You Are Here: Home» oddnews , soccer , sports » စံချိန်သစ်တင်သွားတဲ့အာကြီးနှဲ့ လက်ကျိုးသွားတဲ့ဂိုးသမား (+Highlight)

 လက်ကျိုးသွားတဲ့ဂိုးသမား
အာဆင်နယ် မန်နေဂျာ အာဆင်ဝင်းဂါးမှ သူ့ ရဲ့  ဂိုးသမား ချက်ဇနီသည် အနည်းဆုံး (၆)ပတ် နားရလိမ့်မယ်လို့  ပြောကြားလိုက်ပါတယ်၊၊ အဆိုပါ ကစားသမားသည် လက်ချောင်းကျိုး ဒဏ်ရာကို ပြီးခဲ့တဲ့ ချန်ပီယမ်လိဂ်ဖလား ဘာစီလိုနာနဲ့ ပွဲမှာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်၊၊

အဆိုပါ ပိုလန်ဂိုးသမားသည် ချန်ပီယမ်လိဂ်ဖလား ဘာစီလိုနာအသင်းကို ( ၃ - ၁ )နဲ့  ရှုံးနှိမ့်ခဲ့တဲ့ပွဲမှာ ပထမပိုင်း(၁၈)မိနစ်မှာ လက်ချောင်းကျိုး ဒဏ်ရာရရှိခဲ့ပြီး အယ်လ်မူးနီးယားနဲ့  လူစားထိုး လဲလှယ်ခြင်း ခံခဲ့ရပါတယ်၊၊ အာဆင်နယ်အသင်းရဲ့  နောက်ဂိုးသမား တစ်ဦးဖြစ်တဲ့ လူးဝဇ် ဖေဘီယန်စကီးလည်း ရာသီကုန်အထိ အနားယူရမယ်လို့  သိရပါတယ်၊၊ ဒါကြောင့် နည်းပြကြီး အာဆင်ဝင်းဂါးမှ အောက်တိုဘာလ ကတည်းက ဟူးလ်စီးတီးအသင်းကို အဌားချထားတဲ့ ဂိုးသမား Vito Mannone ကိုပြန်ခေါ်ယူချင်နေလို့  သိရပါတယ်၊၊

Arsenal TV Online နဲ့ အင်တာဗျူးတစ်ခုမှာ နည်းပြကြီး အာဆင်ဝင်းဂါးမှ “ အခုချိန်မှာ ကျွန်တော့်အသင်းမှာ အတွေ့ အကြုံရှိတဲ့ ဂိုးသမားကောင်း တစ်ယောက် လိုအပ်နေပါတယ်၊၊ ဟူးလ်စီးတီးကို အဌားချထားတဲ့ Mannone ကိုပြန်ခေါ်ချင်ပေမယ့် သူလည်း ဒဏ်ရာနဲ့  (၆)ပတ်လောက် အနားယူရပါအုံးမယ်၊၊ ချက်ဇနီလည်း အနည်းဆုံး (၆)ပတ်နားရမယ်၊၊ ဖေဘီယန်စကီးလည်း ရာသီကုန်ထိ နားရမယ်ဆိုတော့  ကျွန်တော့်အသင်းဂိုးပေါက်ကို ကာကွယ်ပေးမယ့် ဂိုးသမားကောင်း တစ်ယောက် တကယ့်ကို လိုအပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်၊၊ 



စံချိန်သစ်တင်သွားနိုင်ခဲ့တဲ့ အာဆင်နယ် 
အာဆင်နယ် အသင်းဟာ ပွဲအတွင်းမှာ ဂိုးပေါက် ကို ၁လုံး မှ ကန်သွင်းခွင့် မရခဲ့တဲ့ အဆိုးဝါးဆုံး ချန်ပီယံလိဒ် အသင်းအဖြစ်စံချိန်တင်ခဲ့ပါတယ် ။ ဒီစံချိန် ကို ဘာစီလိုနာ အသင်း အား ၃-၁ ဂိုး ဖြင့် ရှံးနိမ့်ခဲ့တဲ့ ပွဲ တွင် ရရှိခဲ့တာ ဖြစ်ပါတယ် ။ Opta လို. အမည် ရတဲ့ စာရင်းပြုစုရေး အဖွဲ. မှ ၈နှစ်တာ အချက်အလက်များ ကို သိမ်းဆည်းထားလေ့ ရှိပြီး ၊ အဖွဲ.၀င် ၁ဦး မှ " ၂၀၀၃-၀၄ ခုနှစ် ကနေ အခုအထိ ချန်ပီယံလိဒ် ၉၈၁ပွဲ မှ ပြိုင်ပွဲဝင် အသင်းပေါင်း ၁၉၆၂သင်း မှာ အာဆင်နယ်အသင်း ဟာ ဂိုးပေါက် ကို ကန်သွင်းခွင့် မရခဲ့တဲ့ ပထမဆုံး အသင်း အဖြစ် မှတ်တမ်း ၀င်ခဲ့တာပါ " လို. ပြောကြားသွားပါတယ် ။ ဒီ မှတ်တမ်း များ ဟာ ဘာကာ နဲ. ပွဲ အတွင်း ဗန်ပါစီ ရဲ. အငြင်းပွားဖွယ်ရာ အနီကတ် ဖြင့် အထုတ်မခံခင်မှာရော ၊ အပြီး မှာ ပါ ၀င်းဂါး ရဲ. အာဆင်နယ် အသင်း ဘယ်လောက်ထိ ညံ့ဖျင်းခဲ့လဲ ဆိုတာ ဖော်ပြနေသလိုပါပဲ ။ ချေပဂိုး ၁ဂိုး ရခဲ့ပေမယ့် ၊ ဒီဂိုး ဟာ ဘာကာအသင်း က ဘတ်စကွက် ရဲ. ကိုယ့်ဂိုးကိုယ် သွင်းခဲ့လို. ရရှိခဲ့တာပါ ။

အာဆင်နယ် - ဘာစီလိုနာပွဲကိုလည်း Highlight အဖြစ်တင်ဆက်ပေးထားပါတယ်



Source : Arsenal Myanmar
Tags: oddnews , soccer , sports

0 comments

Leave a Reply