You Are Here: Home» news , worldnews » တရုတ်နိုင်ငံတွင် ကလေးငယ် 600 ကျော် ခဲဆိပ်သင့်နေ


တရုတ်နိုင်ငံ မြောက်ပိုင်းတွင် အစိုးရမှ အဆိပ်အတောက်ဖြစ်စေနိုင်သည့်အတွက် ကျန်ခဲ့သော ရက် သတ္တပတ်ခန့်က ပိတ်ထားသည့် သတ္တုကြိုသည့်စက်ရုံအနီး ပတ်ဝန်းကျင်ရှိ ကလေးငယ် 600 ကျော်သည် ခဲဆိပ်သင့်ခြင်းကြောင့် နာမကျမ်းဖြစ်နေကြောင်း သိရှိရသည်။ ရှန်ဇီ(Shaanxi) ပြည်နယ်ရှိ ဒေါင်လင်း (Dongling) ခဲ နှင့် သွပ် အရေကြို ကုမ္ပဏီ၏ စက်ရုံအနီးရှိ ရွာနှစ်ရွာတွင် နေထိုင်သော ကလေးငယ် 713 ဦးကို စမ်းသပ်စစ်ဆေး ကြည့်ရှုရာ80 ရာခိုင်နှုန်းကျော်သည် ခဲဆိပ်သင့်ရောဂါ ခံစားနေရကြောင်း သိရှိသည်။
ယင်းသတင်းအား လွန်ခဲ့သည့်သီတင်းပတ်အစောပိုင်းတည်းကနှစ်ကြိမ်ထက်မနည်း သတင်းပို့ခဲ့သော်လည်း တရုတ်အစိုးရပိုင် သတင်းဋ္ဌာန ဆင်ဟွာ(Xinhua)မှ 13.8.2009 (ကြာသာပတေး)နေ့မှ သတင်းထုတ်ပြန် ကြေငြာခဲ့သည်။

ယင်း ခဲဆိပ်သင့် ခံစားနေရသော ကလေးငယ်များ၏ သွေးတစ်လီတာတွင် ခဲဓါတ် 506 မီလီဂရမ်(milligrams) ထိ မြင့်တက်နေကြောင်း သိရသည်။ယင်း စက်ရုံအနီးတွင် နေထိုင်သော မိသားစုတစ်စုက သူတို့၏ ကလေးငယ်များသည် နေမကောင်းဖြစ်လာ၍ ဆေးရုံ၊ ဆေးခန်းများသို့ ဇူလိုင်လတည်းက ပို့ထားရကြောင်း နှင့် ၄င်းတို့ နေထိုင်သော မြေ ၊ ရေ နှင့် ပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေသည့် ယင်း သတ္တုအရည်ကြိုစက်ရုံကို မကျေနပ်ကြောင်း ပြောကြားသွားခဲသည်။ ပြည်တွင်း အာဏာပိုင်များက ယင်း စက်ရုံ အနီးပတ်ဝန်းကျင် မီတာ 500 (1600 ပေ)တွင် နေထိုင်သော အိမ်ထောင်စု 581 စုအတွက် နှစ်နှစ်အတွင်း ပြန်လည်နေရာချပေးရန် စီစဉ်နေကြောင်း ပြောကြားသွားသည်။
ဖျားနာနေသော ကလေးငယ်များထဲမှ 166 ဦးမှာ ဆေးရုံတင်ထားရပြီး ကျန်သည့် ကလေးငယ်များမှာ အိမ်တွင်ပင် ၄င်းတို့ကိုယ်တွင်းမှ ခဲဆိပ်များကိုလျှော့ချရန်အတွက် ကုသရမည်ဖြစ်သည် ဟု လည်း တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဋ္ဌာနမှ ကြေငြာခဲ့သည်။ ပြည်တွင်း အစိုရ၏ ပြောရေးဆိုခွင့်ရှိသူWang (နံမည်အပြည့်အစုံ ပေးရန် ညင်းဆန်ခဲ့ပြီး သူ၏ မျိုးရိုးနံမည်သာ ပေးဆိုခဲ့သူ)က ရောဂါခံစားနေရသည့် ကလေးငယ် အရေအတွက်အသစ်ကို အတည်ပြုပေးခဲ့ပြီး ယင်း ကိစ္စသည် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟုပြောကြားသွားခဲ့သော်လည်း ယင်း သတ္တုအရည်ကြို စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေရာမှ ဆက်စပ်ပြီး ကလေးငယ်များ နာမကျန်းဖြစ်သည်ကို မှတ်ချတ်ချ ပြောဆိုရန်အား ငြင်းပယ်ခဲ့သည်။ တရုတ်နိုင်ငံသည် များသောအားဖြင့် စက်ရုံမတော်တဆဖြစ်ခြင်း နှင့် ဓါဓုဗေဒဓါတ်ငွေ့ယိုစိမ့်ခြင်း ၊ သဘာဝပတ်ဝန်းကျင် အန္တရယ်ကင်းရှင်းစေရန် ထိမ်းသိမ်းမှု စည်းကမ်း စည်းမျဉ်းများတွင် လိုက်နာမှု လျှော့နည်းခြင်း နှင့် လုပ်သားများ ကျွမ်းကျင်မှုအားနည်းခြင်းတို့ကြောင့် မကြာခဏပစ်တင် ဝေဖန်ခြင်းကိုခံရသည်။

ခဲဆိပ်သင့်ခြင်းသည် အာရုံကြောနှင့် မျိုးပွားစနစ်ကို ထိခိုက်စေနိုင်ပြီး သွေးတိုးခြင်း ၊ သွေးအားနည်းခြင်း ၊ မှတ်ညဏ်လျှော့နည်းစေခြင်း နှင့် အခြားပြင်းထန်သော ရောဂါဝေဒနာများကို ဖြစ်ပွားစေနိုင်သည့် အပြင် သတိလစ်မေ့မျောခြင်းပြီး သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။ တရုတ်နိုင်ငံ ရေပေးဝေနေသည့် အဓိက မြစ်ကြီးမှာ ဆယ်စုနှစ်တခုအတွင်း လျှင်မြန်စွာ တိုးတက်ကြီးထွားလာသည့် တရုတ်စီးပွားရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းစေမှုကို
ထိန်းချုပ်သည့် စည်းကမ်း ဥပဒေများ အားနည်းမှုကြောင့် ဓါတုဗေဒအညစ်အကြေးများ အန္တရယ်ရှိလောက်အောင် ပါဝင်နေပြီး ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်။

Source : AFP
Tags: news , worldnews

0 comments

Leave a Reply