You Are Here: Home» religion , social » မြောက်အမေရိကတိုက်တွင် ကြည်ညိုလေးစားသူ ပေါများသော ဒလိုင်လားမား

တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားသည်သည် ကမ္ဘာ့ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက် လာမည်ဖြစ်ရာ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တော် Chan Centre  တွင် တနင်္ဂနွေ  မနက် စောစောပိုင်းကတည်းက ကြိုဆိုစောင့်ဆိုင်းနေကြသောသူများ နှင့် သတင်းထောက်များကို တွေ့ရသည်။
လာရောက်စောင့်ဆိုင်းနေသူများကို အောက်ပါအတိုင်း ဗန်ကူးဗားဆန်း သတင်းထောက်က မေးမြန်းခဲ့သည်။       Hoshen Chi ဆိုသူက မနက်  ၈း၁၅ ကတည်းကပင်         ရောက်ရှိကာ Chan Centre  အတွင်း ၀င်ရောက်ခွင့် ရရှိရန်  စောင့်ဆိုင်းနေခဲ့သည်ဟု ဆိုသည်။ သူက သူ့အသက် ၁၅ နှစ် ကတည်းကပင်  ဒလိုင်လားမားအား မြင်တွေ့ခွင့်ရလိုခဲ့ပြီး ဤအခွင့်အရေးမျိုးသည် တစ်သက်တွင်  တစ်ခါသာ ရရှိသည့်    အခွင့်အရေးပါဟု ဆိုသည်။
အသက် ၂၆ နှစ်အရွယ်  ကောလိပ်ကျောင်းသားတစ်ယောက်ကမူ ဒလိုင်လားမားဟာ ဘယ်လိုပုံစံမျိုးလဲ၊  တကိုယ်ရေငြိမ်းချမ်းမှု ရရှိရေးအတွက်ရော  သူဘာတွေပြောမလဲ ဆိုတာကို သိချင်လိုက်တာဟု ဆိုလေသည်။ အကြောင်းရင်းကတော့ ငါ့ဘ၀မှာ လက်ရှိ ပြဿနာတွေ ဖြစ်နေလို့ပါဟု ရှင်းပြခဲ့သည်။
Tom St. Clair နှင့် သူ၏ဇနီး, Marra, တို့ကမူ သူတို့၏ လက်ထပ်နှစ်ပါတ်လည်မင်္ဂလာပွဲအတွက် ကမ္ဘာ့ထိပ်သီး ငြိမ်းချမ်းရေးပွဲကို ပါဝင်ဆင်နွဲရန် လာခဲ့သည်ဟု ဆိုသည်။ St. Clair က ဒလိုင်လားမားကို သူမြင်ဖူးပြီး ဖြစ်ကြောင်း၊ သို့ သော်လည်း သူ့ ဇနီးကို သူကဲ့သို့ ပင် အတွေ့ အကြုံရဘူး စေလိုကြောင်း ပြောသည်။ အဓိက ကတော့ ဒလိုင်လားမားပါ။ လူတွေရဲ့ စုစည်းညီညွတ်တဲ့အင်အားကလည်းအတော်အရေးပါတယ် ဟု သူက ဆိုလေသည်။

"ဒလိုင်လားမားကို လာရောက်တွေ့ ဆုံသူတွေအားလုံးမှာ မေတ္တာတရားတွေ ငြိမ်းချမ်းမှုတွေ လွှမ်းခြုံထားသလို ခံစားရတာဆိုတော့ တကယ့်ကို ရှားရှားပါးပါး အတွေ့ အကြုံဆိုကြပါစို့ "။
ဗန်ကူးဗားဆန်း သတင်းစာမှ ဘာသာရေးဆိုင်ရာ အထူးသတင်းထောက် Douglas Todd က လူတွေ အားလုံးကို ကြည့်ရတာ ဘုရားကျောင်းကြီး တခုကို တက်ရအောင် လာတဲ့အတိုင်း အတော့်ကို ပျော်ပျော်ရွှင်ရွှင် ဖြစ်နေကြတယ် ဟု ဆိုသည်။ ဒလိုင်လားမားသည် စင်ပေါ်သို့  ၉း၃၅တွင် တက်ရောက်လာမည် ဖြစ်ပြီး အခြားသော နိုဗယ်ဆုရှင်များနှင့်အတူ ဆွေးနွေးပွဲအစီအစဉ်တွင် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။ ဗန်ကူးဗားဆန်း သတင်းစာက ယခု စနေ၊ တနင်္ဂနွေအတွင်း ရောင်းချရရှိသော သတင်းစာစောင်ရေတိုင်းမှ ၁၀ဆင့်စီကို ငြိမ်းချမ်းရေး၊ ပညာရေး၊ နိုင်ငံရေးနှင့် ဘာသာရေးတို့  မပါဝင်သော၊ ဒလိုင်လားမားစင်တာ ခေါ် ဗန်ကူးဗားရှိ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ သို့  လှူဒါန်းမည် ဖြစ်သည်။

အထက်ပါပုံမှာ ၂၀၀၉ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံအပြင်ဖက်တွင် ခင်းကျင်းထားသော ဆိုင်ခန်းများနှင့် စောင့်ဆိုင်းနေကြသူများ ဖြတ်သန်းသွားသူများအား ဓါတ်ပုံ Stuart Davis, Vancouver Sun မှ ရိုက်ကူးခဲ့ပုံဖြစ်သည်။

Source: BY AMY O'BRIAN, VANCOUVER SUN
Tags: religion , social

0 comments

Leave a Reply