သေသေသပ်သပ်ဝတ်၊ စံနစ်တကျနေထိုင်၊ အဆင့်အတန်းမြင့်တဲ့ အပြောအဆိုတို့ ကြောင့် ကန်ရာသီဖွားများဟာ မြင်လိုက်ရင် ပစ်ကျချင်စရာအောင် အထင်ကြီးစရာဖြစ်ပါတယ်။ အရာရာကို အသေးစိတ်မြင်တတ်တဲ့ အကျင့်ကြောင့် ညစ်ပတ်တာ၊ အချိုးမကျတာ၊ အမြင်မတော်တာ၊ စကားအပြောအဆိုညစ်ညမ်းတာ ဘာကိုမှ လက်မခံပါဘူး။ အလှကြိုက်၊ အသန့် ကြိုက်၊ ကျန်းမာရေးကို လွန်စွာ ဂရုစိုက်သူများ၊လည်းဖြစ်ကြပါတယ်။
မိမိကိုယ်တိုင်သာမက မိမိရဲ့ ပါတ်ဝန်းကျင်ကိုပါ ပြီးပြည့်စုံအောင် အမြဲကြိုးစားနေတဲ့ အတွက် ဘာကိုမှ စိတ်တိုင်းကျသူမဟုတ်သလို၊ တဖက်သားကို စေ့စေ့စပ်စပ် ဝေဖန်ရှုတ်ချတာမျိုး ကို မကြာခဏပြုလုပ်လေ့ရှိတတ်ပါတယ်။ ငယ်ရွယ်တဲ့ ကန်ရာသီဖွားများကို မဆင်မခြင် ဝေဖန်ရှုတ်ချသူများအဖြစ် မကြာခဏတွေ့ ရတတ်ပါတယ်။ ရင့်ကျက်တဲ့ ကံရာသီဖွားများကတော့ နည်းနည်းပိုပြီး ပါးနပ်ပါတယ်။ မကြိုက်တာတွေကို ထုတ်ပြောမှာ မဟုတ်ပဲ လုံးဝ ရှောင်လွှဲသွားတတ်ပါတယ်။
စိတ်နေသဘောထားနှင့် ဘ၀ပန်းတိုင်
အကူအညီလိုသူ၊ အခက်အခဲတွေ့ နေသူတွေကို ကူညီတတ်တာဟာ ကန်ရာသီဖွားတို့ ရဲ့ ဝါသနာဖြစ်ပါတယ်။ ကန်ရာသီဖွားများဟာ ဘ၀ရည်မှန်းချက်ကြီးသူများ၊ မနားမနေကြိုးစားနေသူများ၊ ဖြစ်သလို တဖက်ကလည်း အခက်အခဲတွေ့ နေသူများကို လက်တွဲခေါ်ယူလေ့ ရှိပါတယ်။
ကံရာသီဖွားတွေရဲ့ ဘ၀မှာ အောင်မြင်မှုဆိုတာ တဖက်သားကို အုပ်ချုပ်ရခြင်း၊ အပေါ်စီးရခြင်း ဆိုတဲ့  အောင်မြင်မှုမျိုးမဟုတ်ပဲ တခုခုကို သေသေချာချာ ပြီးမြောက်အောင်မြင်ခြင်းမျိုးဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ ထက် အများအတွက်အကျိုးဖြစ်ထွန်းစေမဲ့  အရာတစ်ခုခုကို ကျိုးစားဆောင်ရွက်ခြင်းဟာ ကံရာသီဖွားများရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်ဖြစ်ပါတယ်။ တဖက်သားကို အကျိုးပြုနိုင်သရွေ့ ၊ တဖက်သားက လိုလားနေသရွေ့ ကံရာသီဖွားဟာ ပျော်ရွှင်မှု ရရှိနေမှာ ဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရ လှပခြင်း၊ သန့် ရှင်းခြင်း၊ ကျန်းမာရေးနှင့် ညီညွှတ်ခြင်း၊ လေကောင်းလေသန့် ရရှိခြင်း၊ ဆိုတာတွေဟာ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာအရလဲ ရိုးသားဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ကူညီစောင့်ရှောက်ခြင်း၊ သမာသမတ်ကျခြင်းတို့ ဟာ ကံရာသီဖွားများ အဓိက ရှာဖွေတဲ့ အချက်များ ဖြစ်ပါတယ်။
