ဖေဖေါ်ဝါရီလ (၇)ရက်နေ့က ချယ်ရ(စ်) ကားလမ်းမဆုံရာတွင် ကိုယ်တုံးလုံးချွတ်၍ ခုန်ပေါက်နေသော လူမည်းအမျိုးသမီး တစ်ဦးကို ရဲက အင်္ကျီဖမ်းဝတ်ပေးခဲ့ရသည်။ ထို့နောက်ရဲက အမျိုးသမီးကို ဆေးစစ်ကြည့် ရာ ဝမ်းဗိုက်ထဲတွင် သယ်ဆောင်လာ သော ဆေး ၆၅တောင့်အနက်မှ တစ်တောင့် ပေါက်ထွက်သွားဖြင့် ဆေးပေါက်ကာ ဂယောင်ချောက်ခြား ဖြစ်နေကြောင်း သိရှိရသည်။
အဆိုပါ အသက်(၂၂)နှစ်အရွယ် လူမဲအမျိုးသမီးကို Kebangsaan တက္ကသိုလ် ဆေးပညာဌာနသို့ ပို့ဆောင်ကာ ဆေးစစ်ခဲ့သည် ဟု ကွာလာလမ်ပူဒုရဲချုပ် ဒါတွတ် ဇူလ်ကီဖီအက်ဗ်ဒူလာ က ဆိုသည်။ ပေါက်ထွက်သွားသော ဆေးတောင့်မှာ ရှားဘု ဖြစ်သည်ဟု ယူဆရပြီး ဆေးများသွေးကြောထဲသို့ စိမ့်ဝင်သွားခဲ့သည်ဟု ဆိုသည်။
လူမဲအမျိုးသမီးသည် နေ့လည် ၂နာရီခန့်အချိန် လမ်းမအလည်ခေါင်ပေါ်တွင် ခုန်ပေါက်လျှောက်ပြေး နေသဖြင့် ရဲက အဝတ်အစားဝတ်ပေးရန် ကြိုးစားရာ အချီးနှီးဖြစ်ခဲ့ကြောင်း သိရသည်။
ယခုအခါ လူမဲအမျိုးသမီးကို စစ်ဆေးရန် ဖေဖေါ်ဝါရီ ၂၈ရက်နေ့အထိ ရမန်ယူထားပြီး ရဲက မူးယစ်ဆေးဝါး မှုများကို ဆက်လက်စစ်ဆေးဖေါ်ထုတ်ရန် ကြိုးစားလျှက်ရှိသည်။
ကွာလာလမ်ပူ။ ။ ပစ္စည်းလုသူတစ်ဦး၏ မော်တော်ဆိုင်ကယ်စီး နှင့် အလုခံရသူ မောင်းနှင်သော ကားတို့ တိုက်မိကြရာမှ လုသူမှာ ဆိုင်ကယ်ပေါ်မှ လွင့်ကျသေဆုံးခဲ့ သည်။ ရဲနှင့် လမ်းသွားလမ်းလာများက အသက် ၃၅နှစ်အရွယ် ခါးပိုက်နှိုက်ကို ရေမြောင်း ထဲတွင် ဆယ်ယူရာ သေဆုံးသူ၏ ကျားတံဆာမှာ ခန္ဒာကိုယ်နှင့် တကွဲတပြားစီဖြစ် လျှက် ကြေမွလုနီးပါး ဖြစ်နေသည်ကို တွေ့ ရှိရသည်။ ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် ၎င်း၏ ကျားတံဆာမှာ ခန္ဒာကိုယ်မှ ပြုတ်ထွက်သွားခဲ့ သည်ဟု ယူဆရသည်။
သေဆုံးသူ၏ ဆိုင်ကယ်နောက်တွင် စီးနင်း လိုက်ပါလာသော အဖေါ်မှာလည်း ခန္ဒာကိုယ်တွင် ဒါဏ်ရာ အမြောက်အများ ရရှိထားသည်။
အမှုမှာ ဖေဖေါ်ဝါရီ ၂၁ရက်နေ့ နံနက် ၈နာရီခွဲအချိန်၊ အမ်ပမ်းမြို့နယ်၊ Taman Mega Jaya ရှိ အသက်၂၈နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး အိမ်မှ ထွက်ခွါရန် လက်ကိုင်အိပ်ကို ကားထဲတွင်ထည့် ထားပြီး အိမ်ဂိတ်တံခါးပိတ်နေစဉ် လူတစ်ယောက် ရုတ်တရက်ရောက်လာကာ ကားတံခါးဖွင့်၍ လက်ကိုင်အိတ်ကို ယူပြေးရာမှ ဖြစ်ပွားခဲ့သည်။
အမျိုးသမီးငယ်က ပစ္စည်းလုသူကို ပြန်လည်တိုက်ခိုက်ရာ လုသူက အမျိုးသမီး၏ ဗိုက်ကို ခြေထောက်ဖြင့် ကန်ပစ်ခဲ့သည်။ အမျိုးသမီးက ကားထဲသို့ ပြန်ဝင်ပြီး ခါးပိုက်နှိုက်၏ မော်တော် ဆိုင်ကယ်နောက်သို့ ဆက်လိုက်ရာ လုသူ၏ ဆိုင်ကယ်ကို အမျိုးသမီး၏ ကားက နောက်မှ ဝင်ဆောင့်မိပြီး ဆိုင်ကယ်ပေါ်မှ ပါလာသူ နှစ်ဦးစလုံး လွင့်စင်ကျခဲ့သည်ဟု ဆိုသည်။ ယာဉ်တိုက်မှု ဖြစ်ပွားသောနေရာမှာ အမျိုးသမီး၏ အိမ်မှ မီတာ၂၀၀ ခန့်သာ ကွာဝေးသည်ဟု သိရပြီး အမျိုးသမီးတွင်မူ မည်သည့်ဒါဏ်ရာမှ မရရှိကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ နှစ်ဦးစလုံးတွင် ယာဉ်မောင်းလိုင်စင်များ ရှိသော်လည်း မောင်းယူလာ သော မော်တော်ဆိုင်ကယ်မှာ ခိုးယူထားသော ဆိုင်ကယ်ဖြစ်သည်ဟု ရဲက ဆိုသည်။ ရဲက ခါးပိုက်နှိုက် နှစ်ဦးလုံးသည် အခြားသော ရာဇဝတ်မှုများတွင် ပါဝင်ပါတ်သက်ခဲ့ခြင်း ရှိမရှိ ဆက်လက် စုံစမ်းလျှက် ရှိသည်။
မိန်းမဖြစ်သူကို အသေရိုက်သတ်မည်ဟု ခြိမ်းခြောက်သော ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးက တရားရုံးတွင် အပြစ်ရှိကြောင်း ဖြောင့်ချက်ပေးပြီးနောက် ထောင်ဒါဏ် ၅လကျခံစေရန် တရားသူကြီးက အမိန့်ချမှတ်လိုက်သည်။
Taman Sri Putri, Skudai တွင် နေထိုင်သူ တီဆာဒီဗာရန် (၂၆နှစ်) သည် ဇနီးဖြစ်သူအား သေသည်အထိ ရိုက်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ရာဇဝတ်မှုမြောက်သော ခြိမ်းခြောက်မှု ဥပဒေအခန်း (၅၀၆) တရားစွဲဆိုခဲ့သည်။ အဆိုပါပုဒ်မသည် ထောင်ဒါဏ်၂နှစ်၊ ဒါဏ်ငွေ သိုမဟုတ် ထောင်ဒါဏ်နှင့် ငွေဒါဏ်နှစ်မျိုးစလုံး ချမှတ်နိုင်သည်ဟု သိရသည်။
ဂျိုဟိုးဘာရူး ။ ။ စက်ရုံအလုပ်သမားတစ်ဦးသည် အိမ်နီးချင်းတစ်ဦးရှေ့တွင် မမြင်အပ်သော အရာကို ကုတ်မိသဖြင် ဒါဏ်ကြေးငွေ ရင်းဂစ် ၁၅၀၀ ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်။
အမှုမှာ ၂၀၀၉ခုနှစ် အောက်တိုဘာလ က စွတ်စွဲခံရသူ အာမက်နာဇင်းဟူစိန် (၂၃) နှစ် သည် မျက်နှာချင်းဆိုင် တိုက်ခန်းတွင် နေထိုင်သူ အမျိုးသမီး (၄၁နှစ်) အိမ်ရှေ့ ထွက်လာကာ အဝတ် လှမ်းချိန်တွင် မမြင်အပ်သောနေရာ ကို ကုတ်မိခဲ့သဖြင့် အဆိုပါ အမျိုးသမီးက အမှုလုပ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ တရားခံ”အာမက်” က ၎င်း၏ အိပ်ခန်းတံခါးကို အမြဲဖွင့်ထား လေ့ရှိကြောင်း၊ မိမိဖာသာ ယားယံ၍ ကုတ်မိပါကြောင်းနှင့် အဆိုပါအမျိုးသမီးကို လုံးဝ သတိမထားခဲ့မိပါကြောင်း လျှောက်ထားခဲ့ သော်လည်း စီရင်ချက်ချသောနေ့က ရုံးချိန်းသို့ ရောက်မလာခဲ့ပေ။
ဖေဖေါ်ဝါရီလ၂၀ရက်နေ့ အင်တာနက်သတင်းစာမျက်နှာများတွင် လူအများကို အံ့အားသင့်စေခဲ့ သည်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်သော မိသားစုတစ်စု၏ သတင်းဖြစ်သည်။ အဆိုပါမိသားစုတွင် အိမ်ထောင်ဥိးစီး ”မစ္စတာဇီယွန်နာချားနား” ဆိုသူသည် တရားဝင်ဇနီး (၃၉) ဦး၊ သားသမီးနှင့် ချွေးမ (၉၄)ဦး၊ မြေး (၃၃) ဦးတို့ဖြင့် တမိုးတည်းတွင် အတူနေထိုင်လျှက် ရှိသည်ဟု ဆိုသည်။
