You Are Here: Home» science , technology » လျှပ်စစ်ကား ထုတ်လုပ်သူ ဒေါ်လာ ၁၇ သန်း အကူအညီရရှိခြင်း

လျှပ်စစ်ကားထုတ်လုပ်သော Mississauga ရှိ ကားကုမ္ဗဏီသည် အွန်တေရီယိုပြည်နယ်အစိုးရဆီမှ ဒေါ်လာ ၁၇ သန်းခန့် ကူညီထောက်ပံ့ငွေ မကြာခင် ရရှိတော့မည် ဖြစ်သည်။



အွန်တေရီယို ပြည်နယ်ဝန်ကြီးချုပ် Dalton McGuinty က လက်ရှိ ၀န်ထမ်း ၅၀ ရှိပြီး အလုပ်အကိုင်သစ်၂၄၀ ခန့်  ဖန်တီးပေးမည်ဖြစ်သော Electrovaya အမည်ရှိ ကားကုမ္ဗဏီကို $16.7 million ပေးအပ်ကူညီမည်ဟု ကတိပေးလိုက်သည်။ အဆိုပါကားကုမ္ဗဏီသည် ရွိုယ်ယယ် ၀င်ဆာတွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး နောက်ထပ် ဒေါ်လာ ၉၅ သန်း ဖြည့်စွက်ကာ တိုးချဲ့သွားမည်ဖြစ်သည်။  ကုမ္ဗဏီသည် Lithium Ion Super Polymer ဘက်ထရီထုတ်လုပ်ခြင်းတွင် ကမ္ဘာ့ ထိပ်တန်းလိုက်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်သည် ပါတ်ဝန်းကျင်သန့်ရှင်းရေး ဦးစားပေး မော်တော်ယာဉ်များ တိုးမြှင့် ထုတ်လုပ်သွားရေး ဖြစ်သည်။ ရေရှည်တွင် လေထုညစ်ညမ်းမှု လုံးဝမရှိသောလျှပ်စစ်ကားများနှင့် လျှပ်စစ်နှင့် လောင်စာဆီသုံးပူးတွဲကားများကို ခေတ်မီထိပ်တန်းကျစွာ ထုတ်လုပ်သွားရန် ရည်ရွယ်သည်။

Thet Thet Tun
Source : Google News

0 comments

Leave a Reply