ်ဦးသည် ၁၂ဦးအရေအတွက်ရှိသော အမွှာပူးကလေးများကို တစ်ကြိမ်တည်း မွေးဖွားခြင်းဖြင့် ကမ္ဘာ့ လက်ရှိ အမွှာပူးစံချိန်ကိုချိုးမည် ဖြစ်သည်။ တူနီးရှားနိုင်ငံ တောင်ပိုင်း ဂါဖ်စာတွင် အသက်၃၀နှစ်ခန့်ရှိ A.F (နာမည်အတို) ဆိုသူ မိခင်လောင်းသည် ယခုအခါ အမွှာယောင်္ကျားလေး ၆ယောက်နှင့် မိန်းကလေး၆ယောက်ကို ကိုယ်ဝန်လွယ်ထားသည် ဟု Echourouk ပြည်တွင်းသတင်းစာက ရေးသားလိုက်သည်။ မိခင်ရော သန္ဒေသားကလေးငယ် များပါ ကျန်းမာလျှက်ရှိသည်ဟုဆိုသည်။ သူမ၏ ခင်ပွန်းဖြစ်သူက သူမသည် လွန်စွာပျော်ရွှင်လျှက်ရှိပြီး ကျန်းမာသန်စွမ်းလှုပ်ရှားလူးလွန်နေမည့် ကလေး၁၂ ယောက်ကို ထွေးပွေ့ ရန် မစောင့်နိုင်တော့လောက်အောင်ပင် စိတ်လှုပ်ရှားနေကြောင်း သတင်းဌာနသို့ ပြောသည်။ မိခင်လောင်းသည် ယခင်က ကလေးနှစ်ကြိမ် ဖျက်ချခဲ့ ဖူးသောကြောင့် ယခုကလေးများအမေရိကန်သူ Nadya Suleman နှင့် သူမ၏ အမွှာပူးကလေးများ သည် သူမ၏ သားဦးများဖြစ်သည်။ မိခင်နှင့် သန္ဒေသားများအတွက် အထူးလုံခြုံရေးအစောင့်အကြပ်များချထားပြီး သတင်းဌာနများနှင့် စကားပြောရန် ရှေ့ နေတစ်ဦးအား ငှားရမ်းပြီးဖြစ်သည်။ တူနီးရှားနိုင်ငံရှိ လူမှုစောင့်ရှောက်ရေး ဝန်ထမ်းများသည် အမွာမိခင်လောင်းနှင့် ကလေးများ၏ ကျန်းမာရေး စောင့်ရှောက်မှုကိစ္စများတွင် စိတ်ထက်သန်စွာ ပါဝင်ဆောင်ရွက်ရန် ကြော်ငြာထားပြီးဖြစ်ကြောင်း ကျန်းမာရေးအရာရှိများက Essabah daily သတင်းစာတွင် ရေးသားထားသည်။
လက်ရှိတွင် ကမ္ဘာ့ အမြင့်မားဆုံးအမွှာပူးစံချိန်ကို အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ်မှ အသက်၃၃နှစ်ရွယ် Nadya Suleman ဆိုသူက ဖန်ပြွန်တွင်းမျိုးပွားနည်းကို အသုံးပြုကာ အမွှာကလေး၈ဦး တပြိုင်တည်း မွေးခြင်းဖြင့် စံချိန်တင်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် ၈မွှာပူးကလေးများအားတပြိုင်တည်း အသက်ရှင်လျှက် မွေးဖွားခြင်းသည် ဤအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်၍ တနိုင်ငံလုံး နှစ်ထောင်းအားရဖြစ်ခဲ့ရသော်လည်း အိမ်ထောင်ဖက်မရှိသော Nadya Suleman သည် ၎င်းတွင် ကလေး၆ယောက်ရှိပြီး ဖြစ်ပါလျှက်နှင့် ၏ ကလေး၈မွှာပူး ကို မျိုးစေ့ လှူဒန်းသူအမျိုးသားတစ်ဦးထံမှရယူကာ ဖန်ပြွန်တွင်းမျိုးပွားနည်းကို အသုံးပြု သန္ဓေဆောင်ခဲ့သဖြင့် အမေရိကန်လူထုအတွင်း ဒေါမနဿပွားစရာ အုတ်အော်သောင်းတင်းဖြစ်ခဲ့ရသည်။
၎င်း၏အကျိုးဆက်အဖြစ် မျိုးပွားသန္ဒေဆောင်ခြင်းဆိုင်ရာ အထောက်အကူပြုနည်းပညာများနှင့်ပါတ်သက်ပြီး မေးခွန်းထုတ်စရာ၊ အငြင်းပွားဖွယ်ရာများဖြစ်ခဲ့ရသလို ကာလီဖိုးနီးယားပြည်နယ် ကျန်းမာရေးကြီးကြပ်မှုကော်မီတီမှလည်း ဖန်ပြွန်တွင်းသန္ဒေသား၈ဦးအတွက် စစ်ဆေးစုံစမ်းမှုများ ပြုလုပ်ခဲ့သည်။
စိတ်ပါဝင်စားပါက http://en.wikipedia.org/wiki/Suleman_octuplets တွင် ဆက်လက်ဖတ်ရှုနိုင်သည်။
Source: Tunis AFP and google news
0 comments