အခန်းပေါင်း ၁၀၀ ပါဝင်သော အိမ်တွင် မိသားစုဝင်စုစုပေါင်း (၁၈၁) ဦး နေထိုင်လျှက် ရှိပြီး မီးဖိုချောင်တစ်ခုတည်းကို ခွဲဝေသုံးစွဲသည်ဟု ဆိုသည်။ ဇီယွန်နာသည် ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်ပြီး ၎င်းဦးဆောင်သော ဘုရားကျောင်းက မိန်းမအများအပြားယူခြင်းကို လက်ခံအားပေး သည်ဟု သိရသည်။
အသက် ၆၆နှစ်ရှိပြီဖြစ်သော ဇီယွန်နာ သည် ပထမဦးစွာ အိမ်ထောင်ကျသော အချိန်တွင် အသက် ၁၇နှစ်သာ ရှိသေးပြီး ပထမဇနီးမှာ ၎င်းထက် ၃နှစ်ခန့် ကြီးသည်ဟု သိရသည်။ ”ဇီယွန်နာ” က အနာဂတ်တွင် မိန်းမဆက်လက် ယူလိုကြောင်းနှင့် မိသားစုဦးရေကို အတိုင်းအဆ မရှိ ဆက်လက် ချဲ့ထွင်လိုကြောင်း ပြောကြားသည်။ ၎င်းတို့ မိသားစုနေထိုင်သော မီဇိုရမ်ပြည်နယ်သည် မြန်မာပြည်နှင့် ကပ်လျှက် တည်ရှိပြီး ဇီယွန်နာ နှင့် ဇနီး ၃၉ ဦး တွဲရိုက်ထားသော ဓါတ်ပုံတွင် မိန်းမအများစုမှာ မြန်မာလူမျိုးများကဲ့သို့ လုံချည်များ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။
လက်ရှိ မိသားစုဝင်များပြားလှသော်လည်း ဇီယွန်သည် အစိုးရထံမှ ထောက်ပံ့စားရိတ် လုံးဝမယူပဲ စိုက်ပျိုးရေးလုပ်ငန်းလုပ်ခြင်းဖြင့် အဆင်ပြေစွာ နေနိုင်သည်ဟု ဆိုသည်။
ဇီယွန်နာ၏ သတင်းနှင့် ပါတ်သက်၍ ကနေဒီယံသတင်း တစ်စောင်က ရေးသားရာတွင် တပြိုင်နက်တည်းတွင် မိန်းမတစ်ဦးထက် ပိုမိုလက်ထပ်သူကို ကနေဒါဥပဒေအရ အရေးယူ အပြစ်ပေးနိုင်ကြောင်း ဝေဖန်ပြောကြား လိုက်သည်။
မုံရွာ။ ။အမျိုးအမည်မသိ ထူးဆန်းသော ယာဉ်ပျံနှစ်စင်း ဧပြီ ၂၁ ရက်က ရွှေဘိုမြို့ပေါ် ဖြတ်ပျံသန်းသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခံတွင် ထုလုံးရှည် (စလင်ဒါ) ပုံသဏ္ဌာန် ယာဉ်ပျံ နှစ်စင်း သည် ရွှေဘိုမြို့ အထက်ကောင်းကင်ပေါ်တွင် အချိန်အတော်ကြာ ပျံသန်း ခဲ့ပြီး အဆိုပါအမျိုး အမည်မသိ ယာဉ်ပျံနှစ်စင်း ပျံသန်း ချိန်တွင် ရွှေဘိုမြို့အတွင်း ဆက်သွယ်ရေးလိုင်းများ ပြတ် တောက် ခဲ့ကြောင်း မြို့ခံသတင်းထောက်ဦးကျော်ဇောက သတင်းပို့သည်။
“အဲဒီအချိန်က မှန်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ ကိုရင်အပါး ၃၀ လောက်က ကောင်းကင်ကို လက်ညှိုးထိုးပြီး ဝိုင်းကြည့်နေတာကို ကိုရင်တစ်ပါးကလာပြောလို့ သွား ကြည့်မိတော့ ဂျက်လေယာဉ်ပျံသွားတဲ့ အမြင့်လောက်နီးနီးမှာ ထုလုံးရှည်ပုံသဏ္ဌာန် ယာဉ်ပျံ နှစ်စင်းကို တွေ့ခဲ့ရတယ်။
တစ်စင်းက ခပ်မွဲမွဲ အနက်ရောင်နဲ့ တစ်စင်းက ဂျက်လေယာဉ်ရဲ့ အရောင်မျိုး၊ ဂျက်လေ ယာဉ် အရောင်မျိုးနဲ့ ယာဉ်က ခပ်မွဲမွဲ အနက်ရောင်ယာဉ်ရဲ့ အထက်တော်တော် လေးမြင့် မြင့်မှာ ရှိတယ်”ဟု မှန်သာဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဇနက မိန့်ကြား ခဲ့သည်။
အဆိုပါ လေယာဉ်နှစ်စင်းသည် ကောင်းကင်ယံရှိနေစဉ် ရွှေဘိုမြို့သူ၊ မြို့သားများက မြင် တွေ့ လိုက်ရကြောင်း သိရသည်။ “အဲဒီယာဉ်နှစ်စင်းက တော်တော်နဲ့ မရွေ့လျားဘဲ ဒေါင် လိုက် အလျားလိုက်ပုံစံအမျိုးမျိုး ပြောင်းပြီး ကောင်းကင်ယံမှာ တည်နေတယ်။ တစ်ခါတစ် လေ ဘယ်ဘက်လှိမ့်လိုက် ညာဘက်လှိမ့်လိုက် လုပ်နေကြတယ်။
အဲဒီလို ကောင်းကင်ယံမှာ ရှိနေချိန်မှာ မြို့သားအားလုံး နီးပါး မြင်လိုက်ကြတယ်။ ထူးဆန်း တဲ့ တိုက်ဆိုင်မှုလား မသိဘူး။ အဲဒီအချိန်မှာ မြို့ပေါ်က စလောင်းတီဗွီတို့၊ မိုဘိုင်းဖုန်းတို့၊ ရေဒီယိုလှိုင်းတို့ ခေတ္တ ပြတ်တောက်သွားတာကို သိလိုက်ရတယ်”ဟု မြို့ခံတစ်ဦးက ပြော သည်။
ယင်းနှင့်ပတ်သက်၍ မှန်သာကျောင်းမှ ကိုရင်အရှင်ဝိမလက “ဒီလို မြင်တာ ဒါပါနဲ့ဆို လေးခါ ရှိပြီ။ သင်္ကြန်မတိုင်မီတစ်ပတ်အလိုက ရွှေဘိုဈေးကြီး အထက်မှာ တစ်ခါ၊ သင်္ကြန် မတိုင်မီ နှစ်ရက်လောက်က ရွှေဘိုဘောလုံးကွင်းအထက်မှာ တစ်ခါ၊ သင်္ကြန်တွင်းမှာလဲ ရွှေသိမ်တော် ဘုရားရဲ့အထက်မှာ တစ်ခါတွေ့ခဲ့သေးတယ်”ဟု မိန့်သည်။
ဧပြီ ၂၁ ရက်က မြင်ရသော ယာဉ်နှစ်စင်းသည် ကောင်းကင်ယံတွင် အချိန်အတော်ကြာ ရှိ နေခဲ့ပြီး အထက်မှာ တစ်စင်းက အရှေ့မြောက်ဘက်ဆီကိုလည်းကောင်း၊ အောက်ဘက်ရှိ အစင်းသည် အနောက်ဘက်ဆီကို ပျံသန်းသွားကြကြောင်း မြို့ခံများက ဆိုသည်။
Ref : The Yangon Times
ယနေ့ခေတ်စားနေတဲ့ Angry Bird Game ကို Onlineကနေ အခမဲ့ကစား လို့ရပါပြီ။ အခုခေတ်စားနေတဲ့ Iphone3-4 နဲ့ Android Phone တွေမှာ လူအများဆုံးကစားတဲ့ Game လည်း ဖြစ်ပါတယ်။ ဒီLinkလေး ကနေ သွားပြီးကစားကြည့်နိုင်ပါတယ်။ ဂိမ်းရဲ့ဇာတ်လမ်းလေးက ငှက်လေးတွေရဲ့ဥကို ဝက်တွေက ခိုးယူစားခဲ့အတွက် ဂလဲ့စားပြန်ချေတဲ့ ဒေါသအိုးငှက်ကလေးတွေပါ... ကြော်ငြာ ၁၀ စက္ကန့်ကျော်ကိုတော့ အရင် သည်းခံစောင့်ရပါမယ်... မသိသေးတဲ့ မိတ်ဆွေတွေကိုလည်း အသိပေးမျှဝေလိုက်ပါ။
source : kp3family, Youtube
ဒီနည်းလမ်းလေးကတော့ မိမိတို့ဘလော့မှာ facebook share buttonထည့်နည်းလေးပါ.... အသုံးပြုချင်တဲ့မိတ်ဆွေများအောက်ကအတိုင်း တဆင့်ချင်းလုပ်ကြည့်လိုက်ပါ.button ကို design ( ၃ ) မျိုးနဲ့ ဖေါ်ပြပေးပါမယ်. မိမိတို့ ကြိုက်တဲ့ design ကိုရွေးချယ်ကြပေါ့နော်... ကဲစလိုက်ကြရအောင်...