ငွေကြေးသုံးစွဲရာတွင် လွန်စွာကျစ်လစ်ပြီး ချွေတာစုဆောင်းရတာကို ၀ါသနာပါပါတယ်။ မလိုအပ်ပဲမ၀ယ်၊ မသုံးပဲ အရေးကြီးတဲ့ကိစ္စမျိုးမှာသာ ငွေကြေးကို ရင်းနှီးမြုပ်နှံလေ့ရှိကြပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေး
အမျိုးသားရော၊ အမျိုးသမီးများပါ ဆန့် ကျင်ဖက်လိင်တွေနဲ့ ရောထွေးယှက်တင်၊ လုပ်တတ်တာမျိုးကို ကန်ရာသီဖွားများမှာ မတွေ့ ရတတ်ပါဘူး။ သီးသီးသန့် သန့် နေထိုင်ပြီး စတွေ့ ခါစမှာ လူတွေကို စေ့စေ့စပ်စပ်အကဲခတ်လေ့ ရှိပါတယ်။ သေချာမှ လှိုက်လှိုက်လှဲလှဲ ပေါင်းသင်းလေ့ ရှိပါတယ်။ အလွန်ရှက်တတ်တဲ့ အတွက် အချစ်ရေးမှာ သူတို့ ဖက်က စသူများအနေနဲ့ တွေ့ ရခဲပါတယ်။
ကံရာသီဖွား ယောင်္ကျားလေးများ ချစ်သူအိမ်ထောင်ဖက် ရွေးချယ်တဲ့ အခါ လျပ်ပေါ်လော်လီသော မိန်းကလေးများကို ဝေးဝေးက ရှောင်ကြဉ်လေ့ ရှိပါတယ်။ သူတို့ အတွက် အလှအပဆိုတာ ပြစ်မျိုးမှဲ့ မထင်ဆိုတာမျိုး ဖြစ်တတ်ပြီး စိတ်ထားလှဘို့ ၊ အဆင့်အတန်းမြင့်မြင့် နေထိုင်တတ်ဘို့ ဟာ အလွန်အရေးပါလှပါတယ်။
ဇီဇာကြောင်၊ ချီးဂျွတ်များတတ်လွန်းလို့ လည်း ကန်ရာသီဖွားများဟာ ဘ၀လက်တွဲဖေါ်ရှာတဲ့အခါမှာ လိုချင်တဲ့ ဖူးစာဖက်တွေ့ဘို့ အလွန်ခက်ခဲလှပါတယ်။ ကံရာသီဖွား မိန်းကလေးများ အိမ်ထောင်ဖက် ရွေးချယ်ရာမှာ ပညာတတ်၊ ရုပ်ချော၊ ဥစ္စာပေါ၊ ဖြစ်ရူံနဲ့ မလုံလောက်ပဲ၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ညဏ်ပညာထက်မြက်ခြင်း စသည်ဖြင့် အဖက်ဖက်က လှည့်ပါတ်စဉ်းစားတတ်လို့ ကန်ရာသီဖွားများဟာ နောက်ဆုံးမှာ အရွေးလွန်ပြီး လူမှားရွေးချယ်တတ်ကြပါတယ်။
အနောက်တိုင်း နက္ခတ္တပညာရှင်တွေကတော့ ကန်ရာသီဖွားများဟာ လက်တွေ့ အလွန်ကျတဲ့အတွက် နောက်ဆုံးမှာ ငွေကြေးပြည့်စုံပြီး ရေရှည်အတွက်စိတ်ချရမဲ့သူများကို ရွေးချယ်လေ့ရှိတယ်လို့ ဆိုပါတယ်။ တချို့ ကတော့ ကန်ရာသီဖွား မိန်းကလေးများကို ပထမဦးဆုံးအကြိမ် ချိန်းဆိုတဲ့ အခါမှာ မာစီဒီးနဲ့ သွားကြိုပါလို့ အကြံပေးထားပါတယ်။