Design 1 :
Design 2 :
Button with-no counter
အပေါ်မှာပေးခဲ့တဲ့ပုံလေးတွေကိုကြည့်ပြီး မိမိတို့နှစ်သက်တဲ့ပုံရဲ့ ကုဒ်လေးတွေကို ရွေးချယ်ပြီး Copy ကူးပါ... ပြီးရင်ဆက်သွားပါမယ်...
ဥပမာ. Design-2 ကိုယူမယ်ဆိုကြပါစို့ ။
အဆင့် 1. Login to blogger
အဆင့် 2. Click design
အဆင့် 3. Click edit html
အဆင့် 4. Click download full template (မိမိ template ကို backup လုပ်ထားသင့်ပါတယ်)
အဆင့် 5. Tick expand widget template
အဆင့် 6. Find code below :
<data:post.body/>
(Ctrl+F) နှင့်ရှာရင်ပိုလွယ်ပါတယ်.တွေ့ ပြီဆိုရင်
အဆင့် 7. အောက်မှာရွေးချယ်ရမယ့်အပိုင်းလေးတွေရဲ့ ကုဒ်တွေပေးပါမယ်။ မိမိဘလော့ရဲ့ Homepage တစ်ခုထဲကို share ပေးချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့ကုဒ်ပါ...
<b:if cond='data:blog.url == data:blog.homepageUrl'>
<data:post.body/>
</b:if>
မိမိဘလော့ရဲ့ ပို့ စ်တစ်ခုချင်းစီကိုဘဲ share ပေးချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့ကုဒ်ပါ...
<b:if cond='data:blog.pageType == "item"'>
<data:post.body/>
</b:if>
မိမိဘလော့ပိုစ်များရဲ့ အောက်မှာထားပြီး share ပေးချင်တယ်ဆိုရင်အောက်မှာပေးထားတဲ့ကုဒ်ပါ။
<data:post.body/>
မိမိဘလော့ပိုစ်များရဲ့ အပေါ်မှာထားပြီး share ပေးချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ကုဒ်ပါ။
<data:post.body/>
ကဲပေးခဲ့ပြီးပြီဆိုတော့ သူငယ်ချင်းတို့ နှစ်သက်တဲ့နေရာမှာထားချင်တာကိုရွေးချယ်ကြပါ.... အကြံပြုချင်တာကတော့ အခုဖေါ်ပြတာ အထက်မှာပေးခဲ့တဲ့ Design-2 နဲ့အသုံးပြုနည်းပါ... သူငယ်ချင်းတို့ ကြိုက်တာကိုထည့်သွင်းလို့ ရပါတယ်.... နောက်တစ်ခုက အထက်မှာ ရှာခိုင်းခဲ့တဲ့ data:post.body ဆိုတာကိုတွေ့ရင်( ဖျက်ပြီး ) အခုမိမိတို့ နှစ်သက်တဲ့ကုဒ်ကို အစားထိုးလိုက်ရင် ပြီးပါပြီ။ အားလုံးပြီးရင်တော့ ....
အဆင့်8. Click save template
လုပ်ပြီးရင် ပြီးပါပြီ။
လုပ်ပြီးရင် ပြီးပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ...
ကျေးဇူးတင်ပါတယ်...
source : နေမင်းခေတ်
ရင်ဘတ်တွင် ဓါးဒါဏ်ရာ (၄)ချက်ဖြင့် သေဆုံးနေသော မြန်မာလူငယ်တစ်ဦးကို ဂျော့ခ်ျ တောင်းမြို့ လက်ဘူဗစ်တိုးရီးယားရှိ ၎င်းနေထိုင်သော အဆောင်တွင် တွေ့ရှိခဲ့ သည်။
ဓါးထိုးခံရသော လူငယ်မှာ အသက် (၃၀) ကျော်ကျော်ခန့် ရှိပြီး ”မောင်ဦး” ဟု အမည် ရကြောင်း၊ ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ ၊ကြာသပတေးနေ့ ည ၁၁နာရီခန့်တွင် ဓါးဒါဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း အရှေ့ မြောက်ပိုင်း ရာဇဝတ်မှုခင်း ထောက်လှမ်းရေး အကြီးအကဲ ”ရှားဟူးရီဟိန်း” က ပြောသည်။ ဓါးထိုးခံရပြီး နောက်တနေ့ သောကြာနေ့တွင် အလုပ်ဆင်းရန် ပျက်ကွက်သောကြောင့် လုပ်ဖေါ်ကိုင်ဖက်တစ်ဦးက အခန်းသို့ သွားရောက် ကြည့်ရှုရာ ဓါးဒါဏ်ရာဖြင့် သေဆုံးနေသော မောင်ဦးကို တွေ့ရှိခဲ့ရသည်။
မောင်ဦးမှာ ဓါတ်ပုံဆိုင်တစ်ခုတွင် အလုပ်လုပ်သူတစ်ဦးဖြစ်ပြီး ဓါတ်ပုံဆိုင်အပေါ်ထပ်ရှိ အဆောင်တွင် အခန်းငှားနေထိုင်သူဖြစ်သည် ဟု ”ရှားဟူရီဟိန်း”က ဆိုပြီး မောင်ဦးကို အတူနေထိုင်သူ အခန်းဖေါ်က သတ်သွားသည်ဟု ယူဆကြောင်း၊ အခန်းဖေါ်သည် တဆောင်တည်းအတူနေသော အမျိုးသမီးတစ်ဦးနှင့် ထွက်ပြေးသွားကြောင်း ပြောသည်။
လောလောဆယ် စစ်ဆေးတွေ့ရှိချက်အရ သတ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူ မောင်ဦး၏ ရင်ဘတ်တွင် ဓါးဖြင့် အထိုးခံရသည့်အပြင် ဦးခေါင်းတွင်လည်း ဒါဏ်ရာများ ရရှိထားကြောင်း တွေ့ရသည်။ အလောင်းကိုပီနန်ဆေးရုံတွင် ဆေးစစ်ချက်ယူရန် ပို့ဆောင်ထားပြီး အမှုနှင့် ပါတ်သက်၍ ဆက်လက် စစ်ဆေးရန် မြန်မာဝန်ထမ်း ၁၉ ဦးအား လူသတ်မှု ပုဒ်မ ၃၀၂ အောက်တွင် ထိမ်းသိမ်းစစ်ဆေးလျှက် ရှိကြောင်းဆိုသည်။
ပင်လုံသစ္စာ
ကွာလာလမ်ပူ။ ။ဆယ်ရီကန်ဘာဂန်ရှိ အလုပ်သမားများ ငှားရမ်းနေထိုင်သော အဆောင် တွင် ဓါးဒါဏ်ရာဖြင့် သေဆုံးနေသော လူငယ်နှစ်ဦး ၏ အလောင်းကို ဖေဖေါ်ဝါရီလ (၆)ရက်နေ့ နံနက်က တွေ့ရှိခဲ့သည်။
နှစ်ဦးစလုံးမှာ အသက် (၂၀)ကျော်ကျော်ခန့် ရှိပြီး မြန်မာလူမျိုးများ ဖြစ်သည်ဟု ယူဆရကြောင်း ရဲက ထင်ကြေးပေးသည်။ ၎င်းတို့နေထိုင်သော အဆောင်မှာ အိမ်ဆိုင်တစ်ခု၏ ၃ထပ်တွင် တည်ရှိပြီး အလောင်းများကို နံနက် ၆နာရီခန့်တွင် တွေ့ရှိခဲ့ သည်ဟု သိရသည်။ နှစ်ဦးစလုံး၏ ခန္ဒာကိုယ်တွင် (၁၀)ချက် မကသော ဓါးဒါဏ်ရာများ ကို တွေ့ရပြီး သတ်ဖြတ်ရာတွင် အသုံးပြုသည်ဟု ယူဆရသောာ သွေးစွန်းနေသည့် ဒါးတစ်ချောင်းကိုလည်း ရဲက သိမ်းဆည်းမိခဲ့သည်။
အဆောင်အပေါ်ထပ်မှ အိမ်အောက်ရှိ စတိုးဆိုင်အထိ ဆင်းရာလမ်းကြောင်းတွင် သွေးစများ တွေ့ရသောကြောင့် သတ်ဖြတ်ခဲ့သူထဲမှ အနည်းဆုံး တစ်ဦးမှာ ဒါဏ်ရာရရှိထားကြောင်း ရဲက ဆိုသည်။ အသတ်ခံရ သူများမှာ ကွန်ပြူတာဟောင်းများကို ပြန်လည်အသစ်ထုတ်သော ကုမ္ဗဏီမှ ဖြစ်ပြီး ကုမ္ဗဏီပိုင်ရှင်မှာ ဟောင်ကောင်သို့ အပန်းဖြေခရီးထွက်နေကြောင်း သိရသည်။ ရဲက အတူနေသူ အခြားနိုင်ငံခြားသားများကို အင်တာဗျူးရန် စောင့်ဆိုင်း နေသည်။
ပင်လုံသစ္စာ
ကွာလာလမ်ပူ။ ။ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က တရုတ်နှစ်သစ်ကူး ရက်များအတွင်း အနည်းဆုံး လူ (၁၀)ဦးကို နေရာ (၃) နေရာ တွင် သီးခြားအဖွဲ့များအဖြစ် ဖမ်းဆီးမိခဲ့ရာတွင် ရင်းဂစ်ငွေ ၁.၉သန်း တန်ကြေး ရှိ မူးယစ်ဆေးဝါးမျိုးစုံအပြင် အသားတင် ငွေသား ၁.၆၃ သန်းနှင့် လက်နက်ခဲယမ်း မီးကျောက် များကို လည်း သိမ်းဆည်းမိသည်။
ဖမ်းမိသော (၃) ဖွဲ့အနက် နိုက်ဂျီးရီးယန်း (၅)ဦးနှင့် မလေးအမျိုးသမီး တစ်ဦးပါဝင် သော ပထမဦးဆုံး အဖွဲ့ကို ”တာမန်းပူချွန်းဟာတမ” ရပ်ကွက်တွင် တရုတ်နှစ်သစ်ကူးနေ့ ၌ဖမ်းဆီးမိခဲ့သည်။ နိုက်ဂျီးရီးယန်း (၅) ဦးမှာ အသက် (၂၄) နှစ်မှ (၃၄) နှစ်အတွင်း ဖြစ်ကြပြီး မလေးရှားရှိ ကောလိပ်များ တွင် ပညာသင်ကြားနေ သူများ ဖြစ်သည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ၎င်းတို့ ပညာသင် ကြားနေသော ကျောင်းများ တွင် ဖြန့်ဖြူးသည်ဟု ယူဆရကြောင်း ရဲက ဆိုသည်။ ၎င်းတို့နှင့်အတူ မူးယစ် ဆေးဝါးများ အပြင် Proton Persona ကားတစ်စီး၊ တန်ကြေးဖေါ်ပြမထားသော လက်ဝတ်ရတနာများ၊ လက်ဆွဲကွန်ပြူတာ တစ်လုံး၊ နှင့် လက်ကိုင်ဖုန်း ၉လုံးတို့ကို သိမ်းဆီးရမိသည်။ ဖမ်းမိထားသူ ၆ဦးစလုံး မူးယစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေး တွေ့ရှိရသည်။
ထို့နောက် တရုတ်နှစ်ကူးနေ့တွင် တာမန်းချယ်ရ(စ်) ရှိ စုံတွဲတစ်တွဲကို မူးယစ်ဂုဏ်းတစ်ခုနှင့် ဆက်သွယ်သည်ဟု ယူဆပြီး ဖမ်းဆီးခဲ့ရာ ရင်းဂစ်ငွေ ၁.၆၃သန်း၊ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးပြား ၅၀၀ နှင့် syabu (၉၅)ဂရမ်တို့ကို သိမ်းဆည်းမိသည်။ ထိုသို့ မဖမ်းဆီးခင် စောစောပိုင်းက ၎င်းတို့မောင်းနှင်လာ သော တိုယိုတာကင်မရီကားကို ရဲက တားဆီးစစ်ဆေးရာ ကျည်ဆံအတောင့် (၂၀)ကို သိမ်းဆည်းမိခဲ့ သည်။ ရဲစစ်ဆေးမေးမြန်းမှုပထမဆင့်တွင် အဆိုပါစုံတွဲသည် ကွာလာလမ်ပူမြို့ တော်နှင့် အနီးအနားရှိ ဆင်ခြေဖုံးမြို့နယ်ကလေးများအတွင်း မူးယစ်ဆေး ဖြန့်ဖြူးနေသည်မှာ ၆လခန့် ရှိပြီဖြစ်ကြောင်း၊ ၄င်းတို့၏ အဓိက ပစ်မှတ်မှာ ချယ်ရ (စ်) ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးအမှုတွင် ဖမ်းဆီးမိသူများမှာ ဖေဖေါ်ဝါရီလ (၆)ရက်နေ့ က ဂျလန်ကလန်လာမာရှိ ကွန်ဒိုတစ်ခုတွင် ဖမ်းမိသော အသက် ၃၉နှစ်အရွယ် အမျိုးသားနှင့် တရုတ်နိုင်ငံသူ စုံတွဲတစ်တွဲ ဖြစ်သည်။
ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဖျော်ရည် ဖြစ်တဲ့ ”ကိုကာကိုလာ” ဘယ်လိုဖေါ်စပ်ထားသလဲ ဆိုတာ လူတိုင်းက သိချင်ကြပါတယ်။ ကိုကာကိုလာ ဖေါ်စပ်နည်းကိုသိလို့ ခိုးပြီး ရောင်းဖို့ ကြိုးစား သူ များလည်း အမှုအခင်းဖြစ်၊ အလုပ်ပြုတ်တဲ့ အဖြစ် အထိ ရောက်ဘူးပါတယ်။ ခုတော့ အဲဒီလျို့ဝှက် ချက်ကြီး ပေါ်ပေါက်လာပြီလို့ ဆိုရတော့ မလား မသိပါ။
”အမေရိကန်လူမှုဘဝ” (This American Life) လို့ အမည်ပေးထားတဲ့ ရေဒီယိုလိုင်းတစ်ခုက သူတို့အနေနဲ့ ၁၉၇၉ ခုနှစ်ထုတ် သတင်းစာထဲက ကိုကာကိုလာထုတ်လုပ်နည်း ဖေါ်မြူလာပါတဲ့ ဆောင်းပါးကို တွေ့ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
ရေဒီယိုရဲ့ အဆိုအရ ”ကိုကာကိုလာ”ကို ဆေးဝါးကျွမ်းကျင်သူ John Pemberton ဆိုသူက ၁၈၈၆မှာ တည်ထွင်ခဲ့ပြီး Merchandise 7X လို့ အမည်ပေးခဲ့ပါသတဲ့။ နောက်တစ်နှစ်ခန့်အကြာ ၁၈၈ရခုနှစ်မှာ စီးပွားရေးသမား Asa Griggs Candler ဆိုသူက John Pemberton ဖေါ်စပ်ထားတဲ့ ချောင်းဆေး ပျောက်ဆေး၊ သွေးသန့်စင်ဆေး အပါအဝင် ကိုကာကိုလာထုတ်လုပ်နည်းကိုပါ ဒေါ်လာ ၂၃၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။
ကိုကာကိုလာ ဖေါ်စပ်နည်းကို ဝယ်ယူသွားသူ စီးပွားရေးသမား Asa Griggs Candler က 7X လို့ ခေါ်တဲ့ ကိုကာကိုလာ စပ်နည်းကို အက်တလန်တာဘဏ်မှာ ကိုယ်ပိုင် သေတ္တာနဲ့ အပ်နှံသိမ်းဆည်း ခဲ့ပါတယ်။ ”ကိုကာကိုလာ” ဖျော်စပ်နည်းကို သိသူဟာ ကုမ္ဗဏီတစ်ခုလုံးမှာ ဝန်ထမ်းနှစ်ယောက် တည်း ရှိပြီး သူတို့နှစ်ယောက်ကို ခရီးအတူ သွားခွင့်မပြုဘူးလို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ မတော်တဆ တစ်ခုခုဖြစ်ပြီး သေဆုံးသွားခဲ့ရင် နောက်ထပ်လူစားထိုးဘို့ မလွယ်လို့ပါ။
ကုမ္ဗဏီပိုင်ရှင် ဟာ ကိုကာကိုလာ ဖျော်စပ်နည်း ပေါက်ကြားသွားမှာ စိုးလွန်းလို့ လာသမျှစာတွေ၊ ငွေချေရမဲ့ဘောက်ချာတွေအားလုံးကို ကိုယ်တိုင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဘောက်ချာတွေမှာ ဝယ်ထားတဲ့ ပစ္စည်းစာရင်းတွေ ပါဝင်တဲ့အတွက် ကုမ္ဗဏီဝန်ထမ်းတွေ ခန့်မှန်းသိရှိသွားမှာကို ကာကွယ်တဲ့ သဘောပါ။
အခုထွက်ပေါ်လာတဲ့ ကိုကာကိုလာဖျော်စပ်နည်းဟာ Pemberton ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်သူ
R. R. Evans ဆိုသူက သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ ကိုကာကိုလာ ထဲမှာ ပါဝင်တဲ့ ပစ္စည်းများကို ချရေးပြီး အက်တလန်တာက ထုတ်တဲ့ ဂျာနယ်ထဲမှာ ၁၉၇၉ ဖေဖေါ်ဝါရီ ထုတ်ထဲမှာ ဖေါ်ပြခဲ့တာပါ။ ကိုကာကိုလာ ကုမ္ဗဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Kerry Tressler ကတော့ “This American Life အပါအဝင် ကြားလူတော်တော်များများ က ကျွန်မတို့ ကုမ္ဗဏီရဲ့ လျို့ဝှက်ချက်ကို ဖေါ်ထုတ်ဘို့ ကြိုးစားနေကြတာပါ။ ကြိုးစားချင်လည်း ကြိုးစားကြည့်ကြပေါ့။ ဒါပေမဲ့ အောင်မြင်မှာ မဟုတ်ဘူး” လို့ ဆိုလိုက်ပါတယ်။