ကန်ရာသီဖွားနဲ့ ထာဝရ ချစ်သူ (သို့ မဟုတ်) မိတ်ဆွေဖြစ်လိုတယ်ဆိုရင် အဆင့်အတန်းမြင့်မြင့် ပြောတတ်၊ဆိုတတ်၊ နေထိုင်ဝတ်စားတတ်ဘို့ ၊ ရိုးသားဖြောင့်မတ်ဖို့ ၊ ဘ၀တက်လမ်းအတွက် အမြဲကြိုးစားနေဘို့ ဆိုတဲ့ အရာတွေဟာ မရှိမဖြစ်လိုအပ်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ တဖက်သားကို ဂရုစိုက်ရွေးချယ်တတ်သလို သူတို့ ကိုယ်တိုင်လည်း အမြဲတိုးတက်အောင်ကြိုးစားနေတတ်သူများဖြစ်ပါတယ်။ ဘယ်သောအခါမှ ပြီးပြည့်စုံတယ်ရယ်လို့ မရှိတဲ့အတွက် အပျော်အပါးနည်းပါးပြီး စည်းစံနစ် ကျလွန်းသူ၊ ပျင်းစရာကောင်းသူများအဖြစ် အမြင်ခံရပြီး အနောက်တိုင်းမှာ ကံရာသီဖွားများကို ရွေးချယ်လိုသူ နည်းပါးပါတယ်။
ကံရာသီဖွားတွေရဲ့ ကောင်းတဲ့အချက်ကတော့ ရိုးသားဖြောင့်မတ်ခြင်းနဲ့ အိမ်ထောင်ဖက်အပေါ် သစ္စာရှိရှိပေါင်းသင်းတတ်ခြင်းဖြစ်ပါတယ်။ သို့ သော်လည်း အလွန်လက်တွေ့ ကျသူများဖြစ်လို့ ဘယ်လိုကိစ္စကိုမဆို ဦးဏှောက်အလွန်အကျွံ သုံးစဉ်းစားရာကနေ ခံစားချက်မပါတဲ့ သူများအဖြစ် ပြောင်းလွဲသွားတတ်ပါတယ်။ ဥပမာ အိမ်ထောင်ရေး၊ အချစ်ရေးတွင် သစ္စာဖေါက်သူကို လုံးဝခွင့်မလွှတ်ရသော အဓိကအကြောင်းအရင်းမှာ အချစ်ရေး ခံစားချက်နင့်လုံးဝမသက်ဆိုင်တတ်ပဲ ကျန်းမာရေး၊ လူမှုရေး စီးပွားရေး၊ ကိစ္စများနဲ့ သက်ဆိုင်ပါတယ်။ ခေါင်းမာပြီး သွေးအေးအေးနဲ့ ဆုံးဖြတ်တတ်လို့  အိမ်ထောင်ဖက်၊ သို့ မဟုတ် ချစ်သူရည်းစားကို စိတ်လည်ပြီး ပြန်ပေါင်းသူများအဖြစ် တွေ့ ရလေ့ မရှိပါဘူး။
အလုပ်အကိုင်
ကံရာသီဖွားအများစုကို အနုပညာသည်များ၊ ရုပ်ရှင်ဒါရိုက်တာများ၊ ရုပ်ရှင်မင်းသား မင်းသမီးများ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ စာရင်းကိုင်၊ ကျောင်းဆရာ၊ ၊နှစ်သိမ့်ဆွေးနွေးအကြံပေးသူများ၊ ရုံးဝန်ထမ်းများအဖြစ်တွေ့ ရတတ်ပါတယ်။
ထင်ပေါ်ကျော်ကြား ကန်ရာသီဖွားများ။ ။ နေတိုး၊ မယ်လိုဒီ၊ နန်းစုရတီစိုး၊ စိုးမြတ်သူဇာ Leo Tolstoy, Michael Jackson, Richard Gere, Mother Teresa, Hugh Grant
သက်သက်ထွန်း
0 comments