ကိုကာကိုလာ ညွှန်ကြားရေးမှူး Philip Mooney ကတော့ ထွက်ပေါ်လာတဲ့ ကိုကာကိုလာဖေါ်စပ်နည်းဟာ လက်ရှိထုတ်နေတဲ့ ဖေါ်စပ်နည်း မတိုင်မီက စပ်ခဲ့ဘူးတဲ့ ဖေါ်မြူလာ ဖြစ်တယ်။ အဲဒီဖေါ်စပ်နည်းကို သုံးပြီး တခါမှ ဈေးကွက်ထဲမှာ မရောင်းဖူးဘူး လို့ ဆိုလိုက်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ”ကိုကာကိုလာ” ကို စမ်းသပ်ဖေါ်စပ်ကြည့်လိုသူများ အတွက် ဂျာနယ်မှာ ပါတဲ့ ဖေါ်နည်းကို ဖေါ်ပြလိုက်ပါတယ်။ ဝယ်ရမဲ့ ပစ္စည်းတွေကလည်း ပြည်ပထုတ်ကုန် တွေက များနေတဲ့အတွက် မြန်မာဘာသာကို တိုက်ရိုက်မပြန်ဆိုပဲ ထည့်ရမဲ့ အတိုင်းအထွာလောက်ကိုပဲ ဘာသာပြန် ထည့်ပေးလိုက်ပါတယ်။
Fluid extract of Coca: 3 drams USP (အမေရိကန်စံနှုန်းအရ ၁ dram= ၃.၆၉၆ မီလီလီတာ)
Citric acid: ၃ အောင်စ
Caffeine: ၁အောင်စ
Sugar: 30 (အောင်စလား မသေချာပါ)
Water: ၂. ၅ ဂါလံ
Lime juice: 2 pints, 1 quart ( 1 pint= 473.176473 milliliters)
Vanilla: ၁ အောင်စ
Caramel: ၁.၅ အောင်စ သို့မဟုတ် အရောင်လိုပါက ပိုထည့်နိုင်သည်
The secret 7X flavorး အမွှေးနံ့သာရည် ၂အောင်စ သို့ အရည် ၅ဂါလံအထိ သုံးနိုင်သည်
(မှတ်ချက်းး အဆိုပါ The secret 7X flavor ကို ဝယ်၍ ရမရ မသိပါ၊ ကိုယ့်ဖာသာ အခြားအရာများ
စမ်းသပ် ထည့်သွင်းဖေါ်စပ်နိုင်ပါသည်။ )
Alcohol: ၈ အောင်စ
Orange oil: အစက် ၂၀
Lemon oil: အစက် ၃၀
Nutmeg oil: ၁၀ စက်
Coriander: ၅ စက်
Neroli: ၁၀ စက်
Cinnamon: ၁၀ စက်
ပင်လုံသစ္စာ
ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် ကျရောက် သော“ချစ်သူများနေ့”အတွက် အမေရိကန် သမ္မတ ကတော် မီရှဲလ်အိုဘားမားက စုံတွဲများအား မိမိ၏ ချစ်သူနှင့် ရယ်မောဖွယ်ရာ စကားများ ပြောဆိုပါဟု အကြံပေးလိုက်သည်။ မီရှဲလ်က ”ခပ်ပျော်ပျော် နေခြင်း”မှာ ၎င်းတို့ ဇနီးမောင်နှံနှစ်ဦး လုပ်လေ့ လုပ်ထ ရှိသောအရာ တစ်ခုဖြစ်ပြီး အတော် အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးရည်မှန်းချက် ကြီးမားလှတဲ့ ခင်ပွန်းသည် ”အိုဘားမား” ကြောင့် အီလီနွိုက် ပြည်နယ် အမတ်၊ နိုင်ငံတော်အမတ်၊ သမ္မတအထိ အဆင့်ဆင့်ကြိုးစားခဲ့ရာမှာ အိမ်ထောင်ရေး၊ အခက်အခဲ မျိုးစုံ ကြုံခဲ့ရပေမဲ့လည်း အိမ်ထောင်သက်တမ်း (၁၉)နှစ်တောင် ရောက်ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
”ကျွန်မအနေနဲ့ ရယ်စရာတွေကို အမြဲစဉ်းစားပါတယ်။ အိမ်မှာဆို ဘယ်သူကမှ ကိုယ့်ကိုယ်ကို သိတ် အလေးအနက် မထားကြပါဘူး။ ရယ်စရာပြောတာဟာ စုစည်းညီညွတ်မှုအတွက် အကောင်းဆုံး ပါ။ အထူးသဖြင့် လင်မယားနှစ်ဦးကြားမှာပေါ့။ အလုပ်တွေများပေမဲ့ နှစ်ယောက်ရှိတဲ့အချိန်မှာ ပျော်နိုင် အောင်၊ နှစ်ယောက်တည်း သီးသန့်ဖြစ်နိုင်အောင် အချိန်ယူပါတယ်။ တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်တာမျိုးကလည်း ကောင်းတာပေါ့။
နောက်ပြီး ”အိုဘားမား” ဖက်က အချစ်ရေးမှာ ကြင်ကြင်နာနာ၊ ယုယုယယရှိတာကလည်း အတော် အထောက်အကူ ပြုပါတယ်။ သိပ်အလုပ်များလို့ လင်မယားနှစ်ယောက်အတွက် အရေးကြီးတဲ့နေ့တွေ၊ မွေးနေ့တွေကို မေ့သွားမယ် ထင်ပေမဲ့ ဘယ်တော့မှ မမေ့သလို အိမ်ဖြူတော်လို နေရာမျိုးမှာတောင် ချစ်တဲ့ ကြင်နာတဲ့ အရိပ်အယောင်တွေကို ပြသပါတယ်။ ဒါကြောင့်လည်း အချစ်ရေးဟာ ခိုင်မြဲနေတာ ပေါ့။” ဟု မီရှဲလ် ကဆိုသည်။
ချစ်သူများနေ့အတွက် ခင်ပွန်းဖြစ်သူထံမှ လက်ဝတ်ရတနာ ပစ္စည်းများ လက်ခံရရှိသော်လည်း ချစ်သူများနေ့ကို ထွေထွေထူးထူး ကြီးကြီးကျယ်ကျယ် ဇာချဲ့လေ့ မရှိပါ ဟု မီရှဲလ်က အဆုံးသတ်သည်။
မီရှဲလ်သည် ပြီးခဲ့သော ဇန္နဝါရီလ ၁၇ ရက်နေ့က အသက် ၄၇နှစ် ပြည့်ခဲ့ပြီး ခင်ပွန်းဖြစ်သူ အိုဘားမားမှာ သြဂုတ်လ ၄ရက်နေ့တွင် အသက် ၅၀ပြည့်မည်ဖြစ်သည်။
ပင်လယ်ရေညှိပင်၏ သဘာဝဓါတ် တုန့်ပြန်မှု တစ်မျိုးကြောင့် ရောဂါဝင်ရောက်ခြင်းကို ကာကွယ် ပြီးသားဖြစ်နေရာ အဆိုပါပင်လယ်ရေညှိ၏ လုပ် ဆောင်မှုကို လေ့လာပြီး ငှက်ဖျားရောဂါ တိုက်ဖျက် ရေးဆေးသစ်တမျိုးကို တီထွင်နိုင်လိမ့်မည်ဟု အမေရိကန် သိပ္ဗံပညာရှင်တစ်ဦးက ဖေဖေါ်ဝါရီ ၂၁ရက်နေ့က ပြောကြားသည်။
ခြင်မှတဆင့်ကူးစက်သော ငှက်ဖျားရောဂါ ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူတစ်သန်းခန့် သေဆုံးလျှက်ရှိသည့်အပြင် ငှက်ဖျားပိုးသည် ထွက် သမျှဆေးများကို ယဉ်ပါးလျှက် ဆေးဒါဏ်ခံနိုင်သော အနေအထားသို့ ရောက်လာသဖြင့် နောက်ထပ်ဆေး အသစ်ထုတ်ရန် လိုအပ်နေသည်ဟု ဆိုသည်။
”တကမ္ဘာလုံးမှာ ငှက်ဖျားရောဂါကို ပျောက်အောင် ကုနိုင်တဲ့ဆေးဆိုလို့ နှစ်မျိုးလောက်ပဲ ကျန်တော့တယ်။ ဒါကြောင့် ပင်လယ်ရေညှိရဲ့ မော်လီကျူးတွေက နောက်ထပ်ဆေးသစ်ထုတ် ဘို့အတွက် နည်းလမ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ဟု ဂျော်ဂျီယာနည်းပညာ တက္ကသိုလ်မှ ပါမောက္ခ ”ဂျူလီယာကုဘာနက်” ကပြောသည်။
သုတေသနပညာရှင်များသည် ဖီဂျီကျွန်းစုထွက် ပင်လယ်ရေညှိအမျိုးအစား ၈၀၀ ခန့်ကို လေ့လာရာမှ ”ဘရိုမိုဖီကိုလိစ်” ဟု ခေါ်သော တန်ပြန်တွန်းလှန်သော ဓါတ်ပေါင်းကို တွေ့ရှိခဲ့သည်။
”ပင်လယ်ရေညှိမှာ လူသားတွေလို ရောဂါကို တန်ပြန်တွန်းလှန်နိုင်တဲ့ ခုခံအား မပါရှိဘူး။ ဒါပေမဲ့ သူတို့ကိုယ် သူတို့ ကာကွယ်ဘို့အတွက် သဘာဝဓါတ်ပေါင်းပစ္စည်းတစ်ခုကို ထုတ်လုပ်တယ်။ ဒီလို သဘာဝဓါတ်ပေါင်းပစ္စည်းထုတ်လုပ်မှု ဖြစ်စဉ်ကို ကြည့်ပြီး လူသားတွေကို ရောဂါအမြာက်အများကနေ ကာကွယ်နိုင်ဘို့ အသုံးချသွားဘို့ စီစဉ်တာ” ဟု ”ဂျူလီယာကုဘာနက်” က ဆိုသည်။
ယခုအခါ ငှက်ဖျားဆေးယဉ်ပါးခြင်းကို ရပ်တန့်ရန် အရေးပေါ်လိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ဆော်သြထားပြီး အချိန်မီ မလုပ်ဆောင်နိုင်ပါက အကြီးအကျယ်ပြဿနာ ပေါ်လာနိုင် ကြောင်းသတိပေးထားသည်။
ဆေးယဉ်ပါးခြင်းသည် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်၊ ဗီယက်နမ်တို့တွင် ပြန့်နှံ့လျှက် ရှိသည်ဟု ယူဆရသည်။
ဗြိတိသျှမင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန် တို့သည် ဧပြီလ (၂၉)ရက် နေ့ တွင် လက်ထပ်ပြီးနောက် ပျားရည်ဆမ်းခရီးအဖြစ် တချိန်က အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ဘူးသော ”ကနေဒါနိုင်ငံ” ကို ရွေးချယ်ထားပြီး ဇွန်လကုန်မှ ဇူလိုင်လလယ်အထိ လည်ပါတ်ကြမည်ဖြစ် သည်။ အသစ်ကျပ်ချွတ် ဇနီးမောင်နှံသည် ကနေဒါနေ့ ဖြစ်သော ဇူလိုင်လ (၁)ရက်နေ့ကို ကနေဒါအစိုးရ အဖွဲ့ဝင်များနှင့်အတူ ဆင်နွှဲကြမည် ဖြစ်ပြီး ၎င်းတို့၏ ခရီးစဉ်တွင် အာတိတ်ဒေသလည်း ပါဝင်မည်ဟု ဆိုသည်။
မင်းသားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန် တို့သည် ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ (၁၆)ရက်နေ့က စေ့စပ်ကြောင်းလမ်း ခဲ့သည်။ ကနေဒါနိုင်ငံ၏ ဝန်ကြီးချုပ်က ”စတက်ဖန် ဟားပါး” က ဝီလျှံနှင့် ကိတ်မစ်ဒယ်လ်တန် တို့ စေ့စပ် ကြောင်းလမ်းပြီးနောက် ဇနီးမောင်နှံအနေဖြင့် ကနေဒါသို့ အလည်လာရောက်ပါရန် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖိတ်ခေါ်ခဲ့သည်။
ပန်းသီး ကွန်ပြူတာမှ လက်ရှိထုတ်လုပ်နေသော အိုင်းဖုန်းမှာ ရောင်းဈေး ဒေါ်လာ ငါးရာခန့် ဖြစ်နေ ရာ ပန်းသီးကုမ္ဗဏီမှ အိုင်းဖုန်းထက် ပိုမိုဈေးနှုန်း ချိုသာပြီး အရွယ်အစားလည်း သေးငယ်သော အိုင်း ဖုန်းအသစ်ကို ထုတ်နိုင်ရန် ကြိုးစားလျှက် ရှိသည်။ အသစ်ထုတ်မည့် အိုင်းဖုန်းအသေးစားတွင် သုံးစွဲသူ အတွက် ဖျော်ဖြေရေးကဏ္ဍများ ဖြစ်သော ဓါတ်ပုံ၊ ဗွီဒီယို စသည်တို့ကို ထည့်သွင်းနိုင်ရန် နည်းပညာ အပျော့စားများ စီစဉ်ဖန်တီးလျှက် ရှိကြောင်း ဖေဖေါ်ဝါရီလလယ်ပိုင်းက ရေးသားသော The Wall Street Journal သတင်းတပုဒ်တွင် ပါရှိသည်။
အိုင်းဖုန်းအသေးသည် လက်ရှိထုတ်နေသော ”အိုင်းဖုန်းဖိုး”၏ ထက်ဝက်ခန့် အရွယ်အစားသာ ရှိမည်ဖြစ်ပြီး ဈေးနှုန်းမှာလည်း ”အိုင်းဖုန်းဖိုး”၏ ထက်ဝက်ခန့် ဖြစ်မည်ဟု သိရသည်။ ပန်းသီး ကုမ္ဗဏီ၏ အကြီးအကဲ ဖြစ်သူ စတိဗ်ဂျော့မှာ ပြင်းထန်သော ကင်ဆာရောဂါကြောင့် အသက် ဆက်ရှင်ရန် မျှော်လင့်ချက်မရှိ တော့သလောက် ဖြစ်နေပြီး ဆေးခွင့်ယူထားသော်လည်း အသစ် ထွက်ပေါ်လာမည့် ပန်းသီး၏ ထုတ်ကုန် ပစ္စည်းအတွက် အတွင်းကျကျ ပါဝင်လုပ်ဆောင်လျှက် ရှိသည်ဟု ဆိုသည်။ အိုင်းဖုန်းအသေးကို လာမည့် သြဂုတ်လမတိုင်မီ ရောင်းချနိုင်မည်ဟု မျှော်လင့်ထားသည်။
ပစ်တလင်းဂျာယာ။ ။ ပြည်ထဲရေးဝန်ကြီး ”ဒါတွတ် ဆရီဟစ်ရှ်မူဒင်ဟူစိန်” က တရုတ်နိုင်ငံသူ (၅၇၉၂) ဦးသည် ပြည်ဝင်ခွင့်အတွက် မလေးရှား အမျိုးသားများကို လက်ထပ်ပြီး လက်ထပ်စာချုပ်ကို အလွဲသုံးစားပြုလုပ်ကာ ပြည့်တန်ဆာအဖြစ် အသက်မွေးလျှက် ရှိကြောင်း၊ အခြား (၁၂၃) ဦးမှာလည်း လက်ထပ်စာချုပ်ကို အမှန်တကယ် လက်ထပ်ခြင်း မဟုတ်ဘဲ အခြားကိစ္စများတွင် အသုံးချရန် လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်ဟု မကြာသေးမီက ပြောကြားလိုက်သည်။
နိုင်ငံခြားသူများကို ၂နှစ်စာချုပ်ဖြင့် လက်ထပ်ရန်အတွက် ရင်းဂစ်ငွေ ၃၀၀၀ မှ ၂၀၀၀၀ အထိ ရရှိနေသော မလေးအမျိုးသား မြောက်များစွာ ရှိနေကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဌာန က သိရှိနေသည်မှာ ကြာခဲ့ပြီ ဖြစ်ရာ ပြီးခဲ့သော နှစ်မှ စတင်ကာ နိုင်ငံခြားသားများနှင့် လက်ထပ်သော စာချုပ်များကို အမှန်ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုခဲ့ကြသည်။
နိုင်ငံခြားသူများအနေဖြင့် လက်ထပ်ကြေးအတွက် ပေးငွေကို အရစ်ကျ ငွေချေစံနစ်ဖြင့် ပေးနိုင်ပြီး သတို့သမီး၊ သတို့သားများအတွက် လက်ထပ်မင်္ဂလာ ဓါတ်ပုံများကိုလည်း ယုတ္တိရှိစေရန် ပြင်ဆင်လုပ်ဆောင်ပေးသော ဝန်ဆောင်မှုများလည်း အဆင်သင့် ရှိနေသည်ဟု သိရသည်။
မလေးအမျိုးသားအနေဖြင့် နိုင်ငံခြားသူကို လက်ထပ်ရာတွင် ငွေကြေးရရှိသည့်အပြင် ဇနီးသည် ဖမ်းဆီးခံရပါက ရဲစခန်းတွင် လာရောက်ရွေးယူရမည်ဆိုလျှင် ငွေကြေးသီးသန့်ရရှိသေးသည်ဟု ဆိုသည်။ အယောင်ဆောင် လက်ထပ်ခြင်းမှာ ကြာမြင့်စွာ နေထိုင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ပြီး ကွာလာလမ်ပူ၊ ပီနန် နှင့် အိုင်ပိုတို့တွင် ထိုအမှုမျိုး အများဆုံး တွေ့ရသည်ဟု သိရသည်။
မည်သို့ဆိုစေ ဖမ်းဆီးမိထားသော နိုင်ငံခြားသူများကို တရားဝင် စာရွက်စာတမ်းများ ရှိသည့်တိုင်အောင် ဆက်လက်စစ်ဆေးနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးဌာနက ထိမ်းသိမ်းထားခွင့် ရှိသည်ဟု သိရပြီး ယခုနှစ်တွင် မလေးလူမျိုးနှင့် လက်ထပ်သူ တရုတ်နိုင်ငံသား ၆ဦးကို လူဝင်မှုကြီးကြပ်ရေးက ပြည်ဝင်ခွင့်ပေးရန် ငြင်းဆိုလိုက်ပြီး ယမန်နှစ်က ၂၃ ဦးကို ပြည်ဝင်ခွင့် ပိတ်ခဲ့သည်ဟု ဆိုသည်။
နိုင် ငံ တ ကာ တွင် ပ ညာ သင် ကြား လျက် ရှိ သော ကျောင်း သား ကျောင်း သူ များ အ နေ ဖြင့် အ လုပ် အ ကိုင် ကောင်း ရ ရှိ ရန် အ တွက် ပ ညာ သင် စဉ် ကြို တင် ပြင် ဆင် ထား သင့် ကြောင်း Synergy Education မှ တာ ဝန် ရှိ သူ တစ် ဦး က အ ကြံ ပြု ပြော ကြား သည်။
နိုင် ငံ ခြား မှာ အ လုပ် အ ကိုင် ကောင်း ကောင်း ရ ရှိ ဖို့ က ပ ညာ သင် ယူ စဉ် က တည်း က ကြို တင် ပြင် ဆင် ထား ဖို့ လို ပါ တယ်။ အ င်္ဂ လိပ် စာ လည်း ကောင်း ရ မယ်။ ကိုယ် တက် တဲ့ တ က္က သိုလ် က လည်း ခိုင် မာ တဲ့ အာ မ ခံ ချက် ရှိ တဲ့ တ က္က သိုလ် ဖြစ် ပြီး အ မှတ် ကောင်း ကောင်း နဲ့ ဘွဲ့ ရ ထား ဖို့ လို ပါ မယ်။ကျောင်း သား အ များ စု က ပ ညာ သင် စဉ် အ ချိန် ပိုင်း အ လုပ် ကို တွဲ လုပ် ချင် ကြ တယ်။ တ ကယ် ဖြစ် သင့် တာ က ကျောင်း နေ စဉ် မှာ ကိုယ် သင် ယူ တဲ့ ဘာ သာ ရပ် ကို ကျွမ်း ကျင် အောင်၊ တတ် မြောက် အောင် ကြိုး စား သင် ယူ သင့် ပါ တယ်။ အ မှတ် ကောင်း ကောင်း နဲ့ အောင် မြင် ပြီး ဘွဲ့ ရ ခဲ့ မယ် ဆို ရင် နိုင် ငံ တ ကာ မှာ က ကိုယ့် အ တွက် အ လုပ် အ ကိုင် ကောင်း တွေ အ ခွင့် အ လမ်း တွေ အ များ ကြီး ပါ ဟု Synergy Education မှ ဒေါ် နန်း မြ မာ လာ မောင် က ပြော သည်။
နိုင်ငံတကာတွင် အလုပ်အကိုင် ကောင်းရရှိရန်မှာ အင်္ဂလိပ်စကားပြောကောင်းမွန်ခြင်း၊ ခိုင်မာ သောတက္ကသိုလ်မှ အမှတ်ကောင်းကောင်း ဖြင့်ဘွဲ့ရရှိခဲ့ခြင်း၊ ပေါင်းသက်ဆက်ဆံ ရေးနှင့် အထွေ ထွေ ဗဟိုသုတ ရှိခြင်း၊ CV နှင့်CoverLetter ရေးသားခြင်း၊ အင်တာဗျူးဖြေဆိုရာတွင် ဆောင်ရန်ရှာင်ရန် တို့ ကို သိနားလည်ခြင်း အစရှိသည်တို့ကောင်းမွန် ပြည့်စုံရန်လိုအပ် ပေသည်။ ထို့ကြောင့် နိုင်ငံတကာတွင် အလုပ် အကိုင်ကောင်းရရှိ လိုသော ကျောင်းသားကျောင်းသူများအနေဖြင့် အထက်ပါအချက်များကို ကျောင်းနေစဉ်ကပင်ကြိုတင် လေ့လာပြင်ဆင်ထားသင့်ကြောင်းသိရသည်။
အချိန်ပိုင်းအလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ ကျောင်းစာနဲ့ အချိန်ပိုင်းအလုပ် မျှတအောင်မထိန်း တတ်ရင် အဓိကျတဲ့ ကျောင်းစာမှာထိခိုက်နိုင်ပါတယ်။ဒါကြောင့် စာသင်ရင် အချိန်ပိုင်း လုပ်တာမျိုး အား မပေးပါဘူး။ ပညာသင်ယူ စဉ်မှာ ကျောင်းစာနဲ့ အရည်အချင်း တိုးတက်မှုကိုပဲအာရုံစိုက်စေချင်ပါတယ်။ အလုပ်က ဘွဲ့ရပြီးရင် တစ်သက်လုံး လုပ်သွားရမှာပါ။ အဓိကနဲ့ သာမညတော့ ခွဲခြားသိစေချင်ပါတယ်ဟု ၄င်းက ထပ်မံရှင်း ပြခဲ့သည်။
နိုင်ငံတကာတွင် ပညာသင်ကြားလျက်ရှိသောကျောင်းသား အများစု မှာ ရင့်ကျက်မှုနည်းသော ကြောင့် ပညာသင် ယူနေစဉ် အချိန်ပိုင်းအလုပ် လုပ်ရာမှကျောင်းစာထက် အလုပ်ဖက်သို့ စိတ်ပို ရောက်သွား တတ်သောကြောင့် ကျောင်းတက်မမှန်မှုများ၊ အမှတ်ကျဆင်းမှု များဖြစ်ပွားကာ စာမေးပွဲ ကျခြင်း၊ ကျောင်းခေါ် ဆို ချိန်မပြည့် သဖြင့် ကျောင်းမှ နုတ်ပယ်ခံရခြင်း၊ ကျောင်းသားဗီဇာ ရုပ်သိမ်ခြင်း များ အထိ အကျိုးဆက်များ ဆိုးရွားသွား နိုင်ကြောင်းသိရသည်။ ထိုကဲ့သို့ အကျိုးဆက်ဆိုးများ မဖြစ်ပွား စေရန် ကျောင်းသားကျောင်းသူများကိုယ်တိုင်ဆင်ခြင်ကြိုးစားသင့်သကဲ့သို့ မိဘများမှလည်းမိမိတို့ သားသမီး များကို ထိန်း ကျောင်းသင့်ရန်လိုအပ်မည်ဖြစ်သည်။ ထို့ပြင် သားသမီးများ၏ အခြေအနေမှန်ကို သိရှိရန် ၄င်းတို့ တက်ရောက်လျက်၇ှိသော တက္ကသိုလ်ရှိ နိုင်ငံတကာကျောင်းသား ရေးရာဌာနနှင့် ဖြစ်စေ၊ သက်ဆိုင်ရာ ပညာရေးကုမ္ပဏီ နှင့်ဖြစ်စေ အမြဲမပြတ် ဆက်သွယ်မေးမြန်းသင့်ကြောင်း သိရသည်။
Source : ဟင်းလေးအိုး
အလုပ်ကိစ္စ၊ လှုမှုရေးကိစ္စတွေနဲ့ အိမ်ထောင်တာဝန်တွေကြားမှာ ဟန်ချက်ညီ အောင်ကြိုးစားရင်း တစ်ခါတစ်ရံမှာ အမျိုးသားတွေဟာ စိတ်ဓာတ်ကျဝေဒနာ ခံစားရတက်ပါတယ်။ စိတ်ဓာတ်ကျဝေဒနာကြောင့် ဘဝခရီးလမ်းကို ရှေ့ဆက် မလျှောက်လှမ်းချင် လောက်အောင် ခံစားရပြီဆိုရင် အရှုံးတွေနဲ့ ချည်း ဆက်လက်ကြုံတွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားတွေ စိတ်ဓာတ်တက်ကြွနိုင်စေမယ့် လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပင်လယ်စာ စားပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ
ပင်လယ်စာမှာ အိုမီဂါသရီး ဖက်တီးအက်စစ် အမျိုးအစား နှစ်မျိုးဖြစ်တဲ့ EPA နဲ့ DHA များစွာ ပါဝင်ပါတယ်။ တကယ်လို့ ငါးမစားဘူးဆိုရင် စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်သောကနဲ့ ဝမ်းနည်းပူ ဆွေးမှုတွေကို ပိုပြီး ခံစားရတက်ပါတယ်။
ဒါကိုလုပ်ပါ
ဆဲလ်မွန်ငါး ဒါမှမဟုတ် မက်ကရယ်ငါးစတဲ့ ရေအေးငါးတွေကို တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်စားပါ။ တကယ်လို့ ငါးမစားဖြစ်ဘူးဆိုရင် EPA နဲ့ DHA ပါဝင်တဲ့ အားဖြည့်ဆေး မှီဝဲပါ။ ရှစ် ပတ်ကနေ ၁၂ ပတ်ကြာမှ အာနိသင်ပြတတ်တဲ့အတွက် စိတ်ရှည်ရှည် ထားဖို့တော့ လိုအပ်ပါတယ်။
(၂) ရနံ့သင်းပျံ့အောင် ပြုလုပ်ပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ
အမျိုးသားတွေမှာ နှာခေါင်းကတစ်ဆင့်ရရှိတဲ့ သင်းပျံတဲ့ ရနံ့ကြောင့် စိတ်ခံစားမှု ကောင်းမွန်ခြင်းဟာ နှလုံးဆီကို ရောက်ရှိသွားပါတယ်။ သုတေသနတစ်ခုအရ လိမ္မော်ရနံ့ ဒါမှမဟုတ် လာဗာဒါရနံ့ရှိတဲ့ အခန်းထဲမှာ ထိုင်တဲ့ အမျိုးသားတွေဟာ စိတ်ပူပန်မှုနည်းပြီး စိတ်ခံစားချက် ကောင်းမွန်မှုရှိကြောင်း သိရပါတယ်။
ဒါကိုလုပ်ပါ
ကားမောင်းတဲ့အချိန်မှာ ကားထဲမှာ ရနံ့သင်းပျံ့စေတဲ့ ပန်း ဒါမှမဟုတ် Air Freshener ထားရှိပါ။
(၃) ရည်မှန်းချက်ကြီးကြီးထားပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ
ဘဝမှာ မျှော်မှန်းချက် ကြီးကြီးထားရှိတာက တော်ရုံစိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစေပါတယ်။ ဒါက ၂၀၀၆ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သုတေသနအရ သိရတာဖြစ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်ထားရှိတာဟာ အောင်မြင်မှုရဲ့ အစဦးခြေလှမ်းဖြစ်သလို သင့်ကိုယ်တိုင်နဲ့ သင့်ဘဝအတွက် အကောင်းမြင်ချစ်ခင်စိတ် ဖြစ်တည်စေပါတယ်။
ဒါကိုလုပ်ပါ
ဖြစ်နိုင်ခြေရှိတဲ့ ခိုင်မာတဲ့ ရည်မှန်းချက်တွေကို ထားရှိပြီး မဖြစ်မနေ ကြိုးစားမယ်ဆိုတဲ့ စိတ်ခွန်အားမွေးပါ။ ဥပမာအနေနဲ့ ပြောရရင် ကိုယ်အလေးချိန် ၁၀ ပေါင်ကျချင်ပါက တစ်ပတ်မှာ သုံးကြိမ် အားကစားခန်းမမှာ ကစားဖို့ လိုပါတယ်။ တကယ်လို့ မကစားဖြစ်ရင် ညစာမှာ ကစီဓာတ်ကို လုံးဝရှောင်လိုက်ပါ။ ချမှတ်ထားတဲ့ ပန်းတိုင်အတိုင်း ရောက်ရှိသွားပြီ ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဆုချီးမြှင့်ပါ။
(၄) နွားနို့သောက်ပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ
နွားနို့ထဲမှာ အများအပြားပါဝင်တဲ့ အမိုင်နိုအက်စစ် Tryptophan ဟာ စိတ်ခံစားချက် ကောင်းစေပါတယ်။ သင့်ခန္ဓာကိုယ်က Tryptophan ကို မထုတ်လုပ်နိုင်ပါဘူး။ နွားနို့လို အစားအသောက်ကသာ ရရှိနိုင်ပါတယ်။
ဒါကိုလုပ်ပါ
တစ်နေ့မှာ နို့တစ်ဖန်ခွက်သောက်ပါ။ နို့တစ်ဖန်ခွက်ကို ပရိုတင်းဓာတ်ပေါကြွယ်ဝတဲ့ အစားအစာနဲ့ တွဲစားပေးရင် စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဥအမျိုးမျိုး၊ ငှက်ပျောသီး၊ မြေပဲစတာတွေဟာ နွားနို့နဲ့ တွဲစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေကို နေ့စဉ် စားပေးရင် ဆီရိုတိုနင် ပမာဏမြင့်တက်ပြီး စိတ်ခံစားချက် ကောင်းစေပါလိမ့်မယ်။
(၅) ပြေးပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ
အပြေးလေ့ကျင့်တဲ့သူတွေဟာ အထိုင်များတဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် စိတ်ဖိစီးမှုကို ၇၀ ရာခိုင်နှုန်း လျော့ကျစေပြီး ဘဝမှာ ပိုမိုနေပျော်ကာ ကျေနပ်တက်ကြပါတယ်လို့ အမျိုးသား ၁၂,၀၀၀ ကိုလေ့လာမှုတစ်ခုအရ သိရပါတယ်။ ပုံမှန်အားကစား ပြုလုပ်တာဟာ Adrenal Gland ရဲ့ လုပ်ဆောင်မှု တိုးမြင့်စေပြီး စိတ်ခံစားချက် ကောင်းစေတဲ့ ဟော်မုန်းတွေကို အထွက်များစေ တာကြောင့်ပါ။
ဒါကိုလုပ်ပါ
တစ်နေ့မှာ နာရီဝက်လောက်ပြေးခြင်း၊ ခပ်မြန်မြန်လမ်းလျှောက်ခြင်း ဒါမှမဟုတ် နှလုံးသွေးကြော အားကောင်းစေမယ့် လေ့ကျင့်ခန်း တစ်မျိုးမျိုးကို တစ်ပတ်မှာ ငါးကြိမ်ပြုလုပ်ပေးပါ။
Source : ဟင်းလေးအိုး
Rod Stewart & Amy Bell - "I Don't Want To Talk About It" (Live) [HD]
Desperado - Emi Fujita
Emi Fujita - I Believe
Love - Olivia Ong
Paul Anka - Put Your Head On My Shoulder
Can't Take My Eyes off You - Frankie Valli and The 4 Seasons
Source : Youtube
အသက် ၄၀ အရွယ် အင်ဒိုနီးရှားအမျိုးသားအား တောက်တဲ့ငါးကောင် မှောင်ခိုရောင်းချရန်ကြိုးပမ်း နေချိန်တွင် သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ တောက်တဲ့ငါးကောင်ရဲ့ မှောင်ခိုပေါက်ဈေးဟာ ရင်းဂစ် ၈၅,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂၄၀ကျော်) တန်တယ်လို့ခန့်မှန်းရပါတယ်။
ဖေဖော်ဝါရီ (၂၀) ရက် တနင်္ဂနွေနေ့ ညနေ ၆နာရီခွဲတွင် အကောက်ခွန်နှင့် လူဝန်မှုကြီးကြပ်ရေးမှ စစ်ဆေးမှုပြုလုပ်နေသော Stulang Laut Ferry စစ်ဆေးရေးဂိတ်၌ ၎င်းအမျိုးသားအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ လူဝန်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်း (Maqis) လက်ထောက် ဥက္ကဌ Siti Nur Ahmad မှ "သူဟာ အင်ဒိုနီးရှား၊ ဘာတမ်ကျွန်းက ဒီတောက်တဲ့တွေကိုဝယ်ယူလာခဲ့ပြီး ရေသန့်ဘူးခွံ ငါးခုထဲမှဖွက်ပြီးသယ်လာတာ" ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။
(ဖမ်းဆီးရမိသော တောက်တဲ့ငါးကောင်အနက် တစ်ကောင်ရဲ့ပုံကို အထက်ပါစစ်ဆေးရေးဂိတ်၌ လက်ထောက်ဥက္ကဌ Sti Nur မှ ပြသနေစဉ်ဖြစ်ပါတယ်) |
၎င်းအင်ဒိုနီးရှားအမျိုးသားသယ်ဆောင်လာသော ခရီးဆောင်အိတ်အတွင်းမှ တောက်တဲ့များကို စစ်ဆေးရေးဂိတ်မှ X-ray ရောင်ခြည်အသုံးပြုစစ်ဆေးရေးကိရိယာဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်စစ်ဆေးမေးမြန်းခဲ့ရာ မလေးရှားနိုင်ငံတွင်းရောင်ချဖို့အတွက် ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ တောက်တဲ့တစ်ကောင်ဟာ ရင်းဂစ် ၃၅,၀၀၀ ဝန်းကျင် တန်ဖိုးရှိတယ်လို့ ခန့်မှန်းထားပြီး ဆေးပညာပိုင်းဆိုင်ရာ အသုံးချဖို့အတွက်လို့ ယူဆရပါတယ်။
"တောက်တဲ့များကို အရွယ်အစားအလိုက် တရားဝင်ခွင့်ပြုချက် စာရွက်စာတမ်းများနဲ့သယ်ဆောင်ရမှာဖြစ်ပါတယ်... ဒါဟာ ဒီနိုင်ငံအတွင်းကို တိရိစ္ဆာန်သယ်ဆောင်လာသူတိုင်း လိုက်နာရမယ့် စည်းမျဉ်းဥပဒေပါ" လို့ Sti Nur မှပြောကြားခဲ့ပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်မှာ တရားမဝင်တိရိစ္ဆာန်မှောင်ခိုလုပ် ဖို့ သယ်ဆောင်လာတာကို ပထမဦးဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်တယ်လို့ ထပ်မံပြောကြားသွားခဲ့ပါတယ်။
သိမ်းဆည်းရမိခဲ့သော တောက်တဲ့များကို တိရိစ္ဆာန်ရုံအတွင်း ထိန်းသိန်းစောင့်ရှောက်ပြသသွားနိုင်ဖို့အတွက် ပေးအပ်ရန် သဘောတူညီချက်ရယူပြီးနောက် ထိုအမျိုးသားအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက် ပါတယ်။
သိမ်းဆည်းရမိခဲ့သော တောက်တဲ့များကို တိရိစ္ဆာန်ရုံအတွင်း ထိန်းသိန်းစောင့်ရှောက်ပြသသွားနိုင်ဖို့အတွက် ပေးအပ်ရန် သဘောတူညီချက်ရယူပြီးနောက် ထိုအမျိုးသားအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်
Source : The Star